တရားဟော 2:5 - မြန်မာ့စံမီသမ္မာကျမ်း သူတို့ကိုရန်မစနှင့်။ စိရတောင်ကို ဧသောအား ငါအပိုင်ပေးထားပြီဖြစ်၍ သူတို့၏ပြည်ကို ခြေတစ်ဖဝါးစာမျှ သင်တို့အားငါမပေး။ Common Language Bible သူတို့ကိုမတိုက်ခိုက်နှင့်။ ငါသည်ဧဒုံပြည် ကိုဧသော၏အဆက်အနွယ်တို့အားအပိုင် ပေးထားပြီ။- Garrad Bible စိ ရ တောင် ကို ဧ သော အား ငါ အ ပိုင် ပေး ပြီး ဖြစ်၍၊ ထို ပြည် နယ် အ တွင်း ဖ ဝါး ချ ရာ ကို မျှ၊ သင် တို့ အား ပေး မည် မ ဟုတ်။ Judson Bible သူတို့ကိုအလျှင်းမပြုကြနှင့်။ သူတို့ပြည်ကို သင်တို့အားငါမပေး။ ခြေနင်းရာခန့်ကိုမျှ မပေး။ စိရတောင်ကို ဧသောအား ငါအပိုင်ပေးပြီ။ |
စိရပြည်တောင်ပေါ်ဒေသ၌နေထိုင်သောဧဒုံလူမျိုး၏ဘိုးဘေးဖြစ်သည့် ဧသော၏ဆွေစဉ်မျိုးဆက်မှာ ဤသို့ဖြစ်၏။
‘ကြီးမားသောတန်ခိုးနှင့် လက်ရုံးတော်ကိုဆန့်လျက် ကမ္ဘာမြေကြီးနှင့် မြေမျက်နှာပြင်ပေါ်ရှိ လူနှင့်တိရစ္ဆာန်တို့ကို ဖန်ဆင်းခဲ့သူမှာ ငါပင်ဖြစ်၍ ငါပေးလိုသောသူအား ငါပေးပြီ။
“အချင်းလူသား၊ စိရတောင်သို့မျက်နှာမူပြီး ထိုတောင်ကိုဆန့်ကျင်၍ ပရောဖက်ပြုဟောပြောလော့။
အရှင်မင်းကြီးသည် လူ့အသိုင်းအဝိုင်းမှ နှင်ထုတ်ခံရပြီး တောတိရစ္ဆာန်တို့နှင့်အတူ နေထိုင်ရလိမ့်မည်။ နွားကဲ့သို့ မြက်ကိုစားရလိမ့်မည်။ မိုးကောင်းကင်နှင်းများနှင့် စိုလျက်နေလိမ့်မည်။ အမြင့်ဆုံးသောအရှင်သည် လူ့ပြည်ကိုအုပ်စိုး၍ အလိုတော်ရှိသောသူကို ပေးတော်မူကြောင်း အရှင်မင်းကြီး သိမှတ်သည့်တိုင်အောင် ခုနစ်နှစ်ပတ်လုံး နေထိုင်ကျော်လွှားရလိမ့်မည်။
သင်သည် လူ့အသိုင်းအဝိုင်းမှ နှင်ထုတ်ခြင်းခံရပြီး တောတိရစ္ဆာန်တို့နှင့်အတူ နေထိုင်ရမည်။ နွားကဲ့သို့ မြက်ကိုစားရမည်။ အမြင့်ဆုံးသောအရှင်သည် လူ့ပြည်ကိုအုပ်စိုး၍ အလိုတော်ရှိသောသူကို ပေးတော်မူကြောင်း သင်သိမှတ်သည့်တိုင်အောင် ခုနစ်နှစ်ပတ်လုံး နေထိုင်ကျော်လွှားရမည်”ဟု ကောင်းကင်မှ အသံတော်ရောက်လာ၏။
ကိုယ်တော်သည် လူတစ်ဦးတည်းမှ လူမျိုးအားလုံးကို ဖန်ဆင်း၍ ကမ္ဘာမြေပြင်အနှံ့တွင်နေထိုင်စေကာ အချိန်ကာလများနှင့် သူတို့နေထိုင်ရာနယ်နိမိတ်များကို ကြိုတင်ချမှတ်ပေးတော်မူ၏။
သို့သော် ဤပြည်၌ ခြေချစရာနေရာကိုမျှ အမွေအဖြစ်ပေးတော်မမူဘဲ သူကိုယ်တိုင်နှင့် သူ၏အမျိုးအနွယ်တို့အား ဤပြည်ကိုအပိုင်ပေးမည်ဟု သူ၌ကလေးတစ်ယောက်မျှမရှိမီ သူ့အား ကတိပေးတော်မူ၏။
ဤသည်ကား စိရပြည်၌နေထိုင်သောဧသောသားမြေးတို့အတွက် ထာဝရဘုရားသည် ဟောရိလူမျိုးတို့ကို သူတို့ရှေ့မှောက်မှသုတ်သင်ပယ်ရှင်းတော်မူသဖြင့် သူတို့သည် ဟောရိပြည်ကိုသိမ်းပိုက်ပြီး ထိုပြည်၌ ယနေ့တိုင်အောင် နေထိုင်သကဲ့သို့ပင်ဖြစ်၏။
သူတို့ထံမှ အစားအစာကို ငွေဖြင့်ဝယ်စားရမည်။ ရေကိုလည်း ငွေဖြင့်ဝယ်သောက်ရမည်။
အမြင့်ဆုံးသောအရှင်သည် လူတို့ကို အမွေခွဲဝေပေးသောအခါ၊ လူသားတို့ကို နေရာပိုင်းခြားသောအခါ အစ္စရေးအမျိုးသားတို့၏အရေအတွက်အတိုင်း နယ်နိမိတ်များကို သတ်မှတ်ပေးတော်မူ၏။
ဣဇက်အား သားယာကုပ်နှင့်ဧသောကို ငါပေး၏။ ဧသောအား စိရတောင်ကို ငါအပိုင်ပေး၏။ ယာကုပ်နှင့်သူ၏သားတို့မူကား အီဂျစ်ပြည်သို့ဆင်းသွားကြ၏။