ထို့ပြင် သူတို့အား နေ့အချိန်၌ မိုးတိမ်တိုင်ဖြင့်လည်းကောင်း၊ ညအချိန်၌ သူတို့သွားသောလမ်းခရီးတွင် အလင်းရဖို့ မီးတိုင်ဖြင့်လည်းကောင်း ပို့ဆောင်တော်မူ၏။
တောလည် 9:15 - မြန်မာ့စံမီသမ္မာကျမ်း ကိန်းဝပ်တော်မူရာတဲတော်ကိုတည်သောနေ့၌ မိုးတိမ်သည် ကိန်းဝပ်တော်မူရာတဲတော်ဖြစ်သော သက်သေခံချက်တဲတော်ကို ဖုံးလွှမ်းလေ၏။ ထိုမိုးတိမ်သည် နေဝင်ချိန်မှ နံနက်တိုင်အောင် ကိန်းဝပ်တော်မူရာတဲတော်အပေါ်၌ မီးသဏ္ဌာန်ကဲ့သို့ တည်နေ၏။ Common Language Bible ထာဝရဘုရားစံတော်မူရာတဲတော်ကိုထူသောနေ့တွင် မိုးတိမ်သက်ဆင်းလာ၍တဲတော်ကိုဖုံးလွှမ်းလေသည်။ ညအချိန်တွင်မိုးတိမ်သည်မီးလျှံကဲ့သို့တောက်ပလျက်ရှိ၏။- Garrad Bible စံ ရာ တော် ကို စိုက် ထူ သော နေ့ ရက်၌ တိမ် တိုက် သည် သက် သေ တော် ရှိ တဲ တော် တည်း ဟူ သော စံ ရာ တော် ကို လွှမ်း မိုး ပြီး လျှင် ညဉ့် ဦး မှ စ၍ နံ နက် တိုင် အောင် စံ ရာ တော် အ ထက် မီး သ ဏ္ဌာန် တည်၏။ Judson Bible တဲတော်ကိုထူထောင်သောနေ့၌၊ မိုးတိမ်သည် တဲတောင်ပေါ်မှာတည်၍၊ သက်သေခံချက်တဲတော်ကို ဖုံးအုပ်လေ၏။ ညဉ့်ဦးမှစ၍ နံနက်တိုင်အောင် တဲတော်ပေါ်မှာ မီးကဲ့သို့ထင်လေ၏။ |
ထို့ပြင် သူတို့အား နေ့အချိန်၌ မိုးတိမ်တိုင်ဖြင့်လည်းကောင်း၊ ညအချိန်၌ သူတို့သွားသောလမ်းခရီးတွင် အလင်းရဖို့ မီးတိုင်ဖြင့်လည်းကောင်း ပို့ဆောင်တော်မူ၏။
ကိုယ်တော်သည် ကရုဏာတော်ကြီးမားသောကြောင့် သူတို့ကိုတောကန္တာရတွင် စွန့်ပစ်တော်မမူ။ နေ့အချိန်၌ သူတို့ကို လမ်းခရီးတွင်ပို့ဆောင်ရန် မိုးတိမ်တိုင်ကိုသူတို့ရှေ့မှမဖယ်ရှား၊ ညအချိန်၌ သူတို့သွားသောလမ်းခရီးတွင်လည်း အလင်းရရှိရန် မီးတိုင်ဖြင့် ပို့ဆောင်တော်မူ၏။
ကိုယ်တော်သည် သူတို့ကိုအုပ်မိုးရန် မိုးတိမ်ကိုလည်းကောင်း၊ ညအချိန်တွင် အလင်းပေးရန် မီးကိုလည်းကောင်း ဖြန့်ထားတော်မူ၏။
နေ့အချိန်၌ မိုးတိမ်အားဖြင့်လည်းကောင်း၊ ညအချိန်၌ တစ်ညလုံး မီးအလင်းရောင်အားဖြင့်လည်းကောင်း သူတို့ကိုပို့ဆောင်တော်မူ၏။
နေ့အချိန်၌ဖြစ်စေ၊ ညအချိန်၌ဖြစ်စေ ခရီးသွားနိုင်မည့်အကြောင်း ထာဝရဘုရားသည် လမ်းခရီးတွင် သူတို့ကိုပို့ဆောင်ရန် နေ့အချိန်၌ မိုးတိမ်တိုင်အဖြစ်လည်းကောင်း၊ ညအချိန်၌ သူတို့ကိုအလင်းပေးရန် မီးတိုင်အဖြစ်လည်းကောင်း သူတို့၏ရှေ့မှ ကြွတော်မူ၏။
