နေ့စဉ်နှင့်အမျှ ငါ့မျက်မှောက်၌ မီးရှို့ရာယဇ်ကိုပူဇော်ခြင်း၊ ဘောဇဉ်ပူဇော်သက္ကာကိုမီးရှို့ခြင်း၊ ယဇ်ပူဇော်ခြင်းကိုပြုရသော လေဝိအမျိုး ယဇ်ပုရောဟိတ်တို့သည်လည်း မပြတ်ရ’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
တရားဟော 18:1 - မြန်မာ့စံမီသမ္မာကျမ်း လေဝိအမျိုးယဇ်ပုရောဟိတ်များမှစ၍ လေဝိမျိုးနွယ်တစ်နွယ်လုံးသည် အစ္စရေးလူမျိုးတို့နှင့်အတူ အမွေဝေစု မရကြ။ ထာဝရဘုရား၏အမွေဖြစ်သော ထာဝရဘုရားထံ မီးဖြင့်ပူဇော်သောယဇ်များကို စားရကြမည်။ Common Language Bible ``ယဇ်ပုရောဟိတ်အမျိုးဖြစ်သောလေဝိအနွယ် ဝင်အပေါင်းတို့သည် ဣသရေလနိုင်ငံတွင်နယ် မြေဝေစုမရရှိစေရ။ သို့ရာတွင်သူတို့သည် ထာဝရဘုရားအား ဆက်ကပ်ပူဇော်သောလှူ ဖွယ်များကိုသုံးဆောင်ကြရမည်။- Garrad Bible လေ ဝိ ဂိုဏ်း သား ပ ရော ဟိတ်၊ လေ ဝိ တစ် နွယ် လုံး သည် ဣ သ ရေ လ လူ မျိုး တွင် အ မွေ ဝေ ပုံ စု မ ရ သ ဖြင့်၊ ထာ ဝ ရ ဘု ရား ထံ မီး ပူ ဇော် ရာ များ မှ စ၍ ပိုင် တော် မူ ရာ အ လှူ ကို သုံး ဆောင် ကြ စေ။ Judson Bible လေဝိသားယဇ်ပုရောဟိတ်အစရှိသော လေဝိသားအပေါင်းတို့သည် ဣသရေလအမျိုးသားတို့နှင့် ရော၍ အဖို့မရှိ အမွေမခံရဘဲ၊ ထာဝရဘုရား၏အမွေတည်းဟူသော မီးဖြင့်ပြုသော ပူဇော်သကာတို့ကို စားရကြမည်။ |
နေ့စဉ်နှင့်အမျှ ငါ့မျက်မှောက်၌ မီးရှို့ရာယဇ်ကိုပူဇော်ခြင်း၊ ဘောဇဉ်ပူဇော်သက္ကာကိုမီးရှို့ခြင်း၊ ယဇ်ပူဇော်ခြင်းကိုပြုရသော လေဝိအမျိုး ယဇ်ပုရောဟိတ်တို့သည်လည်း မပြတ်ရ’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
‘သူတို့ပိုင်ဆိုင်ရမည့်အမွေကား ငါပင်ဖြစ်၏။ အစ္စရေးလူမျိုးတို့တွင် သူတို့ကို အမွေမပေးရ။ ငါသာလျှင် သူတို့၏အမွေဖြစ်၏။
တစ်ဖန် ထာဝရဘုရားက အာရုန်အား “အစ္စရေးအမျိုးသားတို့ပြည်၌ သင်အမွေဆက်ခံရမည်မဟုတ်။ သင့်အတွက် ဝေစုရှိမည်မဟုတ်။ သူတို့တွင် ငါသည် သင့်ဝေစု၊ သင့်အမွေဖြစ်၏။
လေဝိအမျိုးတွင် တစ်လသားအရွယ်နှင့်အထက်ရှိ ယောက်ျားအားလုံးတို့၏အရေအတွက်မှာ နှစ်သောင်းသုံးထောင် ရှိ၏။ သူတို့သည် အစ္စရေးအမျိုးသားတို့နှင့်အတူ အမွေမခံရသဖြင့် သူတို့ကို အစ္စရေးအမျိုးသားတို့နှင့်အတူ မရေတွက်ပေ။
လေဝိအမျိုးသည် မိမိညီအစ်ကိုတို့နှင့်အတူ အမွေဝေစု မရကြ။ သင်တို့၏ဘုရားသခင်ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ထာဝရဘုရားသည် သူတို့၏အမွေဖြစ်တော်မူ၏။)
သင်၏ပြည်၌ အသက်ရှင်သမျှကာလပတ်လုံး လေဝိအမျိုးတို့ကို စွန့်ပယ်မထားမိစေရန် သတိပြုလော့။
မောရှေသည် လေဝိအမျိုးတို့ကို အမွေမြေ မပေး။ သူတို့အားထာဝရဘုရားမိန့်မှာထားသည့်အတိုင်း အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားထံ မီးဖြင့်ပူဇော်သောယဇ်သည် သူတို့၏အမွေဖြစ်၏။
မောရှေသည် လေဝိအမျိုးတို့ကို အမွေမြေ မခွဲပေး။ သူတို့အား ထာဝရဘုရားမိန့်မှာထားသည့်အတိုင်း အစ္စရေးလူမျိုး၏ဘုရားရှင်ထာဝရဘုရားသည် သူတို့၏အမွေဖြစ်၏။
လေဝိအမျိုးသည် သင်တို့နှင့်အတူ အမွေမြေမရ။ ထာဝရဘုရားပေးသောယဇ်ပုရောဟိတ်အရိုက်အရာသည် သူတို့၏အမွေဖြစ်၏။ ဂဒ်၊ ရုဗင်နှင့် မနာရှေအမျိုးတစ်ဝက်တို့သည်လည်း ထာဝရဘုရား၏အစေအပါးမောရှေပေးထားခဲ့သောအမွေမြေကို ဂျော်ဒန်မြစ်အရှေ့ဘက်ခြမ်းတွင် ရပြီးဖြစ်၏”ဟု ဆို၏။