အကြောင်းမူကား ဤဘုရားသခင်သည် ကာလအစဉ်အဆက် ငါတို့၏ဘုရားသခင်ဖြစ်တော်မူ၏။ ကိုယ်တော်သည် ငါတို့သေဆုံးသည့်တိုင်အောင် ငါတို့ကို ပို့ဆောင်တော်မူလိမ့်မည်။
တောလည် 9:20 - မြန်မာ့စံမီသမ္မာကျမ်း မိုးတိမ်သည် ကိန်းဝပ်တော်မူရာတဲတော်အပေါ်၌ ရက်အနည်းငယ်သာ တည်နေသောအခါလည်းရှိ၏။ သူတို့သည် ထာဝရဘုရား၏အမိန့်တော်အတိုင်း စခန်းချကြ၏။ ထာဝရဘုရား၏အမိန့်တော်အတိုင်း ခရီးပြုကြ၏။ Common Language Bible တစ်ခါတစ်ရံမိုးတိမ်သည်တဲတော်အပေါ်တွင်ရက်အနည်းငယ်မျှသာတည်ရှိနေ၏။ မည်သို့ပင်ဖြစ်စေသူတို့သည်ထာဝရဘုရား၏အမိန့်တော်အတိုင်းသာ စခန်းချခြင်း၊ စခန်းဖြုတ်ခြင်းကိုပြုလုပ်ကြသည်။- Garrad Bible စံ ရာ တော် အ ထက် နေ့ ရက် အ နည်း ငယ် တိမ် တိုက် တည် နေ သော အ ခါ လည်း ထာ ဝ ရ ဘု ရား အ မိန့် တော် အ ရ စွဲ ရပ် ခြင်း၊ ချီ သွား ခြင်း ပြု ကြ၏။ Judson Bible မိုးတိမ်သည် တဲတော်အပေါ်မှာ နေ့ရက်အနည်းငယ်မျှ တည်နေသောအခါ၊ ထာဝရဘုရားအမိန့်တော်အတိုင်း၊ သူတို့သည် တဲ၌နေကြ၏။ ထာဝရဘုရား အမိန့်တော်အတိုင်းလည်း၊ ခရီးသွားကြ၏။ |
အကြောင်းမူကား ဤဘုရားသခင်သည် ကာလအစဉ်အဆက် ငါတို့၏ဘုရားသခင်ဖြစ်တော်မူ၏။ ကိုယ်တော်သည် ငါတို့သေဆုံးသည့်တိုင်အောင် ငါတို့ကို ပို့ဆောင်တော်မူလိမ့်မည်။
ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်ကိုးစားလော့။ မိမိ၏အသိဉာဏ်ကို အမှီမပြုနှင့်။
သင်ပြုမူကျင့်ကြံသမျှသောအမှုအရာတို့၌ ကိုယ်တော်ကို မျက်မှောက်ပြုလော့။ သို့ပြုလျှင် ကိုယ်တော်သည် သင်၏လမ်းခရီးတို့ကို ဖြောင့်တန်းစေတော်မူလိမ့်မည်။
မောရှေမှတစ်ဆင့် ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း သူတို့ခရီးပြုကြသည်မှာ ပထမအကြိမ်ဖြစ်၏။
အစ္စရေးအမျိုးသားတို့သည် ထာဝရဘုရား၏အမိန့်တော်အတိုင်း ခရီးပြုကြ၏၊ ထာဝရဘုရား၏အမိန့်တော်အတိုင်း စခန်းချကြ၏။ ကိန်းဝပ်တော်မူရာတဲတော်အပေါ်၌ မိုးတိမ်တည်နေသမျှကာလပတ်လုံး သူတို့ စခန်းချကြ၏။
မိုးတိမ်သည် ကိန်းဝပ်တော်မူရာတဲတော်အပေါ်၌ ရက်ပေါင်းများစွာတည်နေလျှင်လည်း အစ္စရေးအမျိုးသားတို့သည် ခရီးမပြုဘဲ ထာဝရဘုရား၏ညွှန်ကြားချက်ကို စောင့်လျက်နေကြ၏။
မိုးတိမ်သည် နေဝင်ချိန်မှ နံနက်အထိ တည်နေသောအခါလည်း ရှိ၏။ နံနက်အချိန် မိုးတိမ်ကွာလျှင် သူတို့ ခရီးပြုကြ၏။ နေ့ဖြစ်စေ၊ ညဖြစ်စေ မိုးတိမ်ကွာသည့်အခါတိုင်း သူတို့ ခရီးပြုကြ၏။
သူတို့ကို မထိတ်လန့်ကြနှင့်။ အကြောင်းမူကား ကြီးမြတ်၍ အံ့ဩဖွယ်ကောင်းသော သင်၏ဘုရားသခင်ထာဝရဘုရားသည် သင်နှင့်အတူရှိတော်မူ၏။