တရားဟော 14:23 - မြန်မာ့စံမီသမ္မာကျမ်း
23 သင်၏ကောက်ပဲသီးနှံ၊ စပျစ်ဝိုင်အသစ်၊ ဆီ၊ နွားသားဦး၊ သိုးသားဦး စသည်တို့၏ဆယ်ဖို့တစ်ဖို့ကို နာမတော်ကိန်းဝပ်ရာအဖြစ် သင်၏ဘုရားသခင်ထာဝရဘုရားရွေးချယ်တော်မူသောနေရာ၊ ကိုယ်တော်၏ရှေ့တော်၌ စားရမည်။ ဤသို့ပြုခြင်းသည် သင်၏ဘုရားသခင်ထာဝရဘုရားကို အစဉ်အမြဲကြောက်ရွံ့မည့်အကြောင်း သင်ယူခြင်းဖြစ်၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
23 ထို့နောက်သင်တို့၏ဘုရားသခင်ထာဝရ ဘုရား ရွေးချယ်ထားတော်မူသောဘုရား ဝတ်ပြုရာတစ်ခုတည်းသောဌာနသို့သွား၍ ထိုဌာနတွင်ကိုယ်တော်၏ရှေ့တော်၌ သင်တို့ ဆယ်ဖို့တစ်ဖို့သီးသန့်ဖယ်ထားသောစပါး၊ စပျစ်ရည်၊ သံလွင်ဆီ၊ နွားနှင့်သိုးတို့၏သား ဦးပေါက်များကိုစားသုံးရကြမည်။ ဤ နည်းအားဖြင့်သင်တို့၏ဘုရားသခင် ထာဝရဘုရားကို အစဉ်ကြောက်ရွံ့ရိုသေ ရမည်ဖြစ်ကြောင်းသင်တို့သိနားလည်ကြ လိမ့်မည်။-
အခန်းကိုကြည့်ပါ။ ကော်ပီ
23 နာ မ တော် တည် ရန် သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ရွေး ချယ် တော် မူ မည့် ဌာ န၌၊ ဆန် စ ပါး၊ စ ပျစ် ရည်၊ ဆီ များ အ နက်၊ ဆယ် ဖို့ တစ် ဖို့ အ လှူ နှင့် နွား၊ သိုး၊ ဆိတ် တို့ အ နက် သား ဦး များ ကို သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အား အ စဉ် ခန့် ညား ရန် သင် ကြား အံ့ သော ငှါ မျက် မှောက် တော် တွင် ပင် သုံး ဆောင် ကြ လော့။
အခန်းကိုကြည့်ပါ။ ကော်ပီ
23 သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည်၊ နာမတော်ကို တည်စေဖို့ရာ ရွေးကောက်တော်မူသောအရပ်၌ စပါး၊ စပျစ်ရည်၊ ဆီမှစ၍၊ သိုး၊ နွားတွင် အဦးဖွားသော သားငယ်ဆယ်ဖို့တစ်ဖို့ကို ရှေ့တော်မှာ စားရကြမည်။ ထိုသို့ပြုလျှင်၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားကို အစဉ်ကြောက်ရွံ့ရမည်အကြောင်း၊ သင်ရကြလိမ့်မည်။
အခန်းကိုကြည့်ပါ။ ကော်ပီ