တရားဟော 21:23 - Common Language Bible23 ညအိပ်၍မထားရ။ အလောင်းကိုတိုင်ပေါ် တွင်ဆွဲထားခြင်းသည်တိုင်းပြည်အတွက် အမင်္ဂလာဖြစ်သောကြောင့် အလောင်းကိုနေ့ ချင်းတွင်းမြှုပ်နှံရမည်။ သင်၏ဘုရားသခင် ထာဝရဘုရားပေးသနားတော်မူမည့်ပြည် ကို မညစ်ညမ်းစေရန်ထိုအလောင်းကိုမြှုပ်နှံ လော့။'' အခန်းကိုကြည့်ပါ။Garrad Bible23 ကား တင် ခံ ရ သူ သည် ဘု ရား သ ခင့် ထံ အ မင်္ဂ လာ ရှိ သူ ဖြစ် သော ကြောင့်၊ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အ ပိုင် ပေး တော် မူ သော ပြည် ကို မ သန့် အောင် မ ပြု ကြ အံ့ သော ငှါ၊ အ လောင်း ကို ကား တိုင်၌ ညဉ့် မ သိပ် ဘဲ နေ့ ချင်း မြေ မြှုပ် ကြ လော့။ အခန်းကိုကြည့်ပါ။Judson Bible23 အသေကောင်ကို သစ်တိုင်၌ တစ်ညလုံးမထားရ။ ထိုနေ့ချင်းတွင် မြေ၌ဆက်ဆက်မြှုပ်ရမည်။ သစ်တိုင်၌ ဆွဲထားခြင်းကို ခံရသောသူသည် ကျိန်ခြင်းကို ခံရသောသူဖြစ်၏။ သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်အမွေခံစရာဖို့ ပေးတော်မူသောပြည်သည် မညစ်ညူးစေမည်အကြောင်း ထိုသို့ပြုရမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း23 အလောင်းကို သစ်တိုင်၌ တစ်ညလုံးမထားရ။ ထိုနေ့၌ပင် မဖြစ်မနေသင်္ဂြိုဟ်ရမည်။ အကြောင်းမူကား ချိတ်ဆွဲထားခြင်းခံရသောသူသည် ဘုရားသခင်ကျိန်တော်မူခြင်းကိုခံရသောသူဖြစ်၏။ သင်၏ဘုရားသခင်ထာဝရဘုရား သင့်အား အမွေအဖြစ်ပေးတော်မူသောပြည်ကို မညစ်ညူးစေရ။ အခန်းကိုကြည့်ပါ။ |
ယုဒအာဏာပိုင်တို့သည်လက်ဝါးကပ်တိုင် တွင်တင်ထားသူများ၏ခြေတို့ကိုချိုး၍ အလောင်းများကိုယူဆောင်သွားခွင့်ပြုရန် ပိလတ်မင်းအားတောင်းလျှောက်ကြ၏။ သူတို့ ဤသို့တောင်းလျှောက်ကြရခြင်းမှာထိုနေ့ သည်အဖိတ်နေ့ဖြစ်၍ဥပုသ်နေ့၌ အလောင်း များကိုလက်ဝါးကပ်တိုင်တွင်မရှိစေလို သောကြောင့်လည်းကောင်း၊ ထိုဥပုသ်နေ့သည် လည်းနေ့ထူးနေ့မြတ်ဖြစ်သောကြောင့် လည်းကောင်းဖြစ်ပေသည်။-
အာဣမင်းကိုလည်းသစ်ပင်တွင်လည်ဆွဲချ၍ သတ်ပြီးလျှင် နေဝင်ချိန်တိုင်အောင်အလောင်း ကိုဆွဲထားလေ၏။ နေဝင်ချိန်၌အလောင်းကို ဖြုတ်ချ၍မြို့တံခါးဝတွင်ပစ်ထားရန် ယောရှုအမိန့်ပေး၏။ ထိုနောက်သူတို့သည် အလောင်းပေါ်တွင်ကျောက်တုံးများကိုပုံ ထားကြသဖြင့် ယနေ့တိုင်ထိုကျောက်ပုံ ကြီးကိုတွေ့မြင်နိုင်လေသည်။
ထိုကြောင့်ဣသရေလအမျိုးသားတို့သည် ရန်သူများကိုယှဉ်ပြိုင်၍မတိုက်နိုင်ကြ။ သူ တို့ကိုယ်တိုင်ဖျက်ဆီးခြင်းခံရမည့်သူများ ဖြစ်၍ ရန်သူများထံမှဆုတ်ခွာခဲ့ရကြ၏။ သင်တို့ကိုမယူရဟုငါပညတ်သော်လည်း သင်တို့ယူထားသောပစ္စည်းများကိုဖျက်ဆီး မပစ်လျှင် ငါသည်သင်တို့နှင့်အတူရှိတော် မူမည်မဟုတ်။-
သို့ဖြစ်၍သူ၏သားမြေးခုနစ်ယောက်ကို အကျွန်ုပ်တို့အားပေးအပ်တော်မူပါ။ အကျွန်ုပ် တို့သည်ထာဝရဘုရားရွေးချယ်ခန့်ထား တော်မူသည့်ဘုရင်ရှောလု၏ဌာနေ၊ ဂိဗာ မြို့တွင်သူတို့အားထာဝရဘုရား၏ရှေ့ တော်၌စက်တိုင်တင်ပါမည်'' ဟုလျှောက် ကြ၏။ မင်းကြီးက``ထိုသူတို့ကိုငါပေးအပ်မည်'' ဟုမိန့်တော်မူ၏။
ထိုအခါအဲအာ၏သမီး၊ ရှောလု၏မောင်းမ တော်ရိဇပသည် လျှော်တေဝတ်ကိုအလောင်း များထားရာကျောက်ပေါ်မှာမိုးပြီးလျှင် စပါးရိတ်သိမ်းစကာလမှစ၍ မိုးဦးကျ ချိန်တိုင်အောင်အလောင်းများကိုနေ့အချိန် ၌လေသတ္တဝါ၊ ညဥ့်အချိန်၌မြေသတ္တဝါ တို့မချဉ်းကပ်စေရန်စောင့်ရှောက်လျက်နေ လေ၏။