အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




တ​ရား​ဟော 21:23 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

အလောင်း​ကို သစ်တိုင်​၌ တစ်ညလုံး​မ​ထား​ရ​။ ထို​နေ့​၌ပင် မဖြစ်မနေ​သင်္ဂြိုဟ်​ရ​မည်​။ အကြောင်းမူကား ချိတ်ဆွဲ​ထား​ခြင်း​ခံရ​သော​သူ​သည် ဘုရားသခင်​ကျိန်​တော်မူ​ခြင်း​ကို​ခံရ​သော​သူ​ဖြစ်​၏​။ သင်​၏​ဘုရားသခင်​ထာဝရဘုရား သင့်​အား အမွေ​အဖြစ်​ပေး​တော်မူ​သော​ပြည်​ကို မ​ညစ်ညူး​စေ​ရ​။

အခန်းကိုကြည့်ပါ။

Common Language Bible

ည​အိပ်​၍​မ​ထား​ရ။ အ​လောင်း​ကို​တိုင်​ပေါ် တွင်​ဆွဲ​ထား​ခြင်း​သည်​တိုင်း​ပြည်​အ​တွက် အမင်္ဂ​လာ​ဖြစ်​သော​ကြောင့် အ​လောင်း​ကို​နေ့ ချင်း​တွင်း​မြှုပ်​နှံ​ရ​မည်။ သင်​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ပေး​သ​နား​တော်​မူ​မည့်​ပြည် ကို မ​ညစ်​ညမ်း​စေ​ရန်​ထို​အ​လောင်း​ကို​မြှုပ်​နှံ လော့။''

အခန်းကိုကြည့်ပါ။

Garrad Bible

ကား တင် ခံ ရ သူ သည် ဘု ရား သ ခင့် ထံ အ မင်္ဂ လာ ရှိ သူ ဖြစ် သော ကြောင့်၊ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အ ပိုင် ပေး တော် မူ သော ပြည် ကို မ သန့် အောင် မ ပြု ကြ အံ့ သော ငှါ၊ အ လောင်း ကို ကား တိုင်၌ ညဉ့် မ သိပ် ဘဲ နေ့ ချင်း မြေ မြှုပ် ကြ လော့။

အခန်းကိုကြည့်ပါ။

Judson Bible

အ​သေ​ကောင်​ကို သစ်​တိုင်၌ တစ်​ည​လုံး​မ​ထား​ရ။ ထို​နေ့​ချင်း​တွင် မြေ၌​ဆက်​ဆက်​မြှုပ်​ရ​မည်။ သစ်​တိုင်၌ ဆွဲ​ထား​ခြင်း​ကို ခံ​ရ​သော​သူ​သည် ကျိန်​ခြင်း​ကို ခံ​ရ​သော​သူ​ဖြစ်၏။ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အ​မွေ​ခံ​စ​ရာ​ဖို့ ပေး​တော်​မူ​သော​ပြည်​သည် မ​ညစ်​ညူး​စေ​မည်​အ​ကြောင်း ထို​သို့​ပြု​ရ​မည်။

အခန်းကိုကြည့်ပါ။



တ​ရား​ဟော 21:23
18 ပူးပေါင်းရင်းမြစ်များ  

အလောင်း​တို့​ကို နေ့​အချိန်​တွင် မိုးကောင်းကင်​ငှက်​တို့ မ​ထိပါး​အောင်​၊ ညအချိန်​တွင် တောတိရစ္ဆာန်​တို့ လာ​မ​ဆွဲ​အောင် အာယ​၏​သမီး​ရိဇပ​က လျှော်တေအဝတ်​ကို​ယူ​၍ ကျောက်ဖျာ​တစ်​ခု​ပေါ်တွင်​ခင်းထိုင်​ပြီး သီးနှံ​ရိတ်သိမ်း​ချိန်​မှ​စ​၍ အလောင်း​ပေါ်သို့ ကောင်းကင်​မှ​မိုး​ရွာချ​သည့်​အချိန်​ထိ စောင့်ရှောက်​ပေး​ခဲ့​၏​။


