ကိုယ်တော်သည် မိမိ၏လူမျိုးတော်အတွက် ဦးချိုကိုချီးမြှောက်တော်မူ၏။ ၎င်းသည် မိမိ၏သန့်ရှင်းသူအားလုံးအတွက်၊ မိမိအနီးတွင်ရှိသည့်လူမျိုးတည်းဟူသော အစ္စရေးအမျိုးသားတို့အတွက် ချီးမွမ်းရာဖြစ်၏။ ဟာလေလုယ။
တရားဟော 26:19 - မြန်မာ့စံမီသမ္မာကျမ်း မိမိဖန်ဆင်းထားတော်မူသည့် လူမျိုးအပေါင်းတို့ထက် ချီးမွမ်းခြင်း၊ ကျော်စောခြင်း၊ အသရေရှိခြင်းတို့ဖြင့် သင့်ကိုချီးမြှင့်တော်မူမည်။ ကတိထားတော်မူခဲ့သည့်အတိုင်း သင်သည် သင်၏ဘုရားသခင်ထာဝရဘုရားအဖို့ သန့်ရှင်းသောလူမျိုးဖြစ်သည်ဟု ယနေ့ဝန်ခံတော်မူပြီ”ဟု ပြောကြားလေ၏။ Common Language Bible ကိုယ်တော်သည်မိမိဖန်ဆင်းတော်မူသော လူမျိုးအပေါင်းတို့ထက် သင်တို့အားပို၍ ကြီးမြတ်စေတော်မူလိမ့်မည်။ သင်တို့အား ဖြင့်ကိုယ်တော်၏ဘုန်းကျက်သရေထွန်း ပြောင်လာလိမ့်မည်။ ကတိတော်ရှိသည့် အတိုင်း သင်တို့သည်ကိုယ်တော်၏လူမျိုး တော်ဖြစ်လိမ့်မည်'' ဟုပြောဆိုလေ၏။ Judson Bible ဖန်ဆင်းတော်မူသော လူမျိုးတကာတို့ထက် သင်၏ဂုဏ်အသရေ ကျော်စောကိတ္တိကို လွန်ကဲစေတော်မူမည်ဟူ၍လည်းကောင်း ကတိတော်ရှိသည်အတိုင်း၊ သင်၏ဘုရားသခင် ထာဝရဘုရားအဖို့ သန့်ရှင်းသောလူမျိုးဖြစ်စေခြင်းငှာလည်းကောင်း ယနေ့ ဝန်ခံတော်မူပြီဟု ဣသရေလအမျိုးသားတို့အား ဟောပြောလေ၏။ |
ကိုယ်တော်သည် မိမိ၏လူမျိုးတော်အတွက် ဦးချိုကိုချီးမြှောက်တော်မူ၏။ ၎င်းသည် မိမိ၏သန့်ရှင်းသူအားလုံးအတွက်၊ မိမိအနီးတွင်ရှိသည့်လူမျိုးတည်းဟူသော အစ္စရေးအမျိုးသားတို့အတွက် ချီးမွမ်းရာဖြစ်၏။ ဟာလေလုယ။
ယခု သင်တို့သည် ငါ့စကားကိုသေချာစွာနားထောင်၍ ငါ၏ပဋိညာဉ်ကိုစောင့်ထိန်းလျှင် လူမျိုးတကာတို့တွင် သင်တို့သည် ငါပိုင်တော်မူရာဘဏ္ဍာတော်ဖြစ်ကြလိမ့်မည်။ အကယ်စင်စစ် ကမ္ဘာမြေတစ်ခွင်လုံးကို ငါပိုင်၏။
သင်တို့သည် ငါ့အဖို့ နိုင်ငံတော်၏ယဇ်ပုရောဟိတ်များ၊ သန့်ရှင်းသောလူမျိုးတော်ဖြစ်ကြမည်’ဟု ဆင့်ဆိုရမည်။ ဤသည်ကား အစ္စရေးအမျိုးသားတို့အား သင်ပြောဆိုရမည့်စကားများဖြစ်၏”ဟု မိန့်တော်မူ၏။
