အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




တ​ရား​ဟော 20:10 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

သင်​သည် မြို့​တစ်​မြို့​ကို တိုက်ခိုက်​ရန် ထို​မြို့​အနီး​သို့​ချဉ်းကပ်​သောအခါ ထို​မြို့​အား ဦးစွာ ငြိမ်းချမ်းရေး​ယူ​ရန် ဟစ်ကြော်​ရ​မည်​။

အခန်းကိုကြည့်ပါ။

Common Language Bible

``သင်​တို့​သည်​မြို့​တစ်​မြို့​ကို​စစ်​ချီ​တိုက်​ခိုက် သော​အ​ခါ ပ​ထ​မ​ဦး​စွာ​မြို့​သား​တို့​အား လက်​နက်​ချ​ခွင့်​ပေး​ရ​မည်။-

အခန်းကိုကြည့်ပါ။

Garrad Bible

သင် တို့ သည် မြို့ တစ် မြို့ ကို တိုက် ယူ ရန် ချဉ်း ဝင် ကြ မည့် ကာ လ၊ အ သက် ချမ်း သာ ခွင့် ကို ကြော် ငြာ ကြ ရ သည့် အ တိုင်း၊

အခန်းကိုကြည့်ပါ။

Judson Bible

သင်​သည် မြို့​တစ်​စုံ​တစ်​မြို့​ကို တိုက်​ခြင်း​ငှာ ချဉ်း​သော​အ​ခါ၊ စစ်​ငြိမ်း​မည်​အ​ကြောင်း​ကို ဟစ်​ကြော်​ရ​မည်။

အခန်းကိုကြည့်ပါ။



တ​ရား​ဟော 20:10
13 ပူးပေါင်းရင်းမြစ်များ  

နှုတ်ခမ်း​အသီး​ကို ငါ​ဖန်ဆင်း​၏​။ ဝေး​သော​သူ​၊ နီး​သော​သူ​တို့​၌ ငြိမ်သက်​ခြင်း ရှိ​စေ​သော​။ ငါ​သည် သူ့​ကို ကုသ​ပေး​မည်​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။


ဧဖရိမ်​ပြည်​၏​စစ်ရထား​၊ ဂျေရုဆလင်​မြို့​၏​မြင်း​တို့​ကို ငါ​ဖယ်ရှား​ပစ်​မည်​။ စစ်​လေးလက်နက်​တို့​သည်​လည်း ကျိုးပဲ့​ကုန်​လိမ့်မည်​။ ရှင်ဘုရင်​သည် လူမျိုးတကာ​တို့​ကို ငြိမ်းချမ်းရေး​သတင်းစကား​ပြောကြား​လိမ့်မည်​။ သူ​၏​အုပ်စိုးမှု​အာဏာစက်​သည် တစ်​ပင်လယ်​မှ တစ်​ပင်လယ်​တိုင်အောင်​လည်းကောင်း​၊ ယူဖရေးတီး​မြစ်​မှ မြေကြီး​စွန်း​တိုင်အောင်​လည်းကောင်း ရောက်​လိမ့်မည်​။


ဘုရားသခင်​သည် လူ​အပေါင်း​တို့​၏​အရှင်​သခင်​ဖြစ်​တော်မူ​သော ယေရှု​ခရစ်တော်​အားဖြင့် ငြိမ်သက်​ခြင်း​နှင့်ဆိုင်သည့် ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​၍ အစ္စရေး​အမျိုးသား​တို့​ထံသို့ ပေးပို့​တော်မူ​သော​နှုတ်ကပတ်​တရား​ကို သင်​တို့​သိ​ကြ​၏။


ဤ​အရာ​အားလုံး​တို့​သည် ဘုရားသခင်​ထံမှ​ဖြစ်​ကြ​၏။ ဘုရားသခင်​သည် ခရစ်တော်​အားဖြင့် ငါ​တို့​ကို မိမိ​နှင့်​ပြန်လည်​သင့်မြတ်​စေ​၍ ငါ​တို့​အား ပြန်လည်​သင့်မြတ်​ခြင်း​နှင့်ဆိုင်သော​အမှု​တော်​ကို ပေး​အပ်​တော်မူ​၏။


ထို့နောက် ကိုယ်တော်​သည် ကြွလာ​တော်မူ​၍ အဝေး​၌​ရှိ​သော​သင်​တို့​ကို​လည်းကောင်း၊ အနီး​၌​ရှိ​သော​သူ​တို့​ကို​လည်းကောင်း သင့်မြတ်​ငြိမ်းချမ်း​ခြင်း​နှင့်ဆိုင်သည့် ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​တော်မူ​၏။


ငါ​သည် ကေဒမုတ်​တောကန္တာရ​မှ ဟေရှဘုန်​ဘုရင်​ရှိဟုန်​မင်းကြီး​ထံသို့ စေတမန်​တို့​ကို စေလွှတ်​၍


ထို​မြို့​က ငြိမ်းချမ်းရေး​ကို​လက်ခံ​သည်​ဟု တုံ့ပြန်​လျှင် ထို​မြို့​၌​ရှိ​သော​လူ​အပေါင်း​တို့​သည် သင်​တို့​စေခိုင်း​သော​အလုပ်​ကို​ဆောင်ရွက်​ရ​သော သင်​တို့​၏​အခိုင်းအစေ​ဖြစ်​ရ​မည်​။


ကြီးကြပ်အုပ်ချုပ်သူ​တို့​သည် စစ်သည်​တို့​အား ပြောကြား​ပြီးနောက် စစ်သည်​တို့​အထက်​၌ တပ်ဖွဲ့​၏​အကြီးအကဲ​များ​ကို ခန့်ထား​ရ​မည်​။


ထို့နောက် ယေဖသ​သည် အမ္မုန်​ဘုရင်​ထံ တမန်​ကို စေလွှတ်​၍ “​သင်​နှင့်​ငါ့​အကြား​၌ အဘယ်​အကြောင်း​ရှိ​၍ သင်​သည် ငါ့​ပြည်​ကို လာ​တိုက်​ရ​သနည်း​”​ဟု မေး​လေ​သော်


ထို့နောက် လူ​အစုအဝေး​အပေါင်း​တို့​သည် ရိမ္မုန်​ကျောက်ဆောင်​တွင် နေ​သော​ဗင်္ယာမိန်​အမျိုးသား​တို့​ထံ စစ်ပြေငြိမ်း​ပြီ​ဖြစ်ကြောင်း အကြောင်းကြား​လိုက်​၏​။