မိမိငွေကို အတိုးဖြင့်ချေးငှားခြင်းမပြု၊ အပြစ်ကင်းသောသူကိုထိခိုက်စေသည့် တံစိုးလက်ဆောင်ကိုလက်မခံသောသူပင်တည်း။ ဤသို့ပြုသောသူသည် မည်သည့်အခါမျှတုန်လှုပ်မည်မဟုတ်။
တရားဟော 16:19 - မြန်မာ့စံမီသမ္မာကျမ်း သင်သည် တရားမျှတခြင်းမှမသွေဖည်ရ၊ မျက်နှာမလိုက်ရ၊ တံစိုးလက်ဆောင်ကို လက်မခံရ။ အကြောင်းမူကား တံစိုးလက်ဆောင်သည် ပညာရှိ၏မျက်စိကို ကန်းစေ၍ ဖြောင့်မတ်သောစကားကို မှားယွင်းချွတ်ချော်စေတတ်၏။ Common Language Bible တရားစီရင်ရာတွင်မတရားသဖြင့်စီရင် ခြင်း၊ မျက်နှာလိုက်ခြင်းမပြုလုပ်ရ။ တံစိုး လက်ဆောင်ကိုလည်းလက်မခံရ။ တံစိုးလက် ဆောင်သည်ပညာရှိနှင့်ဖြောင့်မတ်သူတို့၏ မျက်စိကိုဖုံးကွယ်စေ၍ မှားယွင်းစွာအဆုံး အဖြတ်ချမှတ်စေတတ်၏။- Garrad Bible တ ရား မ လွဲ၊ မျက် နှာ ကို မ ထောက်၊ တံ စိုး ကို မ စား ကြ နှင့်။ တံ စိုး သည် ပ ညာ ရှိ တို့ ဉာဏ် စ က္ခု ကို ကွယ် စေ၍၊ ဖြောင့် မတ် သူ တို့၏ အ မှု ကို လည်း မှောက် လှန် တတ်၏။ Judson Bible သင်သည် တရားလမ်းမှ မလွှဲရ။ လူမျက်နှာကို မထောက်ရ။ တံစိုးကို မစားရ။ တံစိုးသည် ပညာရှိမျက်စိကို ကွယ်စေတတ်၏။ ဖြောင့်မတ်သောသူ၏စကားကို ကောက်စေတတ်၏။ |
မိမိငွေကို အတိုးဖြင့်ချေးငှားခြင်းမပြု၊ အပြစ်ကင်းသောသူကိုထိခိုက်စေသည့် တံစိုးလက်ဆောင်ကိုလက်မခံသောသူပင်တည်း။ ဤသို့ပြုသောသူသည် မည်သည့်အခါမျှတုန်လှုပ်မည်မဟုတ်။
လူအပေါင်းတို့ထဲမှ အရည်အချင်းရှိသောသူ၊ ဘုရားသခင်ကိုကြောက်ရွံ့သောသူ၊ သစ္စာရှိသောသူ၊ မတရားသောအကျိုးစီးပွားကိုမုန်းသောသူတို့ကို ရွေးချယ်၍ သူတို့ကို လူတစ်ထောင်အုပ်၊ တစ်ရာအုပ်၊ ငါးဆယ်အုပ်၊ တစ်ဆယ်အုပ်အဖြစ် ခန့်ထားရမည်။
လူအများနောက်သို့လိုက်၍ မကောင်းမှုမပြုရ။ တရားတွေ့ရာ၌ လူအများဘက်သို့လိုက်၍ မတရားသဖြင့် မထွက်ဆိုရ။
မတရားသောအကျိုးစီးပွားကိုတပ်မက်သောသူသည် မိမိအိမ်သူအိမ်သားတို့ကို ဒုက္ခပေးတတ်၏။ တံစိုးလက်ဆောင်ကိုမုန်းသောသူမူကား အသက်ရှင်ရလိမ့်မည်။
ဆိုးယုတ်သောသူသည် တရားမျှတခြင်းလမ်းစဉ်တို့ကိုဖျက်ရန် တံစိုးလက်ဆောင်ကို လျှို့ဝှက်စွာယူတတ်၏။
ဆိုးယုတ်သောသူကိုမျက်နှာလိုက်ခြင်း၊ ဖြောင့်မတ်သောသူကို မတရားသဖြင့်စီရင်ခြင်းသည် မကောင်းပေ။
ထို့ပြင် ဤအရာများကား ပညာရှိတို့၏စကားဖြစ်၏။ တရားစီရင်ရာ၌ မျက်နှာလိုက်ခြင်းသည် မကောင်းပေ။
