Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တ​ရား​ဟော 26:14 - Common Language Bible

14 အ​ကျွန်ုပ်​သည်​သေ​သူ​အ​တွက်​ဝမ်း​နည်း​ကြေ ကွဲ​နေ​စဉ် ထို​ဆယ်​ဖို့​တစ်​ဖို့​ထဲ​မှ​ယူ​၍​မ​စား ခဲ့​ပါ။ ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​အ​ကျွန်ုပ် မ​သန့်​ရှင်း​စဉ် ထို​ဆယ်​ဖို့​တစ်​ဖို့​ကို​အိမ်​အ​ပြင် သို့​မ​ထုတ်​ပါ။ ထို​ဆယ်​ဖို့​တစ်​ဖို့​မှ​ယူ​၍​သေ သူ​အား​မ​ပူ​ဇော်​ပါ။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​၏​အ​မိန့်​တော်​ကို​အ​ကျွန်ုပ်​နာ​ခံ ပါ​၏။ ဆယ်​ဖို့​တစ်​ဖို့​နှင့်​ဆိုင်​၍​ကိုယ်​တော် ပ​ညတ်​သ​မျှ​အ​တိုင်း​ဆောင်​ရွက်​ပြီး​ပါ​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

14 မ​သာ​အ​မှု​ကို ဆောင်​စဉ်​အ​ခါ ထို​ဥ​စ္စာ​ကို အ​ကျွန်ုပ်​မ​စား​ပါ။ မ​စင်​ကြယ်​သော အ​သုံး​အ​ဆောင်​ဖို့ အ​နည်း​ငယ်​ကို​မျှ မ​ယူ​ပါ။ သေ​သော​သူ​တို့​အ​ဖို့ အ​နည်း​ငယ်​ကို​မျှ မ​ပေး​ပါ။ အ​ကျွန်ုပ်​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော်​ကို နား​ထောင်​ပါ​ပြီ။ ကိုယ်​တော်​မှာ​ထား​တော်​မူ​သ​မျှ​အ​တိုင်း ပြု​ပါ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

14 အကျွန်ုပ်​သည် သေ​သူ​အတွက်​ဝမ်းနည်းကြေကွဲ​စဉ် ထို​အရာ​ကို မ​စား​ပါ​။ မစင်မကြယ်​ဖြစ်​နေစဉ် ထို​အရာ​ကို မ​ထိ​ပါ​။ သေ​သော​သူ​အတွက် ထို​အရာ​ကို မ​ပူဇော်​ပါ​။ အကျွန်ုပ်​၏​ဘုရားသခင်​ထာဝရဘုရား​၏​စကား​တော်​ကို နားထောင်​ပါ​ပြီ​။ အကျွန်ုပ်​အား ကိုယ်တော်​မိန့်မှာ​တော်မူ​သမျှ​အတိုင်း အကျွန်ုပ်​ပြု​ပါ​ပြီ​။

အခန်းကိုကြည့်ပါ။ ကော်ပီ




တ​ရား​ဟော 26:14
14 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​ဘု​ရား​သ​ခင်​၏​လူ​စု​တော်​သည် ဗာ​လ​ဘု​ရား​ကို​ပေ​ဂု​ရ​အ​ရပ်​တွင်​ရှိ​ခိုး ဝတ်​ပြု​၍ သက်​မဲ့​ဘု​ရား​များ​ကို​ပူ​ဇော်​သည့်​ယဇ်​ကောင်​သား​ကို စား​ကြ​၏။


ငါ​သည်​ကိုယ်​တော်​၏​ပ​ညတ်​တော်​ရှိ​သ​မျှ​ကို စောင့်​ထိန်း​ခဲ့​၏။ ကိုယ်​တော်​၏​အ​မိန့်​တော်​တို့​ကို​မ​ဖီ​ဆန်​ခဲ့​ပါ။


ချစ်​မြတ်​နိုး​သူ​တစ်​စုံ​တစ်​ယောက်​သေ​ဆုံး​သည့် အ​တွက်​နှစ်​သိမ့်​မှု​ရ​ရှိ​စေ​ရန်​အ​ဘယ်​သူ​မျှ မ​သာ​ရှင်​နှင့်​အ​တူ​စား​သောက်​ကြ​လိမ့်​မည် မ​ဟုတ်။ မိ​ဘ​သေ​ဆုံး​သူ​များ​ပင်​လျှင်​အ​ဘယ် သူ​မျှ​က​ရု​ဏာ​သက်​မှု​ကို​ပြ​သ​ကြ​လိမ့် မည်​မ​ဟုတ်။''


