သင်တို့ယူသောအကောင်သည် အပြစ်အနာအဆာကင်းသော တစ်နှစ်သားအရွယ်အထီးဖြစ်ရမည်။ သိုး၊ သို့မဟုတ် ဆိတ်တို့ထဲမှ ယူနိုင်၏။
တောလည် 6:12 - မြန်မာ့စံမီသမ္မာကျမ်း သူ၏နာဇရိလူဖြစ်ခြင်းသည် ညစ်ညူးသွားသောကြောင့် ယခင်ကာလသည် ပျက်ပြယ်သွား၏။ ထို့ကြောင့် သူသည် နာဇရိလူအဖြစ် ထာဝရဘုရားအတွက် မိမိကိုယ်မိမိ သီးခြားထားရန် ဒုစရိုက်ဖြေရာယဇ်အဖြစ် တစ်နှစ်သားအရွယ် သိုးသငယ်တစ်ကောင်ကို ယူဆောင်လာရမည်။ Common Language Bible နာဇရိဂိုဏ်းဝင်အဖြစ် မိမိကိုယ်ကိုအသစ် တစ်ဖန်ဆက်ကပ်ရမည်။ ထာဝရဘုရားအား ဆက်ကပ်ထားသောဆံပင်သည်ညစ်ညမ်းသွား သောကြောင့် ယခင်အဋ္ဌိဋ္ဌာန်ကာလသည်ပျက် ပြယ်ပြီဖြစ်၏။ သူသည်ပြစ်ဒဏ်ပြေရာယဇ် ပူဇော်ရန် တစ်နှစ်သားသိုးကလေးကိုယူ ခဲ့ရမည်။ Garrad Bible မ သန့် ရာ ရောက် သည့် အ တွက် သီး ခြား နေ ခဲ့ သော အ ဓိ ဋ္ဌာန် ရက် ပျက် သော ကြောင့် ပြစ် ဒဏ် ပြေ ရာ သ က္ကာ အ ဖြစ် အ ခါ လည် သော သိုး သား ငယ် တစ် ကောင် ကို ဆောင် သွင်း လျက် ထာ ဝ ရ ဘု ရား အ ဖို့ ပျက် ခဲ့ သော အ ဓိ ဋ္ဌာန် ရက် နှင့် အ မျှ သီး ခြား ထား ရ ဦး မည်။ Judson Bible အရင်ခြားနားစေသောကာလကို ထာဝရဘုရားအဖို့ တစ်ဖန် ခြားနားစေ၍ အခါလည်သော သိုးသငယ်တစ်ကောင်ကို ဒုစရိုက်ဖြေရာယဇ်ပြု၍ ပူဇော်ရမည်။ အရင်ခြားနားခြင်းပျက်သောကြောင့် လွန်သောကာလပျောက်ရမည်။ |
သင်တို့ယူသောအကောင်သည် အပြစ်အနာအဆာကင်းသော တစ်နှစ်သားအရွယ်အထီးဖြစ်ရမည်။ သိုး၊ သို့မဟုတ် ဆိတ်တို့ထဲမှ ယူနိုင်၏။
‘ဖြောင့်မတ်သောသူသည် ဖြောင့်မတ်ရာလမ်းမှလွဲ၍ ဆိုးယုတ်သောသူတို့ကဲ့သို့ မတရားမှု၊ စက်ဆုပ်ရွံရှာဖွယ်အမှုတို့ကို ပြုလျှင် သူသည် အသက်ချမ်းသာရာရမည်လော။ သူပြုခဲ့သောဖြောင့်မတ်ခြင်းအမှုတို့ကို အမှတ်ရမည်မဟုတ်။ သူသည် ဖောက်ပြန်၍ အပြစ်ပြုသောကြောင့် သေရမည်။
ယဇ်ပုရောဟိတ်သည် အပြစ်ဒဏ်ဖြေရာယဇ်ဖြစ်သောသိုးသငယ်နှင့် ဆီတစ်လောဃကို ယူရမည်။ ယဇ်ပုရောဟိတ်သည် ၎င်းတို့ကို ထာဝရဘုရားရှေ့တော်၌ ချီလွှဲရာပူဇော်သက္ကာအဖြစ် ချီလွှဲရမည်။
သူကျူးလွန်မိခဲ့သောအပြစ်အတွက် အပြစ်ဒဏ်ဖြေရာယဇ်ပူဇော်ရန် သိုးဆိတ်တို့ထဲမှ သိုးသငယ်အမကိုဖြစ်စေ၊ ဆိတ်သငယ်အမကိုဖြစ်စေ အပြစ်ဖြေရာယဇ်အဖြစ် ထာဝရဘုရားထံသို့ယူဆောင်လာရမည်။ ယဇ်ပုရောဟိတ်သည် သူ့အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးရမည်။
သူသည် သိုးသငယ်ကို ပူဇော်ရန်မတတ်နိုင်လျှင် သူကျူးလွန်မိခဲ့သောအပြစ်အတွက် အပြစ်ဒဏ်ဖြေရာယဇ်အဖြစ် ချိုးငှက်နှစ်ကောင်၊ သို့မဟုတ် ခိုငယ်နှစ်ကောင်ကို ထာဝရဘုရားထံသို့ ယူဆောင်လာရမည်။ တစ်ကောင်သည် အပြစ်ဖြေရာယဇ်အတွက်ဖြစ်ပြီး ကျန်တစ်ကောင်သည် မီးရှို့ရာယဇ်အတွက်ဖြစ်၏။
ယဇ်ပုရောဟိတ်သည် တစ်ကောင်ကို အပြစ်ဖြေရာယဇ်အတွက်၊ ကျန်တစ်ကောင်ကို မီးရှို့ရာယဇ်အတွက် ပူဇော်ခြင်းဖြင့် အသေကောင်ကြောင့် ပြစ်မှားရာရောက်သော ထိုသူအတွက် အပြစ်ဖြေလွှတ်ခြင်းကို ပြုပေးရမည်။ ထိုနေ့၌ပင် သူ၏ဦးခေါင်းကို သန့်ရှင်းစေရမည်။
နာဇရိလူနှင့်ဆိုင်သောတရားကား ဤသို့ဖြစ်၏။ နာဇရိလူသည် မိမိကိုယ်မိမိ သီးခြားထားသည့်ကာလပြည့်သောနေ့၌ တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝသို့ လာရမည်။
ယေရှုကလည်း“ယခုအခါတွင် အခွင့်ပေးလော့။ အကြောင်းမူကား ငါတို့သည် ဖြောင့်မတ်ခြင်းအလုံးစုံကို ဤသို့ပြည့်စုံစေသင့်၏”ဟု မိန့်တော်မူ၏။ ထိုအခါ ယောဟန်သည် ကိုယ်တော်ကိုအခွင့်ပေးလေ၏။
အဘယ်ကြောင့်ဆိုသော် ပညတ်တရားအလုံးစုံကိုစောင့်ထိန်းသော်လည်း တစ်ပါးကိုမှားလျှင် ပညတ်တရားအလုံးစုံကို ကျူးလွန်ရာရောက်၏။
သင်တို့သည် ငါတို့လုပ်ဆောင်ခဲ့သောအရာကိုမဆုံးရှုံးစေဘဲ အကျိုးကျေးဇူးကိုအပြည့်အဝခံစားရစေရန် မိမိတို့ကိုယ်ကိုသတိပြုကြလော့။