Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 35:2 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

2 “​အချင်း​လူသား​၊ စိရ​တောင်​သို့​မျက်နှာမူ​ပြီး ထို​တောင်​ကို​ဆန့်ကျင်​၍ ပရောဖက်ပြု​ဟောပြော​လော့​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

2 ကိုယ်​တော်​က``စိ​ရ​တောင်​သို့​လှည့်​၍​ထို​ပြည် ကို​ရှုတ်​ချ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

2 အ ချင်း လူ့ သား၊ စိ ရ တောင် ကို မျက် နှာ မူ လျက် ဟော ပြော ဆင့် ဆို ရ မည် မှာ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

2 အ​ချင်း​လူ​သား၊ သင်​သည် စိ​ရ​တောင်​တစ်​ဖက်၌ မျက်​နှာ​ထား၍ ပ​ရော​ဖက်​ပြု​လျက်၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို ဆင့်​ဆို​ရ​မည်​မှာ၊

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 35:2
28 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် ယာကုပ်​သည် စိရ​ပြည်​၊ ဧဒုံ​အရပ်​ရှိ မိမိ​အစ်ကို​ဧသော​ထံသို့ စေတမန်​တို့​ကို ရှေ့ပြေး​အဖြစ်​စေလွှတ်​၍


အစ္စရေး​လူမျိုး​တို့ အီဂျစ်​ပြည်​မှ​ထွက်လာ​ခဲ့​စဉ်က ကိုယ်တော်​သည် အမ္မုန်​အမျိုးသား​၊ မောဘ​အမျိုးသား​၊ စိရ​တောင်ပေါ်သား​တို့​၏​နယ်မြေ​ကို အစ္စရေး​လူမျိုး​တို့​အား ကျူးကျော်​ခွင့်​မ​ပေး​။ ထို့ကြောင့် အစ္စရေး​လူမျိုး​တို့​သည် သူ​တို့​ပြည်​ကို မ​ဖျက်ဆီး​ဘဲ ရှောင်သွား​ခဲ့​ပါ​၏​။


အို ထာဝရဘုရား​၊ ဂျေရုဆလင်​မြို့​၏​နေ့ရက်​၌ “​ဖြိုဖျက်​ကြ​။ အောက်ခြေ​အထိ ဖြိုဖျက်​ကြ​”​ဟု ဆို​ကြ​သော ဧဒုံ​အမျိုးသား​တို့​ကို အောက်မေ့​တော်မူ​ပါ​။


ဘုရားရှင်​ထာဝရဘုရား​သည် ငါ့​ကို​ကူညီမစ​တော်မူ​သောကြောင့် ငါ​သည် အသရေ​မ​ပျက်​ရ​။ ကိုယ့်​မျက်နှာ​ကို မီးခတ်ကျောက်​ကဲ့သို့​ထား​၏​။ အရှက်ကွဲ​ရ​လိမ့်မည်​မ​ဟုတ်​ကြောင်း ငါ​သိ​၏​။


“​အချင်း​လူသား​၊ တောင်ဘက်​သို့ မျက်နှာမူ​ပြီး တောင်ဘက်​အရပ်​ကို ဆန့်ကျင်​ဟောပြော​လော့​။ တောင်ဘက်​ရှိ​တောအုပ်​ကို ဆန့်ကျင်​၍ ပရောဖက်ပြု​လော့​။


“​အချင်း​လူသား​၊ ဂျေရုဆလင်​မြို့​သို့ မျက်နှာမူ​ပြီး သန့်ရှင်းရာဌာန​များ​ကို ဆန့်ကျင်​၍ ဟောပြော​လော့​။ အစ္စရေး​ပြည်​ကို ဆန့်ကျင်​၍ ပရောဖက်ပြု​လော့​။


“​အချင်း​လူသား​၊ အမ္မုန်​အမျိုးသား​တို့​ဘက်​သို့ မျက်နှာမူ​ပြီး သူ​တို့​ကို​ဆန့်ကျင်​၍ ပရောဖက်ပြု​ဟောပြော​လော့​။


