ထို့ကြောင့် ယာကုပ်သည် မိမိ၏အိမ်သူအိမ်သားတို့မှစ၍ မိမိနှင့်အတူရှိသောသူအပေါင်းတို့အား “သင်တို့၌ရှိသောတိုင်းတစ်ပါးသား၏ဘုရားများကို ဖယ်ရှားကြလော့။ သင်တို့ကိုယ်သင်တို့ စင်ကြယ်စေ၍ သင်တို့၏အဝတ်အစားများကို လဲကြလော့။
တောလည် 8:7 - မြန်မာ့စံမီသမ္မာကျမ်း သူတို့စင်ကြယ်အောင် ဤသို့ပြုရမည်။ သူတို့အပေါ် စင်ကြယ်စေခြင်းဆိုင်ရာရေကို ဖျန်းရမည်။ သူတို့သည် တစ်ကိုယ်လုံးရှိအမွေးများကိုရိတ်ပြီး အဝတ်များကို လျှော်ခြင်းဖြင့် မိမိကိုယ်မိမိ စင်ကြယ်စေရမည်။ Common Language Bible သန့်စင်ရေးဆိုင်ရာရေကိုသူတို့၏ကိုယ်ပေါ် တွင်ဖျန်း၍ တစ်ကိုယ်လုံးရှိအမွေးများကို ရိတ်စေပြီးလျှင်အဝတ်များကိုလျှော်ဖွပ် စေရမည်။ ထိုအခါသူတို့သည်ဘာသာ ရေးထုံးနည်းအရသန့်စင်လာလိမ့်မည်။- Garrad Bible သန့် စေ ရ မည့် နည်း ဟူ မူ ကား၊ အ ပြစ် ကင်း ရှင်း ခြင်း ရေ ဖြင့် သူ တို့ ကို ဖျန်း ပြီး လျှင် မိ မိ တို့ လည်း သန့် ရာ ရောက် ကြ ရန် တစ် ကိုယ် လုံး အ မွေး ရိတ် ပယ် ခြင်း၊ အ ဝတ် လျှော် ခြင်း၊ Judson Bible စင်ကြယ်စေခြင်းငှာ ပြုရမည်အမှုဟူမူကား၊ စင်ကြယ်ခြင်းမင်္ဂလာရေကို သူတို့အပေါ်မှာဖျန်း၍၊ သူတို့သည် တစ်ကိုယ်လုံးကိုအမွေးရိတ်ခြင်း၊ အဝတ်လျှော်ခြင်းကိုပြုသဖြင့် စင်ကြယ်စေရမည်။ |
ထို့ကြောင့် ယာကုပ်သည် မိမိ၏အိမ်သူအိမ်သားတို့မှစ၍ မိမိနှင့်အတူရှိသောသူအပေါင်းတို့အား “သင်တို့၌ရှိသောတိုင်းတစ်ပါးသား၏ဘုရားများကို ဖယ်ရှားကြလော့။ သင်တို့ကိုယ်သင်တို့ စင်ကြယ်စေ၍ သင်တို့၏အဝတ်အစားများကို လဲကြလော့။
အကျွန်ုပ်၏ဒုစရိုက်ကို အကုန်အစင်ဆေးကြော၍ အကျွန်ုပ်၏အပြစ်မှ အကျွန်ုပ်ကိုစင်ကြယ်စေတော်မူပါ။
အကျွန်ုပ်ကို ဟုဿုပ်ခက်ဖြင့် သန့်စင်စေတော်မူပါ။ ထိုအခါ အကျွန်ုပ်သည် စင်ကြယ်ပါလိမ့်မည်။ အကျွန်ုပ်ကိုဆေးကြောတော်မူပါ။ ထိုအခါ အကျွန်ုပ်သည် နှင်းပွင့်ထက် ပို၍ဖြူပါလိမ့်မည်။
တစ်ဖန် ထာဝရဘုရားက မောရှေအား “လူတို့ထံသို့သွား၍ ယနေ့နှင့်မနက်ဖြန်တွင် သူတို့ကို သန့်ရှင်းစေလော့။ သူတို့၏အဝတ်အစားများကိုလည်း လျှော်စေလော့။
သူသည် လူမျိုးများစွာတို့ကို သန့်ရှင်းစေမည်။ ရှင်ဘုရင်တို့သည် သူ့ကြောင့် နှုတ်ပိတ်လျက်နေမည်။ အကြောင်းမူကား သူတို့အား မပြောပြဖူးသောအရာကို သူတို့သိမြင်ကြလိမ့်မည်။ သူတို့မကြားဖူးသောအရာကိုလည်း သူတို့နားလည်ကြလိမ့်မည်။
အို ဂျေရုဆလင်မြို့၊ ကယ်တင်ခြင်းခံရရန် ဆိုးညစ်သောသင်၏စိတ်နှလုံးကို သန့်ရှင်းစင်ကြယ်စေလော့။ ယုတ်ညံ့သောအကြံအစည်များကို သင့်စိတ်ထဲ၌ မည်မျှကြာအောင် ရှိနေစေမည်နည်း။
သင်တို့ကို သန့်ရှင်းသောရေနှင့်ပက်ဖျန်းသဖြင့် သင်တို့သည် စင်ကြယ်လိမ့်မည်။ သင်တို့၏အညစ်အကြေး၊ သင်တို့၏ရုပ်တုဆင်းတုရှိသမျှတို့မှလည်း သင်တို့ကို စင်ကြယ်စေမည်။