သင်​ရှိုက်​သည့်​အ​သံ​ကို​လူ​တို့​မ​ကြား​ပါ​စေ​နှင့်။ ဝမ်း​နည်း​ပူ​ဆွေး​သည့်​လက္ခ​ဏာ​ဖြင့်​ခေါင်း​ပေါင်း မ​ပေါင်း​ဘဲ၊ ဖိ​နပ်​မ​စီး​ဘဲ​မ​သွား​မ​လာ​နှင့်။ သင်​၏​မျက်​နှာ​ကို​မ​ဖုံး​မ​အုပ်​နှင့်။ ဝမ်း​နည်း ပူ​ဆွေး​သူ​တို့​စား​သည့်​အ​စား​အ​စာ​ကို လည်း​မ​စား​နှင့်'' ဟု​မိန့်​တော်​မူ​၏။


ထို​နိုင်​ငံ​များ​တွင်​သူ​တို့​သည်​ထာ​ဝ​ရ ဘု​ရား​အား​စ​ပျစ်​ရည်​ပူ​ဇော်​သကာ​ကို​လည်း ကောင်း၊ ယဇ်​ကောင်​ကို​လည်း​ကောင်း​ပူ​ဇော်​နိုင် လိမ့်​မည်​မ​ဟုတ်။ သူ​တို့​စား​သော​အ​စား​အ​စာ သည်​အ​သု​ဘ​အိမ်​မှ​ကျွေး​သော​အ​စား​အ​စာ ကဲ့​သို့​စား​သူ​တိုင်း​အား​ညစ်​ညမ်း​စေ​မည်။ သူ တို့​သည်​အ​ဆာ​ပြေ​ရန်​ထို​အ​စား​အ​စာ​ကို စား​ရ​မည်။ ထို​အ​စား​အ​စာ​ကို​ပူ​ဇော်​သ​ကာ အ​ဖြစ်​ဖြင့်​ထာ​ဝ​ရ​ဘု​ရား​၏​ဗိ​မာန်​တော် သို့​မ​ယူ​ဆောင်​သွား​ရ။-


ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​မှ​တစ်​ဆင့် အာ​ရုန်​မှ​ဆင်း​သက်​သော​ယဇ်​ပု​ရော​ဟိတ် တို့​အား​အောက်​ပါ​အ​တိုင်း​မိန့်​တော်​မူ​သည်။ ယဇ်​ပု​ရော​ဟိတ်​သည်​မိ​မိ​၏​အ​မိ​အ​ဖ၊ သား သ​မီး၊ ညီ​အစ်​ကို၊ မိ​မိ​နှင့်​အ​တူ​နေ​ထိုင် သော​အိမ်​ထောင်​မ​ကျ​သေး​သည့်​ညီ​အစ်​မ စ​သည်​တို့​မှ​လွဲ​၍​အ​ခြား​ဆွေ​မျိုး​သား ချင်း​တို့​၏​အ​သု​ဘ​ကိစ္စ​များ​၌​ပါ​ဝင် ဆောင်​ရွက်​ခြင်း​အား​ဖြင့်​ဘာ​သာ​ရေး ထုံး​နည်း​အ​ရ​မိ​မိ​ကိုယ်​ကို​မ​ညစ် ညမ်း​စေ​ရ။-


သူ​သည်​ငါ့​အ​တွက်​သီး​သန့်​ဆက်​ကပ်​ထား သူ​ဖြစ်​၍ ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​မိ​မိ ကိုယ်​ကို​မ​ညစ်​ညမ်း​စေ​ရ။ ငါ​၏​တဲ​တော်​မှ ထွက်​၍​မည်​သည့်​အ​သု​ဘ​အိမ်​သို့​မျှ​မ သွား​ရ။ မိ​ရင်း​ဘ​ရင်း​သေ​ဆုံး​သည့်​အိမ်​သို့ ပင်​မ​သွား​ရ။ ဤ​သို့​လျှင်​ငါ​၏​တဲ​တော်​မှ ထွက်​၍​အ​သု​ဘ​အိမ်​သို့​သွား​ခြင်း​အား ဖြင့်​ငါ​၏​တဲ​တော်​ကို​မ​ညစ်​ညမ်း​စေ​ရ။-


မ​သန့်​ရှင်း​သူ​က​ထို​အ​သား​ကို​စား​လျှင် ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး​တော်​မှ​ပယ် ထုတ်​ခြင်း​ခံ​ရ​မည်။-


