သင်တို့ကြောင့် ထာဝရဘုရားသည် ငါ့ကိုလည်း အမျက်ထွက်တော်မူ၍ ‘သင်သည်လည်း ထိုပြည်သို့ ဝင်ရမည်မဟုတ်။
ထာဝရဘုရားသည်သင်တို့အတွက်ကြောင့်ငါ့ ကိုလည်းအမျက်တော်ထွက်လျက် ငါ့အား`သင် ကိုယ်တိုင်ပင်လျှင်ထိုပြည်သို့မဝင်ရ။-
ငါ့ အ ပေါ် တွင် သင် တို့ အ တွက် အ မျက် တော် ထား လျက် သင် လည်း ဝင် ခွင့် ရ မည် မ ဟုတ်။
သင်တို့အတွက် ထာဝရဘုရားသည် ငါ့ကိုလည်းအမျက်တော်ထွက်၍၊ သင်သည် ထိုပြည်သို့မဝင်စားရ။
သို့သော် ထာဝရဘုရားက မောရှေနှင့်အာရုန်အား “သင်တို့သည် ငါ့ကိုမယုံကြည်၊ အစ္စရေးအမျိုးသားတို့၏ရှေ့၌ ငါသန့်ရှင်းကြောင်း အသိအမှတ်မပြုကြသောကြောင့် သင်တို့သည် ဤလူအစုအဝေးတို့အား ငါပေးသောပြည်သို့ သူတို့ကို ပို့ဆောင်ရလိမ့်မည်မဟုတ်”ဟု မိန့်တော်မူ၏။
ထာဝရဘုရားကလည်း မောရှေအား “နုန်၏သားယောရှု၌ ဝိညာဉ်တော်တည်၏။ သူ့ကိုခေါ်၍ သင့်လက်ကို သူ့အပေါ်တင်လော့။
သင်သည် ဤဂျော်ဒန်မြစ်ကိုကူးသွားရမည်မဟုတ်သောကြောင့် ပိသဂါတောင်ထိပ်သို့ တက်သွားပြီး အရှေ့၊ အနောက်၊ တောင်၊ မြောက်သို့ မျှော်ကြည့်၍ ထိုပြည်ကိုကြည့်လော့။
ယောရှုသည် ဤလူမျိုးတို့ကို ဦးဆောင်လျက် ဂျော်ဒန်မြစ်ကိုကူးသွား၍ သင်တွေ့မြင်ရမည့်ပြည်ကို သူတို့အား အမွေခွဲပေးရမည်ဖြစ်သောကြောင့် သူ့ကိုညွှန်ကြားလော့။ သူ့ကို အားပေးထောက်မလော့’ဟု မိန့်တော်မူ၏။
“ယနေ့ ငါသည် အသက်တစ်ရာ့နှစ်ဆယ်ရှိပြီ။ မသွားမလာနိုင်တော့ပါ။ ထာဝရဘုရားကလည်း ‘သင်သည် ဤဂျော်ဒန်မြစ်ကိုမကူးရ’ဟု ငါ့အားမိန့်တော်မူပြီ။
ထို့ကြောင့် သင်သည် အစ္စရေးအမျိုးသားတို့အား ငါပေးသောပြည်ထဲသို့ ဝင်ရမည်မဟုတ်၊ အဝေးမှသာတွေ့မြင်ရမည်”ဟု မိန့်တော်မူ၏။
ထို့နောက် ထာဝရဘုရားက မောရှေအား “အာဗြဟံ၊ ဣဇက်၊ ယာကုပ်တို့အား ကျိန်ဆိုသည်နှင့်အညီ ဤပြည်ကား ‘သင်၏သားစဉ်မြေးဆက်တို့အား ငါပေးမည်’ဟု ကတိထားသောပြည်ဖြစ်၏။ သင့်မျက်စိဖြင့်တွေ့မြင်ခွင့်ကို ငါပေးသော်လည်း သင်သည် ထိုပြည်သို့ကူးသွားရမည်မဟုတ်”ဟု မိန့်တော်မူ၏။
ထာဝရဘုရားသည် သင်တို့ကြောင့် ငါ့ကို အမျက်ထွက်၍ ဂျော်ဒန်မြစ်ကို ငါမကူးရ၊ သင်တို့၏ဘုရားသခင်ထာဝရဘုရားက သင်တို့အား အမွေအဖြစ်ပေးတော်မူသည့် သာယာဝပြောသောပြည်သို့ ငါမဝင်ရဟု ကျိန်ဆိုတော်မူခဲ့၏။
သို့ဖြစ်၍ ငါသည် ဤအရပ်၌ သေရမည်။ ဂျော်ဒန်မြစ်ကို ငါမကူးရ။ သင်တို့မူကား ဂျော်ဒန်မြစ်ကိုကူး၍ သာယာဝပြောသောပြည်ကို ပိုင်ဆိုင်ရကြလိမ့်မည်။