ထာဝရဘုရားက “သင်၏ဝမ်းထဲ၌ လူမျိုးနှစ်မျိုးရှိ၏။ သင့်အထဲမှ လူမျိုးနှစ်မျိုးခွဲထွက်လာလိမ့်မည်။ လူမျိုးတစ်မျိုးသည် အခြားတစ်မျိုးထက်အင်အားကြီးမားလိမ့်မည်။ အကြီးသည် အငယ်ကိုအစေခံရလိမ့်မည်”ဟု သူ့အား မိန့်တော်မူ၏။
တရားဟော 2:8 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ငါတို့သည် ငါတို့၏ညီအစ်ကိုများဖြစ်သည့် ဧသော၏သားမြေးတို့နေထိုင်သော စိရပြည်ကို အရာဗလမ်းအတိုင်း ဧလတ်အရပ်၊ ဧဇယုန်ဂါဗာအရပ်မှ ဖြတ်ကျော်သွားပြီးနောက် မောဘတောကန္တာရလမ်းအတိုင်း လှည့်၍ခရီးပြုကြ၏။ Common Language Bible ``သို့ဖြစ်၍ငါတို့သည်ဧလပ်မြို့နှင့်ဧဇ ယုန်ဂါဗာမြို့များမှပင်လယ်သေသို့သွား ရာလမ်းမှခွဲထွက်၍ အရှေ့မြောက်ရှိမောဘ ပြည်သို့သွားသောတောကန္တာရလမ်းသို့ခရီး ဆက်ကြသည်။- Garrad Bible ငါ တို့ သည် ဆွေ မျိုး သား ချင်း ဖြစ် သူ၊ ဧ သော့ အ မျိုး သား တို့ နေ ရာ စိ ရ တောင် မှလည်း ကောင်း၊ ဧ လတ် မြို့၊ ဧ ဇ ယုန် ဂါ ဗာ မြို့ များ နှင့် အ ရာ ဗာ ချိုင့် လမ်း မှလည်း ကောင်း ထွက် ခွာ ကြ ၏။ Judson Bible စိရပြည်မှာနေသော ငါတို့ညီအစ်ကို ဧသောအမျိုးသားတို့အနား၌ လျှောက်လျက် ဧလပ်မြို့၊ ဧဇယုန်ဂါဗာမြို့မှသွားသော လွင်ပြင်လမ်းသို့လိုက်ပြီးလျှင်၊ တစ်ဖန်လှည့်၍ မောဘတောလမ်းဖြင့် သွားကြ၏။ |
ထာဝရဘုရားက “သင်၏ဝမ်းထဲ၌ လူမျိုးနှစ်မျိုးရှိ၏။ သင့်အထဲမှ လူမျိုးနှစ်မျိုးခွဲထွက်လာလိမ့်မည်။ လူမျိုးတစ်မျိုးသည် အခြားတစ်မျိုးထက်အင်အားကြီးမားလိမ့်မည်။ အကြီးသည် အငယ်ကိုအစေခံရလိမ့်မည်”ဟု သူ့အား မိန့်တော်မူ၏။
ထို့ပြင် ရှောလမုန်မင်းကြီးသည် ဧဒုံပြည်၊ ပင်လယ်နီကမ်းခြေရှိ ဧလတ်မြို့အနီး ဧဇယုန်ဂါဗာမြို့တွင် သင်္ဘောကိုတည်ဆောက်၏။
ခမည်းတော်သည် ဘိုးဘေးတို့နှင့်အတူ အိပ်ပျော်ပြီးနောက် အာဇရိမင်းကြီးသည် ဧလတ်မြို့ကို ပြန်လည်တည်ဆောက်ပြီး ယုဒပြည်အပိုင်ဖြစ်စေ၏။
ထိုစဉ်က ဆီးရီးယားဘုရင်ရေဇိန်မင်းကြီးသည် ဆီးရီးယားပြည်အတွက် ဧလတ်မြို့ကို ပြန်လည်သိမ်းပိုက်ပြီး ဧလတ်မြို့တွင်နေထိုင်သောယုဒလူမျိုးတို့ကို နှင်ထုတ်၏။ ထို့နောက် ဧဒုံလူမျိုးတို့သည် ထိုမြို့တွင်ဝင်ရောက်နေထိုင်ကြသည်မှာ ယနေ့ထိတိုင် ဖြစ်၏။
ထို့နောက် သူတို့သည် ဧဒုံပြည်ကိုရှောင်ကွင်းသွားရန် ဟောရတောင်မှ ထွက်ခွာ၍ ပင်လယ်နီလမ်းအတိုင်း ခရီးပြုကြရာ လူတို့သည် လမ်းခရီး၌ စိတ်ပျက်အားလျော့ကြ၏။
ဂျော်ဒန်မြစ်တစ်ဖက်၊ တောကန္တာရရှိပါရန်အရပ်နှင့် တောဖလ၊ လာဗန်၊ ဟာဇရုတ်၊ ဒိဇဟတ်အရပ်တို့အကြား သုဖနှင့်မျက်နှာချင်းဆိုင်အရာဗလွင်ပြင်၌ အစ္စရေးအမျိုးသားအပေါင်းတို့အား မောရှေဆင့်ဆိုသောစကားများကား ဤသို့ဖြစ်၏။
ထိုမှ ဧဒုံပြည်၊ မောဘပြည်ကိုရှောင်ကွင်း၍ တောကန္တာရကိုဖြတ်ကာ မောဘပြည်အရှေ့ဘက်သို့ရောက်သောအခါ အာနုန်ချောင်းတစ်ဖက်၌ စခန်းချကြ၏။ အာနုန်ချောင်းသည် မောဘပြည်၏နယ်နိမိတ်ဖြစ်သောကြောင့် သူတို့သည် မောဘနယ်နိမိတ်ထဲကို မဝင်ခဲ့ကြ။