သားအိမ်မှအဦးဆုံးထွက်လာသောသူရှိသမျှနှင့် သင်တို့၏တိရစ္ဆာန်များမှ အဦးဆုံးပေါက်သောသားပေါက်ရှိသမျှတို့ကို ထာဝရဘုရားအား ဆက်ကပ်ရမည်။ အထီးဟူသမျှ ထာဝရဘုရားပိုင်တော်မူ၏။
တရားဟော 15:19 - မြန်မာ့စံမီသမ္မာကျမ်း သင်၏နွား၊ သင်၏သိုးတို့မှမွေးသော သားဦးအထီးရှိသမျှကို သင်၏ဘုရားသခင်ထာဝရဘုရားအဖို့ သန့်ရှင်းစေရမည်။ နွားသားဦးကို မခိုင်းရ။ သိုးသားဦးကို အမွေးမညှပ်ရ။ Common Language Bible ``သင်တို့၏နွားနှင့်သိုးသားဦးပေါက်အထီး ဟူသမျှကို သင်တို့၏ဘုရားသခင်ထာဝရ ဘုရားအတွက်သီးသန့်ထားရမည်။ နွားသား ဦးပေါက်များကိုမခိုင်းစေရ။ သိုးသားဦး ပေါက်များကိုလည်းအမွေးမညှပ်ရ။- Garrad Bible နွား၊ သိုး၊ ဆိတ် တို့ တွင် အ ဦး ဖွား သော အ ထီး ဟူ သ မျှ ကို သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အ ဖို့ သီး သန့် ထား ရ သည့် အ လျောက် ထို နွား ကို စေ စား ခြင်း၊ ထို သိုး ဆိတ် ကို အ မွေး ညှပ် ခြင်း မ ပြု ဘဲ၊ Judson Bible သင်၏သိုးနွားတို့တွင် အဦးဖွားသော အထီးရှိသမျှတို့ကို သင်၏ဘုရားသခင် ထာဝရဘုရားအဖို့ သန့်ရှင်းစေရမည်။ အဦးဖွားသောနွား၊ အဦးဖွားသောသိုးကို မသုံးဆောင်ရ။ |
သားအိမ်မှအဦးဆုံးထွက်လာသောသူရှိသမျှနှင့် သင်တို့၏တိရစ္ဆာန်များမှ အဦးဆုံးပေါက်သောသားပေါက်ရှိသမျှတို့ကို ထာဝရဘုရားအား ဆက်ကပ်ရမည်။ အထီးဟူသမျှ ထာဝရဘုရားပိုင်တော်မူ၏။
“အစ္စရေးအမျိုးသားတို့တွင် လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ သားအိမ်တိုင်းမှအဦးဆုံးထွက်လာသောသားဦးတိုင်းကို ငါပိုင်၏။ ငါ့အတွက် သန့်ရှင်းစေကြလော့”ဟု မိန့်တော်မူ၏။
အသီးဦး၊ စပျစ်ရည်ဦးတို့ကို မယူထားဘဲ ငါ့အား ဆက်ကပ်ရမည်။ သင်တို့၏သားဦးများကိုလည်း ဆက်ကပ်ရမည်။
နွားသားပေါက်၊ သိုးသားပေါက်တို့ကိုလည်း မိခင်နှင့်အတူ ခုနစ်ရက်ပတ်လုံးနေစေ၍ ရှစ်ရက်မြောက်သောနေ့၌ ငါ့အားဆက်ကပ်ရမည်။
သားအိမ်မှအဦးဆုံးထွက်လာသောသူရှိသမျှတို့ကိုလည်းကောင်း၊ နွားဖြစ်စေ၊ သိုးဖြစ်စေ အဦးဆုံးပေါက်သော တိရစ္ဆာန်အထီးရှိသမျှတို့ကိုလည်းကောင်း ငါပိုင်၏။
နွားဖြစ်စေ၊ သိုးဖြစ်စေ ထာဝရဘုရားပိုင်၏။ ထာဝရဘုရားပိုင်သောအရာဖြစ်သည့် အဦးဆုံးပေါက်သောတိရစ္ဆာန်တို့၏သားဦးကို မည်သူမျှ မဆက်ကပ်ရ။
လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ ထာဝရဘုရားထံ ပူဇော်သည့် သားအိမ်မှအဦးဆုံးထွက်လာသောသတ္တဝါရှိသမျှသည် သင့်အဖို့ဖြစ်၏။ သို့သော် သင်သည် လူ၏သားဦးကို အမှန်ရွေးနုတ်ရမည်။ မစင်ကြယ်သောတိရစ္ဆာန်၏သားဦးကိုလည်း ရွေးနုတ်ရမည်။
သို့သော် နွားသားဦး၊ ဆိတ်သားဦး၊ သိုးသားဦးတို့သည် သန့်ရှင်းသည်ဖြစ်၍ မရွေးနုတ်ရ။ ထိုအကောင်တို့၏သွေးကို ယဇ်ပလ္လင်၌ ဖျန်းရမည်။ အဆီကိုမူ ထာဝရဘုရားထံ မွှေးကြိုင်သောရနံ့အဖြစ် မီးရှို့ပူဇော်ရမည်။