အကြောင်းမရှိဘဲ သင်၏အိမ်နီးချင်းကိုဆန့်ကျင်၍ သက်သေမထွက်ဆိုနှင့်။ သင်၏နှုတ်ခမ်းဖြင့် မလှည့်စားနှင့်။
သူတို့သည် သောက်သောအခါ ပြဋ္ဌာန်းထားသောအရာကိုမေ့လျော့၍ ဖိစီးနှိပ်စက်မှုခံရသောသူအပေါင်းတို့၏ အမှုအခင်းကို လွဲမှားစွာစီရင်မည်ကို စိုးရိမ်ရ၏။
အကယ်စင်စစ် ဖိနှိပ်ချုပ်ချယ်ခြင်းသည် ပညာရှိသောသူကို ရူးမိုက်စေတတ်၍ တံစိုးလက်ဆောင်သည် စိတ်နှလုံးကို ပျက်စီးစေတတ်၏။
ကောင်းသောအမှုကိုပြုရန် သင်ယူကြလော့။ တရားမျှတမှုကို ရှာကြလော့။ အဖိနှိပ်ခံရသူကို ကူမကြလော့။ ဖတဆိုးဘက်မှ တရားသဖြင့်စီရင်ကြလော့။ မုဆိုးမဘက်မှ ရင်ဆိုင်ဖြေရှင်းပေးကြလော့”ဟု မိန့်တော်မူ၏။
သင်၏အကြီးအကဲတို့သည် သူပုန်ဖြစ်ကြပြီ။ သူခိုးလက်ခံဖြစ်ကြပြီ။ သူတို့အားလုံးသည် တံစိုးလက်ဆောင်ကိုနှစ်သက်၍ ဂုဏ်ပကာသနနောက်သို့လိုက်ကြပြီ။ သူတို့သည် ဖတဆိုးဘက်မှ တရားသဖြင့်မစီရင်ကြ။ မုဆိုးမ၏အမှုကိုလည်း မဖြေရှင်းကြ။
ဖြောင့်မတ်စွာအသက်ရှင်လျှောက်လှမ်း၍ ဟုတ်မှန်သောစကားကိုပြောသူ၊ ဖိနှိပ်ညှဉ်းပန်းခြင်းဖြင့်ရသောအကျိုးစီးပွားကိုငြင်းပယ်၍ တံစိုးလက်ဆောင်ကို လက်မခံဘဲ ငြင်းဆိုသူ၊ သတ်ဖြတ်မှုအကြောင်းကို မကြားမိအောင် နားပိတ်ထားသူ၊ မကောင်းသောအရာများကို မကြည့်မိအောင် မျက်စိပိတ်ထားသူ၊
သူတို့သည် ဝဖြိုးစိုပြည်ကြ၏။ မကောင်းမှုကို အတောမသတ်ပြုကြ၏။ သူတို့ကောင်းစားရေးအတွက် မိဘမဲ့တို့၏အမှုကို မတရားသဖြင့်စီရင်ကြ၏။ နွမ်းပါးသူတို့အတွက် တရားမျှတစွာမစီရင်ကြ။
အတိုးဖြင့်မချေးငှား၊ အမြတ်မယူ၊ မတရားမှုကိုရှောင်ကြဉ်လျက် အမှုဖြစ်ပွားသောလူနှစ်ဦးကြားတွင် မျှတစွာစီရင်လျှင်၊
သူတို့သည် တံစိုးလက်ဆောင်ယူ၍ လူအသက်ကို သတ်ကြ၏။ သင်သည် အတိုးအမြတ်ယူ၍ အိမ်နီးချင်း၏ပစ္စည်းကို အနိုင်အထက်လုယူ၏။ ငါ့ကိုလည်း မေ့လျော့လေပြီ’ဟု မိန့်တော်မူ၏။
တရားစီရင်ရာတွင် မတရားသဖြင့် မစီရင်ရ။ ဆင်းရဲသောသူကို ဘက်မလိုက်ရ။ ချမ်းသာသောသူကိုလည်း မလိုက်လျောရ။ သင်၏အိမ်နီးချင်းကို ဖြောင့်မတ်စွာတရားစီရင်ရမည်။
သူတို့၏လက်နှစ်ဖက်စလုံးသည် မကောင်းမှု၌ ကျင်လည်တတ်ကြ၏။ အကြီးအကဲများ၊ တရားသူကြီးများသည် တံစိုးလက်ဆောင်ကို တောင်းဆိုတတ်ကြ၏။ မင်းအရာရှိတို့သည်လည်း မိမိတို့စိတ်အလိုရမ္မက်ကိုသာ ဖော်ပြတတ်ကြ၏။ ထိုသူတို့သည် တစ်ကျိတ်တည်းတစ်ဉာဏ်တည်း ဖြစ်ကြ၏။