သူတို့ကို “ထာဝရဘုရားရွေးနုတ်တော်မူသည့် သန့်ရှင်းသောလူမျိုး”ဟု ခေါ်ကြလိမ့်မည်။ သင့်ကို “စွန့်ပစ်မခံရဘဲ ပြန်ရှာထားသောမြို့”ဟု ခေါ်ကြလိမ့်မည်။
တစ်ဖန် ထာဝရဘုရားက “လူသည် ခါး၌ခါးပတ်ကို စည်းထားသကဲ့သို့ အစ္စရေးအမျိုးအနွယ်နှင့် ယုဒအမျိုးအနွယ်အပေါင်းတို့ကို ငါ့လူမျိုးတော်၊ ငါ့နာမတော်၊ ငါ့ဘုန်းတော်၊ ငါ့ဂုဏ်တော်အဖြစ် ငါ့ခါး၌စည်းထားသော်လည်း သူတို့သည် ငါ့စကားကို နားမထောင်ကြ”ဟု မိန့်တော်မူ၏။
အစ္စရေးလူမျိုးသည် ထာဝရဘုရားအဖို့ သန့်ရှင်းသောလူမျိုး၊ ကိုယ်တော်၏အသီးအနှံတို့တွင် အသီးဦးဖြစ်၏။ သူ့ကို ဝါးမျိုသောသူအပေါင်းတို့အပေါ် အပြစ်သက်ရောက်မည်၊ ဘေးအန္တရာယ်ကျရောက်မည်’ဟူ၍ ထာဝရဘုရားမိန့်တော်မူသည်”ဟု မိန့်ဆို၏။
ဤမြို့သည် ငါ့အဖို့ ဝမ်းမြောက်စရာ၊ ချီးမွမ်းစရာ၊ ဂုဏ်ပြုစရာ ဖြစ်လိမ့်မည်။ ဤမြို့အတွက် ငါပြုပေးသောကောင်းကျိုးချမ်းသာတို့ကို ကမ္ဘာမြေပေါ်ရှိ လူမျိုးအပေါင်းတို့ကြားသိကြလိမ့်မည်။ ဤမြို့ကို ကောင်းကျိုးချမ်းသာအတိ၊ ငြိမ်သက်ခြင်းအတိရှိစေသည်ကို သူတို့ အံ့ဩတုန်လှုပ်ကြလိမ့်မည်’ဟု မိန့်တော်မူ၏။
သင့်အား နှိပ်စက်ခဲ့သောသူအပေါင်းတို့ကို ထိုနေ့ရက်တွင် ငါစီရင်မည်။ ခြေမသန်သူတို့ကို ငါကယ်တင်မည်။ နှင်ထုတ်ခံရသူတို့ကို ပြန်လည်စုစည်း၍ သူတို့အရှက်ရခဲ့သောပြည်အသီးသီးတို့၌ သူတို့ကို အချီးမွမ်းခံရသူများ၊ ကျော်ကြားသူများ ဖြစ်စေမည်။
ထိုအချိန်၌ သင်တို့ကို ငါဆောင်ခဲ့မည်။ ထိုအချိန်၌ သင်တို့ကို ငါစုစည်းမည်။ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသောသူတို့ကို သင်တို့ရှေ့သို့ ပြန်လာစေမည်။ ကမ္ဘာလောကသားတို့အလယ်တွင် သင်တို့ကို ငါချီးမြှောက်၍ ဂုဏ်သရေရှိစေမည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
အို ယုဒအမျိုးအနွယ်နှင့် အစ္စရေးအမျိုးအနွယ်တို့၊ သင်တို့သည် လူမျိုးခြားတို့အလယ်တွင် ကျိန်ဆဲစရာဖြစ်ခဲ့သော်လည်း သင်တို့ကို ငါကယ်တင်မည်။ ကောင်းချီးပေးမည်။ မကြောက်ကြနှင့်။ သင်တို့လက်ကို ခိုင်ခံ့စေလော့’ဟု မိန့်တော်မူ၏။
