တစ်ဖန် သူတို့သည် ဗာလပေဂုရဘုရားကို မှီဝဲဆည်းကပ်၍ လူသေတို့အားပူဇော်သောယဇ်ကို စားကြ၏။
တရားဟော 26:14 - မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်သည် သေသူအတွက်ဝမ်းနည်းကြေကွဲစဉ် ထိုအရာကို မစားပါ။ မစင်မကြယ်ဖြစ်နေစဉ် ထိုအရာကို မထိပါ။ သေသောသူအတွက် ထိုအရာကို မပူဇော်ပါ။ အကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရား၏စကားတော်ကို နားထောင်ပါပြီ။ အကျွန်ုပ်အား ကိုယ်တော်မိန့်မှာတော်မူသမျှအတိုင်း အကျွန်ုပ်ပြုပါပြီ။ Common Language Bible အကျွန်ုပ်သည်သေသူအတွက်ဝမ်းနည်းကြေ ကွဲနေစဉ် ထိုဆယ်ဖို့တစ်ဖို့ထဲမှယူ၍မစား ခဲ့ပါ။ ဘာသာရေးထုံးနည်းအရအကျွန်ုပ် မသန့်ရှင်းစဉ် ထိုဆယ်ဖို့တစ်ဖို့ကိုအိမ်အပြင် သို့မထုတ်ပါ။ ထိုဆယ်ဖို့တစ်ဖို့မှယူ၍သေ သူအားမပူဇော်ပါ။ အို ထာဝရဘုရား၊ ကိုယ်တော်၏အမိန့်တော်ကိုအကျွန်ုပ်နာခံ ပါ၏။ ဆယ်ဖို့တစ်ဖို့နှင့်ဆိုင်၍ကိုယ်တော် ပညတ်သမျှအတိုင်းဆောင်ရွက်ပြီးပါပြီ။- Judson Bible မသာအမှုကို ဆောင်စဉ်အခါ ထိုဥစ္စာကို အကျွန်ုပ်မစားပါ။ မစင်ကြယ်သော အသုံးအဆောင်ဖို့ အနည်းငယ်ကိုမျှ မယူပါ။ သေသောသူတို့အဖို့ အနည်းငယ်ကိုမျှ မပေးပါ။ အကျွန်ုပ်ဘုရားသခင် ထာဝရဘုရား၏စကားတော်ကို နားထောင်ပါပြီ။ ကိုယ်တော်မှာထားတော်မူသမျှအတိုင်း ပြုပါပြီ။ |
တစ်ဖန် သူတို့သည် ဗာလပေဂုရဘုရားကို မှီဝဲဆည်းကပ်၍ လူသေတို့အားပူဇော်သောယဇ်ကို စားကြ၏။
အကယ်စင်စစ် ကိုယ်တော်၏စီရင်ထုံးဖွဲ့ချက်ရှိသမျှတို့ကို ငါမျက်မှောက်ပြုပါ၏။ ကိုယ်တော်၏ပြဋ္ဌာန်းချက်တို့မှ ငါလွှဲရှောင်မသွားပါ။
အသုဘရှင်ကို နှစ်သိမ့်ဖို့ ငိုကြွေးမြည်တမ်းမည့်သူ၊ အစားအစာပေးမည့်သူ ရှိမည်မဟုတ်။ မိဘဆုံးသွားလျှင်ပင် နှစ်သိမ့်ခြင်းခွက်ကို ကမ်းပေးမည့်သူ ရှိမည်မဟုတ်။
တိတ်တိတ်လေးသာ ကြေကွဲလော့။ သေသွားသူအတွက် ငိုကြွေးမြည်တမ်းမနေနှင့်။ ခေါင်းပေါင်းပေါင်းထားလော့။ ဖိနပ်ကို စီးထားလော့။ နှုတ်ခမ်းကို ဖုံးမထားနှင့်။ အသုဘအစာကို မစားနှင့်”ဟု ငါ့အား မိန့်တော်မူ၏။
သူတို့သည် စပျစ်ဝိုင်ကို ထာဝရဘုရားထံ သွန်းလောင်းပူဇော်ရမည်မဟုတ်။ သူတို့၏ပူဇော်သက္ကာတို့ကိုလည်း ကိုယ်တော်လက်ခံတော်မူမည်မဟုတ်။ ထိုပူဇော်သက္ကာသည် သူတို့အဖို့ အသုဘအစာကဲ့သို့ ဖြစ်၏။ စားသောသူအားလုံး ညစ်ညူးခြင်းသို့ ရောက်လိမ့်မည်။ အကယ်စင်စစ် ထိုအစာသည် သူတို့စားဖို့သာ ဖြစ်၏။ ထာဝရဘုရားအိမ်တော်သို့ မယူဆောင်လာရ။
