တရားဟော 21:16 - Common Language Bible16 ထိုသူသည်မိမိ၏သားတို့အားအမွေခွဲဝေ ပေးသောအခါ သူပို၍ချစ်သောမယား၏သား အားသားဦးရထိုက်သောဝေစုကိုမပေးရ။- အခန်းကိုကြည့်ပါ။Garrad Bible16 သား တို့ အား အ မွေ ဝေ ပေး သည့် ကာ လ၊ သား ဦး ဖြစ် သူ၊ မေ တ္တာ မဲ့ သော မ ယား၏ သား အ စား၊ မေ တ္တာ ရှိ သော မ ယား၏ သား ငယ် အား၊ သြ ရ သ အ မွေ မ ပေး ဘဲ၊ အခန်းကိုကြည့်ပါ။Judson Bible16 ထိုသူသည် မိမိအမွေဥစ္စာကို ဝေသောအခါ၊ မုန်းသောမယား၏သားဦးကို နှိမ့်ချ၍ ချစ်သောမယား၏သားကို သားဦးအရာ၌ မချီးမြှောက်ရ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း16 ဖခင်သည် မိမိ၌ရှိသောအရာကို မိမိသားတို့အား အမွေခွဲပေးသောနေ့တွင် သားဦးဖြစ်သူအချစ်မခံရသောမယား၏သားနေရာ၌ အချစ်ခံရသောမယား၏သားကို သားဦးအရိုက်အရာပေးခွင့်မရှိ။ အခန်းကိုကြည့်ပါ။ |
မေရာရိ၏အိမ်ထောင်စု၌ ဟောသဆိုသူတစ် ဦးရှိ၏။ သူ့မှာရှိမရိ၊ ဟိလခိ၊ တေဗလိ၊ ဇာခရိဟူ၍သားလေးယောက်ရှိ၏။ (ထိုသူ တို့အနက်ရှိမရိသည်သားဦးမဟုတ်သော် လည်းသူ၏ဖခင်ကခန့်ထားသဖြင့်ခေါင်း ဆောင်ဖြစ်လေ၏။) ဟောသ၏အိမ်ထောင်စုမှ ဗိမာန်တော်တပ်သားစုစုပေါင်းတစ်ဆယ့် သုံးယောက်ရသတည်း။
ခမည်းတော်သည်သူတို့အား ရွှေ၊ ငွေ၊ အမြောက် အများနှင့်အခြားအဖိုးတန်ပစ္စည်းဥစ္စာများ ကိုပေး၍ ယုဒပြည်ခံတပ်မြို့တစ်မြို့စီကို အုပ်ချုပ်ရန်တာဝန်ပေးတော်မူ၏။ သို့သော် ယဟောရံသည်အကြီးဆုံးသားတော် ဖြစ်သဖြင့် သူ့အားယောရှဖတ်ကမိမိ၏ အရိုက်အရာကိုဆက်ခံစေတော်မူ၏။-