သင်​တို့​ပြု​သော​အ​ခြား​အ​မှု​တစ်​ခု​ရှိ သေး​၏။ သင်​တို့​သည်​မိ​မိ​တို့​ယူ​ဆောင်​လာ သည့်​ပူ​ဇော်​သကာ​များ​ကို​ထာ​ဝ​ရ​ဘု​ရား လက်​ခံ​တော်​မ​မူ​သ​ဖြင့်​ငို​ကြွေး​မြည် တမ်း​လျက်​ကိုယ်​တော်​၏​ယဇ်​ပလ္လင်​တော်​ကို မျက်​ရည်​တွင်​နစ်​မြုပ်​စေ​ကြ​၏။-


သင်​တို့​အား​ကျွန်​ခံ​ရာ​အီ​ဂျစ်​ပြည်​မှ​ကယ် တင်​တော်​မူ​ခဲ့​သော ထာ​ဝ​ရ​ဘု​ရား​ကို​ပုန် ကန်​ရန်​တိုက်​တွန်း​သော​ပ​ရော​ဖက် သို့​မ​ဟုတ် အိပ်​မက်​ဖတ်​တတ်​သူ​ကို​သေ​ဒဏ်​စီ​ရင်​ရ​မည်။ ထို​သူ​သည်​သင်​တို့​အား ထာ​ဝ​ရ​ဘု​ရား​မိန့် မှာ​တော်​မူ​သော​အ​သက်​ရှင်​ရာ​လမ်း​မှ သွေ ဖည်​သွား​စေ​ရန်​သွေး​ဆောင်​သူ​ဖြစ်​သည်။ ယင်း​ဒု​စ​ရိုက်​ကို သင်​တို့​မှ​ဖယ်​ရှား​ပစ်​ရန် ထို​သူ​ကို​သေ​ဒဏ်​စီ​ရင်​ရ​မည်။''


သင်​တို့​၏​မြို့​များ​တွင်​နေ​ထိုင်​ကြ​သော​သင်​တို့ ၏​သား​သ​မီး​များ၊ ကျေး​ကျွန်​များ၊ လူ​မျိုး​ခြား များ၊ လေ​ဝိ​အ​မျိုး​သား​များ၊ မိ​ဘ​မဲ့​က​လေး များ၊ မု​ဆိုး​မ​များ​နှင့်​တ​ကွ​ထာ​ဝ​ရ​ဘု​ရား ၏​ရှေ့​တော်​၌​ပျော်​ပွဲ​ခံ​ကြ​လော့။ ထို​ပွဲ​တော် ကို​တစ်​ခု​တည်း​သော​ဝတ်​ပြု​ရာ​ဌာ​န​တော် တွင်​ကျင်း​ပ​ရ​မည်။-


`အ​ကျွန်ုပ်​သည်​ပေး​ကမ်း​ရန်​သီး​သန့်​ထား သော​ဆယ်​ဖို့​တစ်​ဖို့​ကို အိမ်​တွင်​ခြွင်း​ချန်​မ ထား​ပါ။ ကိုယ်​တော်​မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း လေ​ဝိ​အ​မျိုး​သား​များ၊ လူ​မျိုး​ခြား​များ၊ မိဘ​မဲ့​က​လေး​များ​နှင့်​မု​ဆိုး​မ​များ​အား ပေး​ကမ်း​ပါ​ပြီ။ ဆယ်​ဖို့​တစ်​ဖို့​နှင့်​ဆိုင်​၍ ကိုယ်​တော်​ပ​ညတ်​သ​မျှ​တို့​ကို​မ​ချိုး​ဖောက်၊ မ​မေ့​လျော့​ပါ။-


ကိုယ်​တော်​စိုး​စံ​တော်​မူ​ရာ​ကောင်း​ကင်​ဘုံ​မှ ကြည့်​ရှု​တော်​မူ​၍ ဘိုး​ဘေး​တို့​အား​က​တိ ထား​တော်​မူ​သည့်​အ​တိုင်း​ပေး​သ​နား​သော အ​စာ​ရေ​စာ​ပေါ​ကြွယ်​ဝ​သည့်​ပြည်​နှင့် တ​ကွ ကိုယ်​တော်​၏​လူ​မျိုး​တော်​ဖြစ်​သော ဣ​သ​ရေ​လ​လူ​မျိုး​တို့​အား​ကောင်း​ချီး ပေး​တော်​မူ​ပါ' ဟူ​၍​လျှောက်​ဆို​ရ​မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