သူတို့သည် ငါ့ကို စက်ဆုပ်ရွံရှာသဖြင့် ဝေးဝေးရှောင်နေကြ၏။ ငါ့မျက်နှာကို တံတွေးထွေးဖို့ပင် ဝန်မလေးကြ။
တရားဟော 25:9 - မြန်မာ့စံမီသမ္မာကျမ်း သူ၏မရီးသည် သူ့ထံသို့ သွား၍ သက်ကြီးဝါကြီးတို့ရှေ့၌ သူ့ခြေမှ ဖိနပ်ကိုချွတ်ယူပြီး သူ၏မျက်နှာကို တံတွေးထွေးကာ ‘ကိုယ့်အစ်ကို၏အိမ်ကိုမတည်ဆောက်သောသူအား ဤသို့ပြုရသည်’ဟု ပြောရမည်။ Common Language Bible သူ့မရီးသည်မြို့အကြီးအကဲတို့ရှေ့တွင် ထို သူ၏ဖိနပ်တစ်ဖက်ကိုချွတ်၍သူ့မျက်နှာ ကိုတံတွေးထွေးလျက်`အစ်ကို၏မျိုးဆက်ကို မပွားစေလိုသူအား ဤသို့ပြုသင့်သည်' ဟု ဆိုရမည်။- Garrad Bible မ ရီး သည်၊ လူ ကြီး တို့ ရှေ့ ချဉ်း လာ၍၊ မတ်၏ ဖိ နပ် ကို ချွတ် ခြင်း၊ မျက် နှာ ကို တံ တွေး ထွေး ခြင်း ပြု လျက်၊ အစ် ကို၏ အိမ် ထောင် မ တည် လို သော သူ တိုင်း၌ ထို သို့ ပြု ကြ ပါ စေ သော ဟု ကျိန် ဆို သည့် အ လျောက်၊ Judson Bible သူ၏မရီးသည် အသက်ကြီးသူတို့ရှေ့မှာ သူ့အပါးသို့ချဉ်း၍ သူ၏ခြေနင်းကို ချွတ်လျက်၊ သူ၏မျက်နှာ၌ တံတွေးထွေးလျက်၊ မိမိအစ်ကိုအိမ်ကို မဆောက်လိုသောသူ၌ ဤသို့ပြုသင့်သည်ဟု သူ့အားပြန်ပြောရမည်။ |
သူတို့သည် ငါ့ကို စက်ဆုပ်ရွံရှာသဖြင့် ဝေးဝေးရှောင်နေကြ၏။ ငါ့မျက်နှာကို တံတွေးထွေးဖို့ပင် ဝန်မလေးကြ။
ထိုအချိန်တွင် ထာဝရဘုရားသည် အာမုတ်၏သား ဟေရှာယအား “သင့်ခါးမှလျှော်တေအဝတ်နှင့် သင့်ခြေမှဖိနပ်ကို သွား၍ချွတ်ပစ်လော့”ဟု မိန့်တော်မူရာ သူသည် ထိုအတိုင်းပြု၍ အဝတ်မပါ၊ ဖိနပ်မပါဘဲ သွားလာလေ၏။
ရိုက်နှက်သူတို့အား ငါ့ကျောကိုပေး၏။ မုတ်ဆိတ်ဆွဲနုတ်သူတို့အား ငါ့ပါးကိုပေး၏။ အသရေဖျက်ခံရခြင်း၊ တံတွေးထွေးခံရခြင်းမှ ငါ့မျက်နှာကို ငါမလွှဲ။
ထာဝရဘုရားက မောရှေအား “သူ့ဖခင်သည် သူ့မျက်နှာကို တံတွေးထွေးလျှင် သူသည် ခုနစ်ရက်ပတ်လုံး အရှက်ရမည်မဟုတ်လော။ သူ့ကို တပ်စခန်း၏အပြင်ဘက်၌ ခုနစ်ရက်ပတ်လုံး နေစေရမည်။ ထို့နောက်မှ သူ့ကိုပြန်ခေါ်လာရမည်”ဟု မိန့်တော်မူ၏။
ထို့နောက် သူတို့သည် ကိုယ်တော်၏မျက်နှာတော်ကို တံတွေးနှင့်ထွေးလျက် ကိုယ်တော်ကိုထိုးနှက်ကြ၏။ အချို့တို့သည်လည်း ကိုယ်တော်ကိုရိုက်ပုတ်လျက်
ထို့နောက် ကိုယ်တော်ကို တံတွေးနှင့်ထွေး၍ ကျူရိုးကိုယူပြီးလျှင် ကိုယ်တော်၏ဦးခေါင်းကိုရိုက်ကြ၏။
ယောဟန်က “ငါ့ထက်ကြီးမြတ်သောအရှင်သည် ငါ့နောက်တွင်ကြွလာမည်။ ထိုအရှင်၏ခြေနင်းတော်ကြိုးကို ငုံ့၍ဖြေပေးရန်ပင် ငါသည်မထိုက်တန်။
လူမျိုးခြားတို့သည် သူ့ကိုပြောင်လှောင်၍ တံတွေးနှင့်ထွေးပြီး ဒဏ်ခတ်ရိုက်နှက်ကာအသေသတ်ကြလိမ့်မည်။ သို့သော် သုံးရက်ကြာသောအခါ သူသည်ထမြောက်လိမ့်မည်”ဟု မိန့်တော်မူ၏။
ထိုအရှင်သည် ငါ့နောက်တွင်ကြွလာသောအရှင်ဖြစ်၏။ ထိုအရှင်၏ခြေနင်းတော်ကြိုးကိုဖြေပေးရန်ပင် ငါသည် မထိုက်တန်”ဟု ပြန်ပြော၏။
သူ၏အမည်ကိုလည်း အစ္စရေးလူမျိုးတို့တွင် ‘ဖိနပ်ချွတ်ခံရသောအမျိုး’ဟု ခေါ်တွင်စေရမည်။
မြို့၏သက်ကြီးဝါကြီးတို့သည် သူ့ကိုခေါ်ပြောရမည်။ သူက‘အကျွန်ုပ်သည် ဤမိန်းမကိုမယူလိုပါ’ဟု အခိုင်အမာဆိုလျှင်
ရွေးနုတ်ခွင့်ရှိသူကလည်း “ကျွန်ုပ်ပိုင်သောအမွေမြေအတွက် အန္တရာယ်ဖြစ်မည်ကို စိုးသောကြောင့် ကျွန်ုပ်မရွေးနုတ်တော့ပါ။ ကျွန်ုပ်မရွေးနုတ်နိုင်သောကြောင့် သင်သာ ရွေးနုတ်ပါ”ဟု ပြန်ပြော၏။
ထို့ကြောင့် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက ‘သင့်အမျိုးအနွယ်နှင့်သင့်ဘိုးဘေး၏အမျိုးအနွယ်သည် ငါ့ရှေ့၌ အစဉ်ဝင်ထွက်သွားလာရမည်’ဟူ၍ ငါအမှန်ဆိုခဲ့၏။ ယခုမှာ ထာဝရဘုရားက ‘ထိုမိန့်ဆိုချက်သည် ငါနှင့်ဝေးပါစေ။ ငါ့ကိုဂုဏ်ပြုချီးမြှောက်သောသူကို ငါဂုဏ်ပြုချီးမြှောက်မည်။ ငါ့ကိုမထီမဲ့မြင်ပြုသောသူတို့သည် မထီမဲ့မြင်ပြုခြင်းခံရမည်။