အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




တ​ရား​ဟော 21:16 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ဖခင်​သည် မိမိ​၌​ရှိ​သော​အရာ​ကို မိမိ​သား​တို့​အား အမွေခွဲ​ပေး​သော​နေ့​တွင် သားဦး​ဖြစ်​သူ​အချစ်မခံရ​သော​မယား​၏​သား​နေရာ​၌ အချစ်​ခံရ​သော​မယား​၏​သား​ကို သားဦးအရိုက်အရာ​ပေး​ခွင့်​မ​ရှိ​။

အခန်းကိုကြည့်ပါ။

Common Language Bible

ထို​သူ​သည်​မိ​မိ​၏​သား​တို့​အား​အ​မွေ​ခွဲ​ဝေ ပေး​သော​အ​ခါ သူ​ပို​၍​ချစ်​သော​မယား​၏​သား အား​သား​ဦး​ရ​ထိုက်​သော​ဝေ​စု​ကို​မ​ပေး​ရ။-

အခန်းကိုကြည့်ပါ။

Garrad Bible

သား တို့ အား အ မွေ ဝေ ပေး သည့် ကာ လ၊ သား ဦး ဖြစ် သူ၊ မေ တ္တာ မဲ့ သော မ ယား၏ သား အ စား၊ မေ တ္တာ ရှိ သော မ ယား၏ သား ငယ် အား၊ သြ ရ သ အ မွေ မ ပေး ဘဲ၊

အခန်းကိုကြည့်ပါ။

Judson Bible

ထို​သူ​သည် မိ​မိ​အ​မွေ​ဥ​စ္စာ​ကို ဝေ​သော​အ​ခါ၊ မုန်း​သော​မ​ယား၏​သား​ဦး​ကို နှိမ့်​ချ၍ ချစ်​သော​မ​ယား၏​သား​ကို သား​ဦး​အ​ရာ၌ မ​ချီး​မြှောက်​ရ။

အခန်းကိုကြည့်ပါ။



တ​ရား​ဟော 21:16
10 ပူးပေါင်းရင်းမြစ်များ  

ယာကုပ်​က​လည်း “​သင်​၏​သားဦးအရိုက်အရာ​ကို ငါ့​အား ယခု​ရောင်း​ပါ​လော့​”​ဟု ဆို​၏​။


မေရာရိ​၏​သားမြေး​များ​တွင် ဟောသ​၏​သား​ရှိမရိ​သည် သားဦး​မ​ဟုတ်​သော်လည်း သူ့​ဖခင်​သည် သူ့​ကို သားဦးအရာ​၌ ထား​၏​။


ယုဒ​သည် ညီအစ်ကို​တို့​တွင် ခွန်အားကြီး​သော​သူ​ဖြစ်​၍ သူ့​မျိုးနွယ်​ထဲမှ အုပ်ချုပ်သူမင်း​ပေါ်ထွန်း​သော်လည်း ယောသပ်​က​သာ သားဦးအရာ​ကို ရ​၏​။


သူ​တို့​၏​ခမည်းတော်​သည် သူ​တို့​အား ရွှေ​ငွေ​များ​၊ အဖိုးတန်​အသုံးအဆောင်​များ အများအပြား​နှင့် ယုဒ​ခံတပ်​မြို့​များ​ကို​ပါ ပေး​ထား​ပြီး သား​တော်​ယဟောရံ​ကို​မူ သားဦး​ဖြစ်​သောကြောင့် ထီးနန်း​ကို လွှဲအပ်​ပေး​၏​။


အကြောင်းမူကား ဘုရားသခင်​သည် သိ​ထား​နှင့်​တော်မူ​သော​သူ​တို့​ကို မိမိ​သား​တော်​၏​ပုံသဏ္ဌာန်​နှင့်​တူညီ​စေရန် ကြိုတင်​သတ်မှတ်​ထား​တော်မူ​၏။ ဤသည်ကား သား​တော်​သည် များစွာ​သော​ညီအစ်ကို​တို့​တွင် သားဦး​ဖြစ်​မည့်​အကြောင်း​တည်း။


တစ်စုံတစ်ယောက်​၌ မယား​နှစ်​ယောက်​ရှိ​ပြီး တစ်​ယောက်​ကို​ချစ်​၍ အခြား​တစ်​ယောက်​ကို​မုန်း​၏​။ အချစ်​ခံရ​သော​မယား​နှင့် အချစ်မခံရ​သော​မယား​တို့​သည် သူ့​အတွက် သား​များ​ကို မွေးဖွား​သောအခါ အမုန်း​ခံရ​သော​မယား​၏​သား​သည် သားဦး​ဖြစ်​လျှင်


အမုန်းခံရ​သော​မယား​၏​သား​သည် သားဦး​ဖြစ်​သည်​ဟု အသိအမှတ်​ပြု​၍ မိမိ​၌​ရှိ​သော​အရာ​အားလုံး​မှ ထို​သား​အား ဝေစု​နှစ်ဆ​ပေး​ရ​မည်​။ အကြောင်းမူကား သူ​သည် ဖခင်​၏​အဦးဆုံး​အားမာန်​ဖြစ်​၏​။ သားဦးအရိုက်အရာ​ကို သူ​ပိုင်​၏​။


နောက်ဆုံး​အနေဖြင့်​ဆိုရလျှင် ညီအစ်ကို​တို့၊ မှန်ကန်​သော​အရာ​ရှိ​သမျှ၊ ဂုဏ်သရေ​ရှိ​သော​အရာ​ရှိသမျှ၊ ဖြောင့်မတ်​သော​အရာ​ရှိသမျှ၊ ဖြူစင်​သန့်ရှင်း​သော​အရာ​ရှိသမျှ၊ နှစ်သက်​ဖွယ်​ကောင်း​သော​အရာ​ရှိသမျှ​နှင့် ဂုဏ်​သတင်း​ကောင်း​သော​အရာ​ရှိသမျှ​တို့​၌ ကောင်းမြတ်​သော​အရာ​တစ်စုံတစ်ခု​၊ သို့မဟုတ် ချီးမွမ်း​ထိုက်​သော​အရာ​တစ်စုံတစ်ခု​ရှိ​လျှင် ထို​အရာ​တို့​ကို နှလုံးသွင်း​ကြ​လော့။