၎င်းတို့ကို ထိမိသောသူတိုင်း မစင်မကြယ်ဖြစ်၏။ မိမိအဝတ်ကိုလျှော်၍ ရေချိုးရမည်။ ထိုသူသည် နေဝင်ချိန်အထိ မစင်မကြယ်ဖြစ်၏။
အရိအရွဲထွက်သူထိုင်ခဲ့သောဝတ္ထုပစ္စည်းပေါ်၌ ထိုင်မိသောသူသည် မိမိအဝတ်ကိုလျှော်၍ ရေချိုးရမည်။ သူသည် နေဝင်ချိန်အထိ မစင်မကြယ်ဖြစ်၏။
ထိုအရာတို့ကိုရှို့သောသူသည် မိမိအဝတ်ကိုလျှော်၍ ရေချိုးရမည်။ ထို့နောက်မှ တပ်စခန်းထဲသို့ ပြန်ဝင်ရမည်။
ထို့နောက် မောရှေသည် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း အာရုန်နှင့်သူ၏သားတို့ကိုခေါ်ဆောင်လာ၍ သူတို့ကို ရေဖြင့် ဆေးကြောပေးပြီးလျှင်
လူသေအလောင်းကို ထိမိပြီး မိမိကိုယ်မိမိ မသန့်စင်စေသောသူမည်သူမဆို ထာဝရဘုရား၏ကိန်းဝပ်တော်မူရာတဲတော်ကို ညစ်ညူးစေရာရောက်၏။ သူသည် အစ္စရေးလူမျိုးထဲမှ ပယ်ဖျက်ခြင်းကို ခံရမည်။ သူသည် စင်ကြယ်စေခြင်းရေဖျန်းခြင်းကို မခံသောကြောင့် မစင်မကြယ်ဖြစ်၏။ အညစ်အကြေးသည် သူ၌ရှိနေဆဲဖြစ်၏။
သင်တို့၏အဝတ်နှင့် သားရေအသုံးအဆောင်ရှိသမျှ၊ ဆိတ်မွေးဖြင့်ပြုလုပ်ထားသောအရာနှင့် သစ်သားအသုံးအဆောင် ရှိသမျှတို့ကိုလည်း သန့်စင်စေရမည်”ဟု ဆိုလေ၏။
လေဝိအမျိုးတို့သည် မိမိကိုယ်မိမိသန့်စင်အောင်ပြု၍ မိမိတို့၏အဝတ်များကိုလျှော်ပြီးသောအခါ အာရုန်သည် သူတို့ကို ထာဝရဘုရားရှေ့တော်၌ ချီလွှဲရာပူဇော်သက္ကာအဖြစ် ဆက်ကပ်လေ၏။ အာရုန်သည် သူတို့စင်ကြယ်စေရန် သူတို့အတွက် အပြစ်ဖြေလွှတ်ခြင်းကိုလည်းပြုလေ၏။
ထိုအရာတို့သည် စားစရာ၊ သောက်စရာနှင့် အထူးထူးအပြားပြားသောဆေးကြောခြင်းဝတ်များနှင့်ဆိုင်၍ အသစ်ပြုပြင်ရာကာလတိုင်အောင် ထုံးဖွဲ့ထားသော ကိုယ်ကာယနှင့်ဆိုင်သည့် ပြဋ္ဌာန်းချက်များသာဖြစ်ကြ၏။
အကြောင်းမူကား ညစ်ညူးခြင်းရှိသောသူတို့အပေါ်ပက်ဖျန်းသော ဆိတ်သွေး၊ နွားလား၏သွေးနှင့် နွားမတမ်း၏ပြာတို့သည် ကိုယ်ကာယကိုစင်ကြယ်စေ၍ သူတို့ကိုသန့်ရှင်းစေသည်ဆိုလျှင်
ဘုရားသခင်ထံတော်သို့ ချဉ်းကပ်ကြလော့။ သို့ပြုလျှင် ကိုယ်တော်သည် သင်တို့ထံ ချဉ်းကပ်တော်မူလိမ့်မည်။ အပြစ်သားတို့၊ သင်တို့လက်ကို စင်ကြယ်စေကြလော့။ စိတ်နှစ်ခွရှိသောသူတို့၊ သင်တို့စိတ်နှလုံးကို သန့်ရှင်းစင်ကြယ်စေကြလော့။
ဤအရာသည် ယခု သင်တို့ကိုကယ်တင်သော ဗတ္တိဇံကိုပုံဆောင်၏။ ဗတ္တိဇံသည် ကိုယ်ကာယ၏အညစ်အကြေးကို ချွတ်ပယ်ခြင်းမဟုတ်ဘဲ ယေရှုခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်းအားဖြင့် ကြည်လင်သောအသိစိတ်ကို ဘုရားသခင်ထံတောင်းလျှောက်ခြင်းဖြစ်၏။
ငါကလည်း “သခင်၊ ကိုယ်တော်သိပါ၏”ဟု ပြန်လျှောက်လျှင် ထိုသူက “ဤသူတို့သည် ကြီးစွာသောဆင်းရဲဒုက္ခထဲမှ ထွက်လာသောသူများဖြစ်ကြ၏။ သူတို့သည် မိမိတို့၏ဝတ်လုံများကို သိုးသငယ်တော်၏သွေးတော်အားဖြင့် လျှော်ဖွပ်လျက် ဖြူဖွေးစေကြ၏။