တစ်ဖန် မောရှေနှင့်အစ္စရေးသက်ကြီးဝါကြီးတို့သည် လူတို့အား “ယနေ့ သင်တို့အား ငါမှာကြားသည့် ပညတ်တော်ရှိသမျှကိုစောင့်ထိန်းလော့။
သင်သည် သင်၏ဘုရားသခင်ထာဝရဘုရား၏စကားတော်ကို သေချာစွာနားထောင်၍ ယနေ့သင့်အား ငါမှာကြားသော ကိုယ်တော်၏ပညတ်တော်ရှိသမျှတို့ကို လိုက်နာစောင့်ထိန်းလျှင် သင်၏ဘုရားသခင်ထာဝရဘုရားသည် ကမ္ဘာမြေကြီးပေါ်ရှိ လူမျိုးအပေါင်းတို့ထက် သင့်ကိုချီးမြှင့်တော်မူမည်။
ထာဝရဘုရားသည် သင့်ကို အမြီးမဖြစ်စေဘဲ ခေါင်းဖြစ်စေမည်။ သင်သည် အောက်၌မနေရဘဲ ထိပ်ဆုံး၌ နေရလိမ့်မည်။ ယနေ့ သင့်အားငါမိန့်မှာသော သင်၏ဘုရားသခင်ထာဝရဘုရား၏ပညတ်တော်များကို နားထောင်၍ လိုက်နာစောင့်ထိန်းလျှင်၊
သင်သည် သင်၏ဘုရားသခင်ထာဝရဘုရား၏ပညတ်တော်များကိုစောင့်ထိန်း၍ ကိုယ်တော်၏လမ်းတော်အတိုင်း လိုက်လျှောက်လျှင် သင့်အား ထာဝရဘုရားကျိန်ဆိုတော်မူခဲ့သည့်အတိုင်း သင့်ကို မိမိအဖို့ သန့်ရှင်းသောလူမျိုးအဖြစ် တည်စေတော်မူမည်။
အကြောင်းမူကား သင်သည် သင်၏ဘုရားသခင်ထာဝရဘုရားအတွက် သန့်ရှင်းသောလူမျိုးဖြစ်၏။ သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်ကို မြေကြီးပေါ်၌ရှိသော လူမျိုးအပေါင်းတို့ထဲမှ မိမိမြတ်နိုးတန်ဖိုးထားသောလူမျိုးအဖြစ် ရွေးချယ်တော်မူ၏။
သင်တို့ကိုယ်တိုင်သည်လည်း အသက်ရှင်သောကျောက်ကဲ့သို့ ဝိညာဉ်ရေးဆိုင်ရာအိမ်တော်အဖြစ် တည်ဆောက်ခြင်းကိုခံကြလော့။ ဤသည်ကား သင်တို့သည် သန့်ရှင်းသောယဇ်ပုရောဟိတ်မျိုးဖြစ်လျက် ဘုရားသခင်နှစ်သက်လက်ခံတော်မူသော ဝိညာဉ်ရေးဆိုင်ရာယဇ်များကို ယေရှုခရစ်တော်အားဖြင့် ပူဇော်နိုင်ရန် ဖြစ်၏။
သင်တို့မူကား ရွေးကောက်ခံရသောအမျိုးအနွယ်၊ တော်ဝင်ယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသောတိုင်းသူပြည်သား၊ ပိုင်ဆိုင်တော်မူသောလူမျိုးတော်ဖြစ်ကြ၏။ ဤသည်ကား သင်တို့ကို အမှောင်ထဲမှ မိမိ၏အံ့ဩဖွယ်အလင်းထဲသို့ ခေါ်ယူတော်မူသောအရှင်၏ကောင်းမြတ်တော်မူခြင်းများကို သင်တို့ဖော်ပြကြမည့်အကြောင်းတည်း။