နေ့အချိန်၌ မိုးတိမ်တိုင်၊ ညအချိန်၌ မီးတိုင်ကို လူတို့၏ရှေ့မှ ရုပ်သိမ်းတော်မမူပေ။
မိုးသောက်ချိန်ရောက်သောအခါ ထာဝရဘုရားသည် အီဂျစ်တပ်ကို မီးတိုင်၊ မိုးတိမ်တိုင်ထဲမှ ငုံ့ကြည့်တော်မူ၍ အီဂျစ်တပ်တို့ကို ကစဥ့်ကလျားဖြစ်စေတော်မူ၏။
“ပထမလ၏ပထမနေ့၌ သင်သည် တွေ့ဆုံစည်းဝေးရာတဲတော်တည်းဟူသော ကိန်းဝပ်တော်မူရာတဲတော်ကိုတည်၍
ထိုအခါ မိုးတိမ်သည် တွေ့ဆုံစည်းဝေးရာတဲတော်ကိုဖုံးလွှမ်း၍ ကိန်းဝပ်တော်မူရာတဲတော်သည် ထာဝရဘုရား၏ဘုန်းအသရေတော်ဖြင့်ပြည့်လေ၏။
မိုးတိမ်သည် တွေ့ဆုံစည်းဝေးရာတဲတော်ပေါ်၌တည်နေ၍ ကိန်းဝပ်တော်မူရာတဲတော်သည် ထာဝရဘုရား၏ဘုန်းအသရေတော်ဖြင့်ပြည့်လျက်ရှိသောကြောင့် မောရှေသည် တွေ့ဆုံစည်းဝေးရာတဲတော်ထဲသို့ မဝင်နိုင်ပေ။
ခရီးလမ်းတစ်လျှောက်လုံးတွင် ထာဝရဘုရား၏မိုးတိမ်သည် နေ့အချိန်တွင် ကိန်းဝပ်တော်မူရာတဲတော်အပေါ်၌ရှိ၍ ညအချိန်တွင် မိုးတိမ်ထဲ၌ မီးလင်းနေသည်ကို အစ္စရေးအမျိုးသားအပေါင်းတို့မြင်ရ၏။
ထာဝရဘုရားသည် ဇိအုန်တောင်၏ဓမ္မစည်းဝေးရာနေရာမှစ၍ ထိုတောင်၏နေရာအနှံ့တွင် နေ့အချိန်၌ မိုးတိမ်နှင့်မီးခိုးကိုလည်းကောင်း၊ ညအချိန်၌ တောက်ပသောမီးလျှံကိုလည်းကောင်း ဖြစ်ပေါ်စေတော်မူမည်။ အကယ်စင်စစ် ဘုန်းအသရေရှိသမျှတို့အပေါ်၌ မျက်နှာကြက်ရှိမည်။
သူတို့သည် တပ်စခန်းမှ ခရီးပြုကြသောအခါ နေ့အချိန်၌ ထာဝရဘုရား၏မိုးတိမ်သည် သူတို့အပေါ်တွင် တည်၏။
ဤပြည်၌နေထိုင်သောသူတို့အား ပြောပြကြပါလိမ့်မည်။ အို ထာဝရဘုရား၊ ကိုယ်တော်သည် ဤလူမျိုးအလယ်၌ ရှိတော်မူကြောင်းကိုလည်းကောင်း၊ အို ထာဝရဘုရား၊ သူတို့သည် ကိုယ်တော်ကို ကိုယ်တိုင်မြင်ရ၍ ကိုယ်တော်၏မိုးတိမ်သည် သူတို့အပေါ်၌တည်လျက် နေ့အချိန်၌ မိုးတိမ်တိုင်၊ ညအချိန်၌ မီးတိုင်အားဖြင့် ကိုယ်တော်သည် သူတို့၏ရှေ့မှ ကြွတော်မူကြောင်းကိုလည်းကောင်း ဤပြည်သားတို့ကြားထားကြပါပြီ။
မောရှေသည် ထိုတောင်ဝှေးတို့ကို သက်သေခံချက်တဲတော်အတွင်း ထာဝရဘုရားရှေ့တော်၌ ထားလေ၏။
ညီအစ်ကိုတို့၊ အောက်ပါအကြောင်းအရာများကို သင်တို့မသိဘဲ မနေစေလိုပါ။ ငါတို့၏ဘိုးဘေးများအားလုံးသည် မိုးတိမ်အောက်၌ရှိခဲ့၍ အားလုံးသည် ပင်လယ်ကို ဖြတ်ကျော်ခဲ့ကြပြီး
ဘုရားသခင်သည် လမ်းခရီး၌ သင်တို့ရှေ့မှကြွလျက် သင်တို့စခန်းချဖို့နေရာကို စူးစမ်းတော်မူ၍ သင်တို့သွားရမည့်လမ်းကို ညအချိန်၌ မီးအားဖြင့်၊ နေ့အချိန်၌ မိုးတိမ်အားဖြင့် ပြပေးတော်မူခဲ့၏။