တစ်ဖန် ဘုရားရှင်​ထာဝရဘုရား​က ‘မောဘ​ပြည်​နှင့် စိရ​ပြည်​တို့​က ယုဒ​အမျိုး​သည် လူမျိုးခြား​တို့​နှင့် အတူတူ​ပင်​ဖြစ်​၏​ဟု ဆို​ကြ​သောကြောင့်


ထို​နေရာ​တွင် ဧဒုံ​ပြည်​နှင့်တကွ သူ​၏​ဘုရင်​များ​၊ သူ​၏​ခေါင်းဆောင်​များ အားလုံး​ရှိ​၏​။ သူ​တို့​သည် အရှိန်အဝါကြီး​ခဲ့​သော်လည်း ဓား​ဖြင့်​အသတ်ခံရ​သော​သူ​တို့​နှင့်အတူ သေ​ရ​၏​။ တွင်းနက်​ထဲသို့​ရောက်သွား​သော အရေဖျားလှီး​ခြင်း​မခံ​သော​သူ​တို့​နှင့်အတူ လဲလျောင်း​ရ​ကြ​၏​။


တစ်ဖန် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍


ဘုရားရှင်​ထာဝရဘုရား​က ‘ငါ့​ပြည်​ကို ဝမ်းသာအားရ​အပိုင်​သိမ်းယူ​ခဲ့​သော​၊ စားကျက်မြေ​များ​ကို​ပါ​လုယူ​ခဲ့​သော အခြား​တိုင်းပြည်​များ​နှင့် ဧဒုံ​ပြည်​တစ်ပြည်လုံး​ကို စိတ်အားကြီး​စွာ​ဖြင့် ငါ​မိန့်ဆို​ပြီ’​ဟု မိန့်​တော်မူ​၏​။


“​အချင်း​လူသား​၊ အစ္စရေး​တောင်တန်း​ဘက်​သို့​မျက်နှာမူ​လျက်


ဩဗဒိ​မြင်​ရ​သော​ဗျာဒိတ်နိမိတ်​ကား ဤသို့​တည်း​။ ဧဒုံ​ပြည်​နှင့်​ပတ်သက်၍ ဘုရားရှင်​ထာဝရဘုရား ဤသို့​မိန့်​တော်မူ​၏​။ ထာဝရဘုရား​သည် လူမျိုးခြား​တို့​ထံသို့ သံတမန်​ကို စေလွှတ်​၍ “​ထ​ကြ​၊ ဧဒုံ​ပြည်​ကို သွားတိုက်​ကြ​စို့​”​ဟု ဆင့်ဆို​စေ​သော​သတင်းစကား​ကို ငါ​တို့​ကြား​ရ​ပြီ​။


ငါ​သည် နှုတ်​ကို​ဖွင့်​သောအခါ ပြော​ရ​မည့်​စကား​ကို ငါ့​အား​ပေး​တော်မူ​၍ ကောင်းမြတ်​သော​သတင်း​နှင့်ဆိုင်သည့် လျှို့ဝှက်​နက်နဲ​သော​အရာ​ကို ရဲရင့်​စွာ​ပြောပြ​နိုင်​ရန် ငါ့​အတွက်​လည်း ဆုတောင်း​ပေး​ကြ​လော့။


သူ​တို့​ကို​ရန်​မ​စ​နှင့်​။ စိရ​တောင်​ကို ဧသော​အား ငါ​အပိုင်​ပေး​ထား​ပြီ​ဖြစ်၍ သူ​တို့​၏​ပြည်​ကို ခြေ​တစ်ဖဝါးစာ​မျှ သင်​တို့​အား​ငါ​မ​ပေး​။


ဣဇက်​အား သား​ယာကုပ်​နှင့်​ဧသော​ကို ငါ​ပေး​၏​။ ဧသော​အား စိရ​တောင်​ကို ငါ​အပိုင်​ပေး​၏​။ ယာကုပ်​နှင့်​သူ​၏​သား​တို့​မူကား အီဂျစ်​ပြည်​သို့​ဆင်းသွား​ကြ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