တစ်ဖန် ထာဝရဘုရားက မောရှေအား “အာရုန်၏သားယဇ်ပုရောဟိတ်တို့ကို ဆင့်ဆိုလော့။ ယဇ်ပုရောဟိတ်သည် ကိုယ့်လူမျိုးထဲမှသေလွန်သွားသူအတွက် ကိုယ့်ကိုယ်ကိုယ်မညစ်ညူးစေရ။
လူသေအလောင်းရှိရာသို့ မသွားရ။ မိမိ၏မိခင်၊ သို့မဟုတ် မိမိ၏ဖခင် ဖြစ်စေကာမူ ကိုယ့်ကိုယ်ကိုယ်မညစ်ညူးစေရ။
တစ်စုံတစ်ဦးသည် မိမိကိုယ်ပေါ်၌ အညစ်အကြေးရှိလျက်နှင့် ထာဝရဘုရားအား ပူဇော်သောမိတ်သဟာယယဇ်ကောင်၏အသားကိုစားလျှင် ထိုသူသည် မိမိလူမျိုးမှ ပယ်ဖျက်ခြင်းခံရမည်။
သင်တို့ပြုသောအပြစ်နောက်တစ်ခုမှာ ထာဝရဘုရားသည် သင်တို့ပေးလှူသောပူဇော်သက္ကာကို လက်မခံ၊ အရေးမစိုက်သောကြောင့် သင်တို့သည် ငိုကြွေးမြည်တမ်းလျက် ထာဝရဘုရား၏ယဇ်ပလ္လင်ကို မျက်ရည်ဖြင့် လွှမ်းမိုးစေကြ၏။
ထိုပရောဖက်ဖြစ်စေ၊ အိပ်မက်အနက်ဖတ်တတ်သူဖြစ်စေ အီဂျစ်ပြည်မှသင်တို့ကိုထုတ်ဆောင်တော်မူသော၊ ကျွန်ခံရာအိမ်မှသင်တို့ကိုရွေးနုတ်တော်မူသော သင်တို့၏ဘုရားသခင်ထာဝရဘုရားကို ဆန့်ကျင်ပုန်ကန်ပြောဆို၍ သင်တို့လိုက်လျှောက်ရန် သင်တို့၏ဘုရားသခင်ထာဝရဘုရားမိန့်မှာတော်မူသည့်လမ်းမှ သင်တို့ကိုလွဲသွားစေသောကြောင့် သူသည် အသတ်ခံရမည်။ ဤသို့ဖြင့် မကောင်းမှုကို သင်တို့ထဲမှဖယ်ရှားပစ်ရမည်။
သို့သော် သင်သည် သင်၏ဘုရားသခင်ထာဝရဘုရား၏စကားတော်ကို သေချာစွာနားထောင်၍ ယနေ့ သင့်အား ငါမှာကြားသော ဤပညတ်တော်ရှိသမျှကို လိုက်နာစောင့်ထိန်းမှသာ ထိုကောင်းချီးများကိုရရှိမည်။
သင်မှစ၍ သင့်သားသမီးများ၊ ကျွန်ယောက်ျားကျွန်မိန်းမများ၊ သင့်မြို့အတွင်းရှိ လေဝိအမျိုးနှင့် သင်၌ရှိသော တိုင်းတစ်ပါးသား၊ ဖတဆိုး၊ မုဆိုးမ တို့သည် နာမတော်ကိန်းဝပ်ရာအဖြစ် သင်၏ဘုရားသခင်ထာဝရဘုရားရွေးချယ်တော်မူသောနေရာတွင် သင်၏ဘုရားသခင်ထာဝရဘုရား၏ရှေ့တော်၌ ဝမ်းမြောက်ရမည်။
သင်သည် သင်၏ဘုရားသခင်ထာဝရဘုရား၏ရှေ့တော်၌ ‘အကျွန်ုပ်သည် သန့်ရှင်းသောအရာကို အိမ်မှထုတ်၍ အကျွန်ုပ်အား ကိုယ်တော်မိန့်မှာတော်မူခဲ့သည့် ကိုယ်တော်၏ပညတ်တော်ရှိသမျှအတိုင်း ထိုအရာကို လေဝိအမျိုး၊ တိုင်းတစ်ပါးသား၊ ဖတဆိုး၊ မုဆိုးမ တို့အား ပေးပါပြီ။ အကျွန်ုပ်သည် ကိုယ်တော်၏ပညတ်တော်များကို မချိုးဖောက်ပါ၊ မမေ့လျော့ပါ။
ကိုယ်တော်၏သန့်ရှင်းသောကိန်းဝပ်တော်မူရာအရပ်ဖြစ်သော ကောင်းကင်ဘုံမှ ငုံ့ကြည့်တော်မူပါ။ ကိုယ်တော်၏လူမျိုးတော်အစ္စရေးကိုလည်းကောင်း၊ အကျွန်ုပ်တို့၏ဘိုးဘေးတို့အား ကျိန်ဆိုတော်မူခဲ့သည့်အတိုင်း အကျွန်ုပ်တို့အား ပေးတော်မူသည့် နို့နှင့်ပျားရည်စီးသောပြည်ကိုလည်းကောင်း ကောင်းချီးပေးတော်မူပါ’ဟု လျှောက်ဆိုရမည်။