တရားတော်သည် လျော့ရဲသဖြင့် တရားမျှတမှု ပျောက်ကွယ်လေပြီ။ ဆိုးယုတ်သောသူတို့သည် ဖြောင့်မတ်သောသူတို့ကို ဝိုင်းရံထားသည်ဖြစ်၍ စီရင်ချက်အလွဲများသာ ထွက်ပေါ်လာ၏။
သို့သော် ပေါလုသည် ထိုနယ်ထိန်းတို့အား “သူတို့သည် ရောမနိုင်ငံသားဖြစ်ကြသောငါတို့ကို မစစ်ဆေးဘဲ လူအများရှေ့၌ ရိုက်နှက်လျက် ထောင်ထဲ၌ထည့်ထားကြပြီးမှ ယခု ငါတို့ကို တိတ်တဆိတ်ပြန်လွှတ်ကြမည်လော။ ထိုသို့မပြုသင့်။ သူတို့ကိုယ်တိုင်လာ၍ ငါတို့ကို ခေါ်ထုတ်ကြပါစေ”ဟု ဆိုလေ၏။
ပေါလုကလည်း “ထုံးဖြူသုတ်ထားသည့်အုတ်ရိုး၊ ဘုရားသခင်သည် သင့်ကို ရိုက်တော်မူမည်။ သင်သည် ထိုင်၍ အကျွန်ုပ်ကို ပညတ်တရားအတိုင်းစစ်ဆေးစီရင်လျက်နှင့် ပညတ်တရားကိုချိုးဖောက်ပြီး အကျွန်ုပ်ကိုရိုက်ရန် အမိန့်ပေးသလော”ဟု ဆို၏။
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ဘုရားတကာတို့၏ဘုရား၊ သခင်တကာတို့၏သခင်၊ ကြီးမြတ်၍တန်ခိုးနှင့်ပြည့်စုံသောဘုရား၊ အံ့ဩဖွယ်ကောင်းသောဘုရား ဖြစ်တော်မူ၏။ မျက်နှာမလိုက်၊ တံစိုးလက်ဆောင်ကိုလက်မခံ၊
သင်၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသောမြို့ရှိသမျှတို့တွင် တရားသူကြီးများ၊ ကြီးကြပ်အုပ်ချုပ်သူများကို မျိုးနွယ်အလိုက် သင်ခန့်ထားရမည်။ သူတို့သည် လူတို့ကို ဖြောင့်မတ်စွာတရားစီရင်ရမည်။
တိုင်းတစ်ပါးသားနှင့် ဖတဆိုးတို့ ရထိုက်သော တရားမျှတမှုကို မပိတ်ပင်ရ။ မုဆိုးမ၏အဝတ်ကို အပေါင်လက်မခံရ။
‘တိုင်းတစ်ပါးသား၊ ဖတဆိုး၊ မုဆိုးမတို့ရထိုက်သော တရားမျှတမှုကို ပိတ်ပင်သောသူသည် ကျိန်ဆဲခြင်းခံရမည်’ဟု ဆိုလျှင် လူအပေါင်းတို့က ‘အာမင်’ဟု ဆိုရမည်။
‘အခကြေးငွေယူ၍ အပြစ်မဲ့သောသူအား သတ်သောသူသည် ကျိန်ဆဲခြင်းခံရမည်’ဟု ဆိုလျှင် လူအပေါင်းတို့က ‘အာမင်’ဟု ဆိုရမည်။
ယခု သင်တို့ရှေ့မှာ ငါရှိ၏။ မည်သူ့နွားကို ငါယူဖူးသနည်း၊ မည်သူ့မြည်းကို ငါယူဖူးသနည်း။ မည်သူ့ကို ငါလှည့်စားဖူးသနည်း။ မည်သူ့ကို ငါညှဉ်းဆဲဖူးသနည်း။ မသိကျိုးကျွန်ပြုရန်အတွက် မည်သူ့ထံမှ ငါလာဘ်ယူဖူးသနည်း။ ထာဝရဘုရားရှေ့၊ ဘိသိက်ခံဘုရင်၏ရှေ့တွင် သင်တို့သက်သေပြလော့။ ရှိခဲ့လျှင် ငါပြန်ပေးဆပ်မည်”ဟု ဆို၏။
ရှမွေလသည် အသက်ကြီးလာသောအခါ အစ္စရေးလူမျိုးတို့ကို စီရင်အုပ်ချုပ်ရန် မိမိ၏သားတို့ကို ခန့်အပ်ထား၏။
သို့သော် သူ့သားတို့သည် သူလျှောက်သောလမ်းအတိုင်း မလိုက်ကြ။ မတရားအကျိုးစီးပွားကိုရှာကြ၏။ တံစိုးလက်ဆောင်ကို ခံယူကြ၏။ တရားမျှတမှုကို လွှဲရှောင်ကြ၏။