၂ ကော 5:18 - မြန်မာ့စံမီသမ္မာကျမ်း18 ဤအရာအားလုံးတို့သည် ဘုရားသခင်ထံမှဖြစ်ကြ၏။ ဘုရားသခင်သည် ခရစ်တော်အားဖြင့် ငါတို့ကို မိမိနှင့်ပြန်လည်သင့်မြတ်စေ၍ ငါတို့အား ပြန်လည်သင့်မြတ်ခြင်းနှင့်ဆိုင်သောအမှုတော်ကို ပေးအပ်တော်မူ၏။ အခန်းကိုကြည့်ပါ။Common Language Bible18 ဤအမှုခပ်သိမ်းကိုဘုရားသခင်ပြုတော် မူ၏။ ဘုရားသခင်သည်ငါတို့အား မိမိ၏ ရန်သူများအဖြစ်မှမိတ်ဆွေများအဖြစ် သို့ခရစ်တော်အားဖြင့်ပြောင်းလဲစေတော်မူ ပြီးလျှင် အခြားသူတို့သည်လည်းမိမိ၏ မိတ်ဆွေများဖြစ်လာစေရန်ဆောင်ရွက်သည့် တာဝန်ကိုငါတို့အားပေးအပ်တော်မူ၏။- အခန်းကိုကြည့်ပါ။Garrad Bible18 အ ရာ ရာ ပြု ပြင် သော အ ရှင် ကား ခ ရစ် တော် အား ဖြင့် ငါ တို့ ကို မိတ် သ ဟာ ယ ဖွဲ့ စေ ပြီး လျှင် ထို မိတ် သ ဟာ ယ ဖွဲ့ ခြင်း ဆိုင် ရာ အ မှု ဆောင် ရွက် ခွင့် ကို ငါ တို့ အား သ နား တော် မူ သော ဘု ရား သ ခင် ပေ တည်း။ အခန်းကိုကြည့်ပါ။Judson Bible18 ထိုသို့ဖြစ်သော် ဘုရားသခင်၏ တန်ခိုးတော်အားဖြင့် ဖြစ်ကြ၏။ ဘုရားသခင်သည် ယေရှုခရစ်အားဖြင့် ငါတို့၏ရန်ကိုငြိမ်းစေ၍ ကိုယ်တော်နှင့် မိတ်သဟာယဖွဲ့စေတော်မူ၏။ ထိုမိတ်သဟာယတရားကို ဟောရသော အခွင့်အရာကို ငါတို့၌အပ်ပေးတော်မူ၏။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း18 ဤအရာအားလုံးသည် ဘုရားသခင်ပြုသောအမှုဖြစ်၏။ ဘုရားသခင်သည် ခရစ်တော်အားဖြင့် ကျွန်ုပ်တို့ကို မိမိနှင့် ပြန်လည်သင့်မြတ်စေတော်မူပြီးလျှင် အခြားသူတို့ကို မိမိနှင့် ပြန်လည်သင့်မြတ်စေရန်အတွက် ဆောင်ရွက်ရမည့်တာဝန်ကိုလည်း ကျွန်ုပ်တို့အား ပေးတော်မူ၏။ အခန်းကိုကြည့်ပါ။ |
ငါတို့အတွက်မူကား ခမည်းတော်တည်းဟူသော ဘုရားသခင်တစ်ပါးတည်းသာရှိ၍ အရာခပ်သိမ်းတို့သည် ကိုယ်တော်ထံမှဖြစ်လာပြီး ငါတို့သည် ကိုယ်တော်၌တည်ကြ၏။ ထို့ပြင် ငါတို့အတွက် ယေရှုခရစ်တော်တည်းဟူသော သခင်တစ်ပါးတည်းသာရှိ၍ အရာခပ်သိမ်းတို့သည် ထိုသခင်အားဖြင့်ဖြစ်လာပြီး ငါတို့သည် ထိုသခင်၌တည်ကြ၏။
ကောင်းမြတ်သောသတင်းယူဆောင်လာသောသူတည်းဟူသော ငြိမ်းချမ်းခြင်းအကြောင်းပြောကြားသောသူ၊ ကောင်းမြတ်သောသတင်းယူဆောင်လာသောသူတည်းဟူသော ကယ်တင်ခြင်းအကြောင်းပြောကြားသောသူ၊ “သင်၏ဘုရားသခင်သည် စိုးစံတော်မူ၏”ဟု ဇိအုန်မြို့အားပြောသောသူ၏ခြေသည် တောင်ပေါ်တွင် အလွန်တင့်တယ်စွပါတကား။
အပြစ်ကျူးလွန်ခြင်းကို ရပ်တန့်ဖို့၊ အပြစ်ကို အဆုံးသတ်ဖို့၊ ဒုစရိုက်အပြစ်ကို ဖြေလွှတ်ဖို့၊ ထာဝရဖြောင့်မတ်ခြင်းကို ယူဆောင်လာဖို့၊ ဗျာဒိတ်နိမိတ်နှင့် ပရောဖက်ပြုဟောပြောခြင်းတို့ကိုတံဆိပ်ခတ်ဖို့၊ အသန့်ရှင်းဆုံးဌာနကို ဘိသိက်သွန်းဖို့ သင့်လူမျိုးတော်နှင့် သန့်ရှင်းသောမြို့တော်အတွက် ရက်သတ္တပတ်ခုနစ်ဆယ်ကို စီရင်သတ်မှတ်တော်မူပြီ။