တရားဟော 22:14 - မြန်မာ့စံမီသမ္မာကျမ်း ‘ငါသည် ဤမိန်းမကိုယူ၍ သူ့ထံသို့ ဝင်သောအခါ သူ၌ အပျိုစင်ဖြစ်သည့်သက်သေကို ငါမတွေ့’ဟု ဆိုလျက် ထိုမိန်းမကို အသရေပျက်အောင်လုပ်ကြံပြောဆိုပြီး နာမည်ပျက်စေလျှင် Garrad Bible ငါ ယူ သော ဤ မိန်း မ ထံ ဝင် သော်၊ က ညာ စစ် လ က္ခ ဏာ ကို မ တွေ့ ဟူ သော ပ ရိ ယာယ် စ ကား ဖြင့် အ သ ရေ ဖျက် လျှင်၊ Judson Bible ငါသည် ဤမိန်းမနှင့် ထိမ်းမြားဆက်ဆံသောအခါ၊ ကညာမစစ်ကြောင်းကို သိရပြီဟု ထိုမိန်းမ၌ ကဲ့ရဲ့စရာအကြောင်းကိုပြု၍ သူ့အသရေကိုဖျက်လျှင်၊ |
မဟုတ်မမှန်သောသတင်းကိုမဖြန့်ရ။ ဆိုးယုတ်သောသူနှင့်ပေါင်း၍ မတရားသောသက်သေ မထွက်ဆိုရ။
သေခြင်းနှင့်အသက်ရှင်ခြင်းသည် လျှာ၏တန်ခိုးအောက်၌ရှိသည်ဖြစ်၍ လျှာကိုချစ်ခင်သောသူသည် ၎င်း၏အသီးကိုစားရလိမ့်မည်။
အတင်းအဖျင်းပြောဆိုသောသူ၏စကားတို့သည် စားကောင်းသောက်ဖွယ်များကဲ့သို့ဖြစ်၍ အတွင်းအကျဆုံးနေရာများသို့ဆင်းသွားတတ်၏။
မိန်းကလေး၏မိဘသည် မိန်းကလေး၏အပျိုစင်ဖြစ်သည့်သက်သေကိုယူပြီး မြို့တံခါးရှိ သက်ကြီးဝါကြီးများထံသို့ သွား၍
သူသည် အစ္စရေးအပျိုကညာကို နာမည်ပျက်စေပြီဖြစ်သောကြောင့် သူ့ကို ငွေရှယ်ကယ်တစ်ရာဒဏ်တပ်၍ ထိုငွေကို မိန်းကလေး၏ဖခင်အား ပေးရမည်။ ထိုမိန်းကလေးသည် သူ၏မယားဖြစ်ရမည်။ သူသည် ထိုမိန်းကလေးကို တစ်သက်လုံး မကွာရှင်းရ။
ထို့ကြောင့် ငယ်ရွယ်သောမုဆိုးမတို့သည် အိမ်ထောင်ပြုလျက် သားသမီးများမွေးဖွားကာ အိမ်မှုကိစ္စကိုစီမံကွပ်ကဲ၍ ရန်သူအား ကဲ့ရဲ့ပြစ်တင်ခြင်းအခွင့်ကိုမပေးရန် ငါအလိုရှိ၏။