တရားဟော 21:16 - မြန်မာ့စံမီသမ္မာကျမ်း16 ဖခင်သည် မိမိ၌ရှိသောအရာကို မိမိသားတို့အား အမွေခွဲပေးသောနေ့တွင် သားဦးဖြစ်သူအချစ်မခံရသောမယား၏သားနေရာ၌ အချစ်ခံရသောမယား၏သားကို သားဦးအရိုက်အရာပေးခွင့်မရှိ။ အခန်းကိုကြည့်ပါ။Common Language Bible16 ထိုသူသည်မိမိ၏သားတို့အားအမွေခွဲဝေ ပေးသောအခါ သူပို၍ချစ်သောမယား၏သား အားသားဦးရထိုက်သောဝေစုကိုမပေးရ။- အခန်းကိုကြည့်ပါ။Garrad Bible16 သား တို့ အား အ မွေ ဝေ ပေး သည့် ကာ လ၊ သား ဦး ဖြစ် သူ၊ မေ တ္တာ မဲ့ သော မ ယား၏ သား အ စား၊ မေ တ္တာ ရှိ သော မ ယား၏ သား ငယ် အား၊ သြ ရ သ အ မွေ မ ပေး ဘဲ၊ အခန်းကိုကြည့်ပါ။Judson Bible16 ထိုသူသည် မိမိအမွေဥစ္စာကို ဝေသောအခါ၊ မုန်းသောမယား၏သားဦးကို နှိမ့်ချ၍ ချစ်သောမယား၏သားကို သားဦးအရာ၌ မချီးမြှောက်ရ။ အခန်းကိုကြည့်ပါ။ |
နောက်ဆုံးအနေဖြင့်ဆိုရလျှင် ညီအစ်ကိုတို့၊ မှန်ကန်သောအရာရှိသမျှ၊ ဂုဏ်သရေရှိသောအရာရှိသမျှ၊ ဖြောင့်မတ်သောအရာရှိသမျှ၊ ဖြူစင်သန့်ရှင်းသောအရာရှိသမျှ၊ နှစ်သက်ဖွယ်ကောင်းသောအရာရှိသမျှနှင့် ဂုဏ်သတင်းကောင်းသောအရာရှိသမျှတို့၌ ကောင်းမြတ်သောအရာတစ်စုံတစ်ခု၊ သို့မဟုတ် ချီးမွမ်းထိုက်သောအရာတစ်စုံတစ်ခုရှိလျှင် ထိုအရာတို့ကို နှလုံးသွင်းကြလော့။