အာရုန်နှင့်သူ၏သားတို့အား အရိုက်အရာခန့်အပ်ခြင်းဆိုင်ရာအတွက်ပေးလှူပူဇော်သောသိုးထီးမှ ချီလွှဲရာပူဇော်သက္ကာဖြစ်သော ရင်ပုံ၊ ချီလွှဲရာအလှူပစ္စည်းဖြစ်သော ပေါင်ကို သန့်ရှင်းစေရမည်။
တရားဟော 18:3 - မြန်မာ့စံမီသမ္မာကျမ်း နွားကိုဖြစ်စေ၊ သိုးကိုဖြစ်စေ ယဇ်ပူဇော်သောသူတို့သည် ပခုံး၊ မေးရိုး၊ ဝမ်းဗိုက် စသည်တို့ကို ယဇ်ပုရောဟိတ်အားပေးရမည်။ ဤသည်ကား လူတို့ထံမှ ယဇ်ပုရောဟိတ်တို့ရရှိသောဝေစုဖြစ်၏။ Common Language Bible ``နွားသို့မဟုတ်သိုးကိုယဇ်ပူဇော်သောအခါ ပခုံး၊ မေးရိုးနှင့်အစာအိမ်ကိုယဇ်ပုရော ဟိတ်တို့အားပေးရမည်။- Garrad Bible သား စဉ် မြေး ဆက် တို့ ပါ၊ ထာ ဝ ရ ဘု ရား နာ မ တော် ကို အ မှီ ပြု၍ မ ပြတ် ခ စား ဝတ် ပြု စေ ရန်၊ အ နွယ် အ ပေါင်း တို့ အ နက် ထို အ နွယ် ကို၊ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ရွေး ချယ် တော် မူ သည့် အ လျောက်၊ နွား၊ သိုး၊ ဆိတ် တို့ ကို ဆက် ကပ် ပူ ဇော် ကြ သော လူ ပ ရိ သတ် သည် လက် တစ် ဖက်၊ ပါး နှစ် ဖက် သား၊ အ စာ အိမ် များ ကို ထုံး ဖွဲ့ ချက် ဆွမ်း အ ဖြစ် လှူ ကြ ရ မည့် ပြင်၊ ဆန် စ ပါး၊ စ ပျစ် ရည်၊ ဆီ၊ လက် ဦး လက် ဖျား ကိုလည်း ကောင်း၊ အ ဦး ညှပ် သော သိုး ဆိတ် မွေး ကိုလည်း ကောင်း၊ ပ ရော ဟိတ် တို့ ထံ လှူ ကြ စေ။ Judson Bible လူတို့သည် ယဇ်ပူဇော်သောအခါ၊ နွားဖြစ်စေ၊ သိုးဖြစ်စေ၊ ယဇ်ပုရောဟိတ် ခံရသောအဖို့ ပခုံးတစ်ဖက်၊ ပါးနှစ်ဖက်၊ အအူများကိုလည်းကောင်း၊ |
အာရုန်နှင့်သူ၏သားတို့အား အရိုက်အရာခန့်အပ်ခြင်းဆိုင်ရာအတွက်ပေးလှူပူဇော်သောသိုးထီးမှ ချီလွှဲရာပူဇော်သက္ကာဖြစ်သော ရင်ပုံ၊ ချီလွှဲရာအလှူပစ္စည်းဖြစ်သော ပေါင်ကို သန့်ရှင်းစေရမည်။
ထိုအရာတို့သည် အစ္စရေးအမျိုးသားတို့ထံမှ အာရုန်နှင့်သူ၏သားတို့ အစဉ်အမြဲရရှိရမည့်ဝေစုဖြစ်၏။ အကြောင်းမူကား ထိုအရာတို့သည် အလှူပစ္စည်းဖြစ်၏။ ထိုအလှူပစ္စည်းသည် အစ္စရေးအမျိုးသားတို့၏မိတ်သဟာယယဇ်များမှ ထာဝရဘုရားအား ပေးလှူသောအလှူပစ္စည်းဖြစ်၏။
နေဝင်ပြီးမှ သူသည် စင်ကြယ်လိမ့်မည်။ ထို့နောက်မှ သန့်ရှင်းသောပူဇော်သက္ကာကို သူသည် စားခွင့်ရှိမည်။ အကြောင်းမူကား ထိုပူဇော်သက္ကာသည် သူ၏အစားအစာဖြစ်၏။
အစ္စရေးအမျိုးသားတို့၏ချီမြှောက်ရာအလှူပစ္စည်း၊ ချီလွှဲရာပူဇော်သက္ကာအားလုံးသည်လည်း သင့်အဖို့ဖြစ်၏။ သင်နှင့်သင့်သားသမီးတို့ အစဉ်အမြဲရရှိရမည့်ဝေစုအဖြစ် ငါပေးပြီ။ သင့်အိမ်ရှိ စင်ကြယ်သောသူတိုင်း စားခွင့်ရှိ၏။
ထာဝရဘုရားအား အစ္စရေးအမျိုးသားတို့ ပေးလှူသည့် အကောင်းဆုံးဆီ၊ အကောင်းဆုံးစပျစ်ဝိုင်အသစ်၊ အဦးဆုံးကောက်ပဲသီးနှံစသည်တို့အားလုံးကို သင်တို့အား ငါပေးပြီ။
မီးရှို့ရာယဇ်ကောင်၏အသားနှင့်သွေးကို သင်၏ဘုရားသခင်ထာဝရဘုရား၏ယဇ်ပလ္လင်ပေါ်၌ ပူဇော်ရမည်။ ယဇ်ကောင်၏သွေးကို သင်၏ဘုရားသခင်ထာဝရဘုရား၏ယဇ်ပလ္လင်ပေါ်၌ သွန်း၍ အသားကိုစားရမည်။