အကြောင်းမူကား သားဦးရှိသမျှတို့ကို ငါပိုင်၏။ အီဂျစ်ပြည်၌ သားဦးအပေါင်းတို့ကို ငါဒဏ်ခတ်သောနေ့တွင် ငါသည် အစ္စရေးလူမျိုးတို့ထဲမှ လူမှစ၍ တိရစ္ဆာန်၏သားဦးရှိသမျှတို့ကို ငါ့အဖို့ သန့်ရှင်းစေခဲ့သောကြောင့် သူတို့သည် ငါ့အပိုင်ဖြစ်၏။ ငါသည် ထာဝရဘုရားဖြစ်၏”ဟု မိန့်တော်မူ၏။
အကြောင်းမူကား ဘုရားသခင်သည် သိထားနှင့်တော်မူသောသူတို့ကို မိမိသားတော်၏ပုံသဏ္ဌာန်နှင့်တူညီစေရန် ကြိုတင်သတ်မှတ်ထားတော်မူ၏။ ဤသည်ကား သားတော်သည် များစွာသောညီအစ်ကိုတို့တွင် သားဦးဖြစ်မည့်အကြောင်းတည်း။
ထိုအခါ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် နာမတော်ကိန်းဝပ်ရာနေရာကိုရွေးချယ်တော်မူမည်။ သင်တို့အား ငါမှာကြားထားသမျှအတိုင်း သင်တို့၏မီးရှို့ရာယဇ်၊ ပူဇော်သက္ကာ၊ ဆယ်ဖို့တစ်ဖို့၊ အလှူပစ္စည်း၊ ထာဝရဘုရားထံ သင်တို့ကတိသစ္စာပြုထားသည့် ကတိသစ္စာဆိုင်ရာအကောင်းဆုံးပူဇော်သက္ကာရှိသမျှတို့ကို ထိုနေရာသို့ သင်တို့ယူဆောင်လာရမည်။
သင်၏ကောက်ပဲသီးနှံ၊ စပျစ်ဝိုင်အသစ်၊ ဆီ၊ နွားသားဦး၊ သိုးသားဦး၊ ကတိသစ္စာပြုထားသည့် ကတိသစ္စာဆိုင်ရာပူဇော်သက္ကာရှိသမျှ၊ စေတနာအလျောက်ပူဇော်သောပူဇော်သက္ကာ၊ အလှူပစ္စည်း စသည်တို့၏ဆယ်ဖို့တစ်ဖို့ကို သင်သည် မိမိမြို့၌ စားခွင့်မရှိ။
သင်၏ကောက်ပဲသီးနှံ၊ စပျစ်ဝိုင်အသစ်၊ ဆီ၊ နွားသားဦး၊ သိုးသားဦး စသည်တို့၏ဆယ်ဖို့တစ်ဖို့ကို နာမတော်ကိန်းဝပ်ရာအဖြစ် သင်၏ဘုရားသခင်ထာဝရဘုရားရွေးချယ်တော်မူသောနေရာ၊ ကိုယ်တော်၏ရှေ့တော်၌ စားရမည်။ ဤသို့ပြုခြင်းသည် သင်၏ဘုရားသခင်ထာဝရဘုရားကို အစဉ်အမြဲကြောက်ရွံ့မည့်အကြောင်း သင်ယူခြင်းဖြစ်၏။
ထိုသူသည် သူရင်းငှား၏လုပ်အားခနှစ်ဆဖြင့် သင့်ကို ခြောက်နှစ်ကျွန်ခံခဲ့ပြီဖြစ်သောကြောင့် သင်သည် ထိုသူကို လွတ်လပ်သောသူအဖြစ် သင့်ထံမှထွက်သွားခွင့်ပြုရမည်ကို ခက်ခဲသည်ဟု မထင်နှင့်။ ထိုသို့ပြုလျှင် သင်၏ဘုရားသခင်ထာဝရဘုရားသည် သင်ပြုလေရာရာ၌ သင့်ကိုကောင်းချီးပေးတော်မူမည်။
သင်မှစ၍ သင့်သားသမီးများ၊ ကျွန်ယောက်ျားကျွန်မိန်းမများ၊ သင့်မြို့အတွင်းရှိ လေဝိအမျိုးနှင့် သင်၌ရှိသော တိုင်းတစ်ပါးသား၊ ဖတဆိုး၊ မုဆိုးမ တို့သည် နာမတော်ကိန်းဝပ်ရာအဖြစ် သင်၏ဘုရားသခင်ထာဝရဘုရားရွေးချယ်တော်မူသောနေရာတွင် သင်၏ဘုရားသခင်ထာဝရဘုရား၏ရှေ့တော်၌ ဝမ်းမြောက်ရမည်။
သင်၏ပွဲတော်၌ သင်မှစ၍ သင့်သားသမီးများ၊ ကျွန်ယောက်ျားကျွန်မိန်းမများ၊ သင့်မြို့အတွင်းရှိ လေဝိအမျိုး၊ တိုင်းတစ်ပါးသား၊ ဖတဆိုး၊ မုဆိုးမ တို့သည် ဝမ်းမြောက်ရမည်။
ကောင်းကင်ဘုံစာရင်းဝင်သော သားဦးတို့၏အသင်းတော်သို့လည်းကောင်း၊ လူအပေါင်းတို့ကိုတရားစီရင်တော်မူသော ဘုရားသခင်ထံသို့လည်းကောင်း၊ စုံလင်ခြင်းသို့ရောက်သည့် ဖြောင့်မတ်သောသူတို့၏ဝိညာဉ်များထံသို့လည်းကောင်း၊