ထို့ကြောင့် သူ့​သား​ခုနစ်​ယောက်​ကို အကျွန်ုပ်​တို့​လက်​သို့ အပ်​တော်မူ​ပါ​။ ထာဝရဘုရား ရွေးကောက်​ခံရ​သူ​ရှောလု​၏​ဇာတိ​မြို့​ဖြစ်​သော ဂိဗာ​မြို့​၌ သူ​တို့​ကို ထာဝရဘုရား​ရှေ့​တော်​တွင် ကြိုးဒဏ်​ပေး​ပါ​မည်​”​ဟု လျှောက်တင်​ကြ​လျှင် ရှင်ဘုရင်​က “​ငါ​အပ်ပေး​မည်​”​ဟု မိန့်ဆို​၏​။


တမန်​သည် ရောက်လာ​၍ ယေဟု​အား “​ဘုရင့်​သား​တော်​တို့​၏​ဦးခေါင်း​များ​ကို ယူဆောင်​လာ​ကြ​ပါ​ပြီ​”​ဟု ဆို​လျှင် ယေဟု​က “​နှစ်​ပုံ​ခွဲ​ပြီး နံနက်​တိုင်အောင် မြို့​တံခါးဝ​တွင် ပုံ​ထား​ပါ​”​ဟု အမိန့်ပေး​လိုက်​၏​။


အစ္စရေး​လူမျိုး​တို့​သည် ပြည်​ကို​သန့်ရှင်း​အောင် ခုနစ်​လ​ပတ်လုံး သူ​တို့​ကို သင်္ဂြိုဟ်​ရ​လိမ့်မည်​။


ထို့ကြောင့် သူ​တို့​၏​ပြည်​သည်​လည်း ညစ်ညူး​၏​။ သို့ဖြစ်၍ ပြည်​၏​ဒုစရိုက်​ကြောင့် ငါ​ဒဏ်ခတ်​သဖြင့် ပြည်​သည် ပြည်သူပြည်သား​တို့​ကို အန်ထုတ်​လေ​ပြီ​။


ထာဝရဘုရား​က မောရှေ​အား “​လူ​တို့​ထဲမှ အကြီးအမှူး​ရှိသမျှ​တို့​ကို ခေါ်ထုတ်​၍ ထာဝရဘုရား​၏​ရှေ့​၊ နေပူ​ထဲ၌ သူ​တို့​ကို​ဆွဲ​ထား​လော့​။ သို့ပြုလျှင် ထာဝရဘုရား​၏​ပြင်းထန်​သော​အမျက်​သည် အစ္စရေး​လူမျိုး​တို့​ထံမှ လွှဲသွား​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။


ထို​နေ့​သည် ပြင်ဆင်​ရာ​နေ့​ဖြစ်​ပြီး နောက်တစ်နေ့​သည် ကြီးမြတ်​သော​ဥပုသ်နေ့​ဖြစ်​သောကြောင့် ဂျူး​လူမျိုး​တို့​သည် ထို​ဥပုသ်နေ့​တွင် လက်ဝါးကပ်တိုင်​ပေါ်မှာ အလောင်း​များ​မ​ရှိ​စေ​လို​သဖြင့် လက်ဝါးကပ်တိုင်​ပေါ်၌ တင်​ထား​ခြင်း​ခံရ​သော​သူ​များ​၏​ခြေ​တို့​ကို​ချိုး​ပြီး အလောင်း​များ​ကို​ယူ​သွား​ခွင့်​ပေး​ရန် ပိလတ်​မင်း​ထံ တောင်းဆို​ကြ​၏။


အမှန်စင်စစ် သွေးသား​ဇာတိ​အားဖြင့် ငါ​၏​အမျိုးသား​ချင်း​များ​ဖြစ်​ကြ​သော ငါ့​ညီအစ်ကို​တို့​အတွက် ငါ​ကိုယ်တိုင် ခရစ်တော်​နှင့်​ကွဲကွာ​လျက် ကျိန်​ခြင်း​ကို​ပင် ခံ​လို​သော​ဆန္ဒ​ရှိ​၏။


မည်သူမဆို သခင်​ဘုရား​ကို​မ​ချစ်​လျှင် ကျိန်​ခြင်း​ကို​ခံ​ပါစေ။ သခင်​ဘုရား၊ ကြွလာ​တော်မူ​ပါ။


