Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဝတ်​ပြု 14:24 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

24 ယဇ်ပုရောဟိတ်​သည် အပြစ်ဒဏ်ဖြေရာယဇ်​ဖြစ်​သော​သိုးသငယ်​နှင့် ဆီ​တစ်​လောဃ​ကို ယူ​ရ​မည်​။ ယဇ်ပုရောဟိတ်​သည် ၎င်း​တို့​ကို ထာဝရဘုရား​ရှေ့​တော်​၌ ချီလွှဲရာပူဇော်သက္ကာ​အဖြစ် ချီလွှဲ​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

24 ယဇ်​ပု​ရော​ဟိတ်​သည်​သိုး​နှင့်​သံ​လွင်​ဆီ​ကို ယဇ်​ပု​ရော​ဟိတ်​အ​တွက် ထာ​ဝ​ရ​ဘု​ရား​အား အ​ထူး​ပူ​ဇော်​သ​ကာ​အ​ဖြစ်​ဆက်​ကပ်​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

24 ပ ရော ဟိတ် သည် ပြစ် ဒဏ် ပြေ ရာ သ က္ကာ သိုး နှင့် ဆီ အ စိတ် ကို ယူ၍ ဦး တိုက် ရာ အ လှူ အ ဖြစ် ထာ ဝ ရ ဘု ရား ရှေ့ ဦး တိုက် ခြင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

24 ယဇ်​ပု​ရော​ဟိတ်​သည် ဒု​စ​ရိုက်​အ​ပြစ်​ဖြေ​ရာ ယဇ်​သိုး​သ​ငယ်​နှင့် ဆီ​တစ်​လော​ဃ​ကို​ယူ၍ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌​ချီ​လွှဲ​ရာ၊ ပူ​ဇော်​သ​ကာ​ဖို့ ချီ​လွှဲ​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဝတ်​ပြု 14:24
4 ပူးပေါင်းရင်းမြစ်များ  

ရှစ်​ရက်​မြောက်​သော​နေ့​၌ အပြစ်အနာအဆာကင်း​သော​သိုးသငယ်​အထီး​နှစ်​ကောင်​၊ အပြစ်အနာအဆာကင်း​သော​တစ်နှစ်သားအရွယ်​သိုးသငယ်အမ​တစ်​ကောင်​၊ ဘောဇဉ်ပူဇော်သက္ကာ​အတွက် ဆီ​နှင့်​ရော​သော​အကောင်းဆုံး​ဂျုံမှုန့်​တစ်​ဧဖာ​၏​ဆယ်ပုံသုံးပုံ​နှင့် ဆီ​တစ်​လောဃ​ကို ယူဆောင်​လာ​ရ​မည်​။


ယဇ်ပုရောဟိတ်​သည် သိုးသငယ်​အထီး​တစ်​ကောင်​ကို​ယူ​၍ အပြစ်ဒဏ်ဖြေရာယဇ်​အဖြစ် ဆီ​တစ်​လောဃ​နှင့်အတူ ပူဇော်​ပြီး ထာဝရဘုရား​ရှေ့​တော်​၌ ချီလွှဲရာပူဇော်သက္ကာ​အဖြစ် ချီလွှဲ​ရ​မည်​။


ချိုးငှက်​နှစ်​ကောင်​၊ သို့မဟုတ် ခိုငယ်​နှစ်​ကောင်​ကို​လည်းကောင်း မိမိ​တတ်နိုင်​သည့်​အတိုင်း ယူဆောင်​လာ​ရ​မည်​။ တစ်​ကောင်​သည် အပြစ်ဖြေရာယဇ်​အတွက်​ဖြစ်​၍ ကျန်​တစ်​ကောင်​သည် မီးရှို့ရာယဇ်​အတွက်​ဖြစ်​၏​။


သူ​သည် သိုးသငယ်​ကို ပူဇော်​ရန်​မ​တတ်နိုင်​လျှင် သူ​ကျူးလွန်​မိ​ခဲ့​သော​အပြစ်​အတွက် အပြစ်ဒဏ်ဖြေရာယဇ်​အဖြစ် ချိုးငှက်​နှစ်​ကောင်​၊ သို့မဟုတ် ခိုငယ်​နှစ်​ကောင်​ကို ထာဝရဘုရား​ထံသို့ ယူဆောင်​လာ​ရ​မည်​။ တစ်​ကောင်​သည် အပြစ်ဖြေရာယဇ်​အတွက်​ဖြစ်ပြီး ကျန်​တစ်​ကောင်​သည် မီးရှို့ရာယဇ်​အတွက်​ဖြစ်​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