Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တ​ရား​ဟော 1:37 - Common Language Bible

37 ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အ​တွက်​ကြောင့်​ငါ့ ကို​လည်း​အ​မျက်​တော်​ထွက်​လျက် ငါ့​အား`သင် ကိုယ်​တိုင်​ပင်​လျှင်​ထို​ပြည်​သို့​မ​ဝင်​ရ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

37 ငါ့ အ ပေါ် တွင် သင် တို့ အ တွက် အ မျက် တော် ထား လျက် သင် လည်း ဝင် ခွင့် ရ မည် မ ဟုတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

37 သင်​တို့​အ​တွက် ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို​လည်း​အ​မျက်​တော်​ထွက်၍၊ သင်​သည် ထို​ပြည်​သို့​မ​ဝင်​စား​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

37 သင်​တို့​ကြောင့် ထာဝရဘုရား​သည် ငါ့​ကို​လည်း အမျက်ထွက်​တော်မူ​၍ ‘​သင်​သည်​လည်း ထို​ပြည်​သို့ ဝင်​ရ​မည်​မ​ဟုတ်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




တ​ရား​ဟော 1:37
12 ပူးပေါင်းရင်းမြစ်များ  

သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​က မော​ရှေ​နှင့် အာ​ရုန်​တို့​အား``သင်​တို့​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ရှေ့​တွင်​ငါ့​တန်​ခိုး​တော်​ကို ယုံ​ကြည်​မှု​နည်း​သော​ကြောင့် က​တိ​ထား​သော ပြည်​သို့​သူ​တို့​အား​ပို့​ဆောင်​ရ​ကြ​လိမ့်​မည် မ​ဟုတ်'' ဟု​ဆုံး​မ​တော်​မူ​၏။


ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား``နုန်​၏​သား ယော​ရှု​သည်​အ​စွမ်း​သတ္တိ​နှင့်​ပြည့်​စုံ​သူ​ဖြစ် သော​ကြောင့် သူ​၏​ဦး​ခေါင်း​ပေါ်​မှာ​သင့်​လက် ကို​တင်​လော့။-


ပိ​သ​ဂါ​တောင်​ထိပ်​ပေါ်​သို့​တက်​၍​အရှေ့၊ အ​နောက်၊ တောင်၊ မြောက်​သို့​ကြည့်​လော့။ သင်​သည်​ယော်ဒန်​မြစ် တစ်​ဘက်​သို့​ကူး​ရ​မည်​မ​ဟုတ်​သော​ကြောင့် သင် မြင်​သ​မျှ​ကို​သေ​ချာ​စွာ​ကြည့်​ရှု​လော့။-


ယောရှု​အား​တာ​ဝန်​လွှဲ​အပ်​လော့။ သူ​သည်​ဤ​လူ မျိုး​ကို​ခေါင်း​ဆောင်​၍ သင်​မြင်​သော​ပြည်​သို့ ဖြတ်​ကူး​သိမ်း​ယူ​ရ​မည်​ဖြစ်​သော​ကြောင့်​သူ့ ကို​အား​ပေး​လော့။ ကြံ့​ခိုင်​စေ​လော့' ဟု​ငါ့ အား​မိန့်​တော်​မူ​၏။''


``ယ​ခု​ငါ​သည်​အ​သက်​တစ်​ရာ့​နှစ်​ဆယ်​ရှိ ပြီ​ဖြစ်​၍ သင်​တို့​အား​ဆက်​လက်​ခေါင်း​ဆောင်​နိုင် တော့​မည်​မ​ဟုတ်။ ထို့​အ​ပြင်​ငါ​သည်​ယော်​ဒန် မြစ်​တစ်​ဖက်​သို့​မ​ကူး​ရ​ဟု​ထာ​ဝ​ရ​ဘု​ရား က ငါ့​အား​မိန့်​ကြား​တော်​မူ​ပြီ။-


သင်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ငါ​ပေး​သော​ပြည်​ကို​မ​ဝင်​ရ​ဘဲ အ​ဝေး​မှ မြင်​ရုံ​သာ​မြင်​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။


ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``ဤ ပြည်​သည်​အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​၏ အ​ဆက်​အ​နွယ်​တို့​အား ပေး​မည်​ဟု​ငါ​က​တိ ထား​သော​ပြည်​ဖြစ်​သည်။ ယ​ခု​ဤ​ပြည်​ကို သင်​ကြည့်​ရှု​လော့။ သို့​ရာ​တွင်​ဤ​ပြည်​ကို သင်​မ​ဝင်​ရ'' ဟု​မိန့်​တော်​မူ​၏။


ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အ​တွက်​ကြောင့်​ငါ့​အား​အ​မျက်​တော် ထွက်​၍ ငါ​သည်​ယော်​ဒန်​မြစ်​တစ်​ဘက်​သို့​ကူး ၍ သင်​တို့​အား​ပေး​သ​နား​တော်​မူ​သည့်​အ​စာ ရေ​စာ​ပေါ​ကြွယ်​ဝ​သော​ပြည်​သို့ မ​ဝင်​ရ​ဟု အ​လေး​အ​နက်​ပညတ်​တော်​မူ​သည်။


ငါ​သည်​ဤ​အ​ရပ်​၌​သေ​ရ​မည်။ ယော်​ဒန်​မြစ် တစ်​ဘက်​သို့​ကူး​ရ​မည်​မ​ဟုတ်။ သို့​ရာ​တွင် သင်​တို့​သည်​မြစ်​ကို​ကူး​၍ အ​စာ​ရေ​စာ​ပေါ ကြွယ်​ဝ​သော​ပြည်​ကို​သိမ်း​ယူ​ရ​ကြ​တော့​မည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