ဘုရားသခင်​သည် အပြစ်​ကင်းစင်​သော​အရှင်​ကို ငါ​တို့​အတွက် အပြစ်​ဖြစ်​သွား​စေ​တော်မူ​၏။ ဤသည်ကား ငါ​တို့​သည် ထို​အရှင်​အားဖြင့် ဘုရားသခင်​၏​ဖြောင့်မတ်​ခြင်း​ဖြစ်လာ​မည့်​အကြောင်း​တည်း။


ခရစ်တော်​သည် ငါ​တို့​အတွက် ကျိန်​ခြင်း​ခံရ​သူ​ဖြစ်​ပြီး ငါ​တို့​ကို ပညတ်​တရား​၏​ကျိန်​ခြင်း​မှ ရွေးနုတ်​တော်မူ​၏။ အဘယ်ကြောင့်​ဆိုသော် “သစ်​တိုင်​ပေါ်၌​ဆွဲ​ထား​ခြင်း​ခံရ​သူ​တိုင်း ကျိန်​ခြင်း​ကို​ခံရ​သူ​ဖြစ်​၏”​ဟု ရေး​ထား​၏။


သို့ဖြစ်၍ သင်​၏​ဘုရားသခင်​ထာဝရဘုရား သင့်​အား အမွေ​အဖြစ် အပိုင်​ပေး​တော်မူ​သော​ပြည်​၌ သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင်​တို့​ပတ်ပတ်လည်​ရှိ ရန်သူ​အပေါင်း​တို့​ဘေး​မှ ကင်းဝေး​စေ​တော်မူ​သောအခါ အာမလက်​လူမျိုး​တို့​နှင့်ဆိုင်သော​အမှတ်ရစရာ​အား မိုးကောင်းကင်​အောက်​မှ ပျောက်ပျက်​စေ​ရ​မည်​ကို မ​မေ့လျော့​နှင့်​။


ထာဝရဘုရား​သည် သင်​တို့​ကြောင့် ငါ့​ကို အမျက်ထွက်​၍ ဂျော်ဒန်​မြစ်​ကို ငါ​မ​ကူး​ရ​၊ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​က သင်​တို့​အား အမွေ​အဖြစ်​ပေး​တော်မူ​သည့် သာယာဝပြော​သော​ပြည်​သို့ ငါ​မ​ဝင်​ရ​ဟု ကျိန်ဆို​တော်မူ​ခဲ့​၏​။


စက်ဆုပ်ရွံရှာဖွယ်​သော​အရာ​ကို သင့်​အိမ်​ထဲသို့ မ​ယူလာ​ရ​။ ထို​အရာ​သည် ကျိန်​ခြင်း​ခံရ​သော​အရာ​ဖြစ်၍ ယူလာ​လျှင် သင်​သည် ထို​အရာ​ကဲ့သို့ ကျိန်​ခြင်း​ခံရ​လိမ့်မည်​။ ထို​အရာ​ကို လုံးလုံး​ရွံမုန်း​ရ​မည်​။


အစ္စရေး​အမျိုးသား​တို့​သည် ကျိန်​ခြင်း​ခံရ​သော​သူ​များ​ဖြစ်သွား​သောကြောင့် ရန်သူ​တို့​ကို မ​ရင်ဆိုင်​နိုင်​ကြ​။ သူ​တို့​သည် ရန်သူ​တို့​ရှေ့​မှ လှည့်ပြေး​ခဲ့​ရ​၏​။ ကျိန်​ခြင်း​ခံရ​သော​အရာ​ကို သင်​တို့​ထံမှ​မ​ဖယ်ရှား​လျှင် ငါ​သည် သင်​တို့​နှင့်အတူ နေ​တော့​မည်​မ​ဟုတ်​။


အာဣ​ဘုရင်​ကို နေဝင်​ချိန်​တိုင်အောင် သစ်ပင်​ပေါ်တွင် ချိတ်ဆွဲ​ထား​၏​။ နေဝင်​သောအခါ ယောရှု​အမိန့်​အတိုင်း လူ​တို့​သည် အလောင်း​ကို သစ်ပင်​မှ​ချ​၍ မြို့​တံခါး​ဝ​တွင်​ပစ်ထား​ပြီးလျှင် အလောင်း​ပေါ်တွင် ကျောက်​ပုံ​ကြီး​ပုံ​ထား​၏​။ ထို​ကျောက်ပုံ​သည် ယနေ့​တိုင်အောင် ရှိ​၏​။