သင်သည် အူနာသောရောဂါဖြင့် ဝေဒနာကို ပြင်းထန်စွာခံစားရမည်။ အူများထွက်ကျလာသည်အထိ တစ်နေ့ထက်တစ်နေ့တိုး၍ သင်ဝေဒနာခံစားရမည်’ဟူ၍ မိန့်တော်မူပြီ”ဟု ပါရှိ၏။
တောလည် 5:21 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားသည် သင်၏ပေါင်ကိုချည့်နဲ့စေ၍ ဝမ်းကိုဖောရောင်စေခြင်းဖြင့် သင့်ကို သင့်လူမျိုးအလယ်၌ ကျိန်ခြင်းခံရသောသူ၊ ကျိန်စာမိသောသူအဖြစ် ထာဝရဘုရားစီရင်တော်မူပါစေ။ Common Language Bible သင်သည်သင်၏လူမျိုးအတွက်အမင်္ဂလာ ဖြစ်ပါစေသား။ သင်၏မိန်းမအင်္ဂါတို့သည် ခြောက်ကပ်လာ၍ သင်၏ဝမ်းဗိုက်သည်ဖောင်း ပွလာလိမ့်မည်။- Garrad Bible ထာ ဝ ရ ဘု ရား သည် သင်၌ ပေါင် သိမ် ခြင်း၊ ဝမ်း ဖော ခြင်း ဖြစ် စေ သ ဖြင့် ဆွေ မျိုး သား ချင်း တို့ ဘောင် တွင် ကျိန် ဆို ရာ၊ ဆဲ ရေး ရာ၊ ရောက် စေ တော် မူ ပါ စေ သော။ အ မင်္ဂ လာ ဖြစ် စေ သော ဤ ရေ သည် သင့် ဝမ်း တွင်း သို့ ရောက်၍ ဝမ်း ဖော ခြင်း၊ ပေါင် သိမ် ခြင်း ဖြစ် စေ လိမ့် မည် ဟု ဆို လျက် အ မင်္ဂ လာ အ ကျိန် ထိုက် သည့် အ တိုင်း မိန်း မ က အာ မင်၊ အာ မင် ဟု ဝန် ခံ စေ။ Judson Bible ထာဝရဘုရားသည်၊ သင်၏ပေါင်ကိုပိန်စေ၍ ဝမ်းကိုလည်းရောင်စေသဖြင့်၊ သင့်ကိုကျိန်အပ်သောသူ၊ အထိမ်းအမှတ်ပြု၍ လူများကျိန်ဆိုခြင်းကိုခံရသောသူ ဖြစ်စေခြင်းငှာ စီရင်တော်မူစေသတည်း။ |
သင်သည် အူနာသောရောဂါဖြင့် ဝေဒနာကို ပြင်းထန်စွာခံစားရမည်။ အူများထွက်ကျလာသည်အထိ တစ်နေ့ထက်တစ်နေ့တိုး၍ သင်ဝေဒနာခံစားရမည်’ဟူ၍ မိန့်တော်မူပြီ”ဟု ပါရှိ၏။
သူတို့၏ဆွေမျိုးသားချင်းခေါင်းဆောင်များနှင့်အတူ ဘုရားသခင်၏အစေအပါးမောရှေအားဖြင့်ပေးအပ်တော်မူသော ဘုရားသခင်၏ပညတ်တရားကို လိုက်နာပါမည်။ ဘုရားရှင်ထာဝရဘုရား၏ပညတ်တော်များ၊ စီရင်ထုံးဖွဲ့ချက်များ၊ ပြဋ္ဌာန်းချက်အားလုံးတို့ကို လိုက်နာစောင့်ထိန်းပါမည်။
ဖြောင့်မတ်သောသူနှင့်ဆိုင်သောအောက်မေ့စရာသည် ကောင်းချီးမင်္ဂလာဖြစ်၏။ ဆိုးယုတ်သောသူ၏အမည်မူကား ပျောက်ပျက်သွားလိမ့်မည်။
သင်တို့၏နာမည်သည် ငါရွေးချယ်သောသူတို့ ကျိန်ဆဲစရာအဖြစ် ကျန်ရစ်မည်။ အရှင်ထာဝရဘုရားသည် သင့်ကိုကွပ်မျက်တော်မူမည်။ မိမိ၏အစေအပါးများကိုကား အခြားနာမည်ဖြင့် ခေါ်တော်မူမည်။
ထိုသူတို့ကြောင့် ဘေဘီလုံမြို့ရှိ ဖမ်းခေါ်သွားခြင်းခံရသောယုဒလူအပေါင်းတို့က ‘ဇေဒကိနှင့် အာဟပ်ကို ဘေဘီလုံဘုရင် မီးရှို့သတ်သကဲ့သို့ သင့်ကို ထာဝရဘုရားပြုပါစေ’ဟု အချင်းချင်းကျိန်ဆဲရာတွင် ခိုင်းနှိုင်းကျိန်ဆဲကြလိမ့်မည်ဟူ၍ မိန့်တော်မူ၏။
ထိုမိန်းမသည် လင်ယောက်ျားအပေါ် ဖောက်ပြန်၍ မိမိကိုယ်မိမိညစ်ညူးစေခဲ့လျှင် သူ့အား ထိုရေကိုတိုက်သောအခါ ကျိန်ဆဲခြင်းကိုဖြစ်စေသောရေသည် သူ့အထဲသို့ဝင်၍ ခါးသီးခြင်းကို ဖြစ်စေသဖြင့် သူ၏ဝမ်းသည် ဖောရောင်လာပြီး ပေါင်သည် ချည့်နဲ့သွားလိမ့်မည်။ ထိုမိန်းမသည် မိမိလူမျိုးအလယ်၌ ကျိန်ခြင်းခံရသောသူဖြစ်လိမ့်မည်။
ပေတရုကလည်း “ထိုသူကိုငါမသိ”ဟု တိုင်တည်၍ ကျိန်ဆိုသည်နှင့် ချက်ချင်းပင် ကြက်တွန်လေ၏။
ထိုအချိန်တွင် ယောရှုက “ဂျေရိခေါမြို့ရိုးကို ထ၍တည်ဆောက်သူသည် ထာဝရဘုရားထံမှ ကျိန်ခြင်းကို ခံရပါစေ။ မြို့ရိုးအုတ်မြစ်ကိုချလျှင် သားဦးသေပါစေ။ မြို့တံခါးကိုတည်လျှင် သားထွေးသေပါစေ”ဟု ကျိန်လေ၏။
ရှောလုမင်းကြီးက လူတို့အား “နေဝင်ချိန်အထိ ရန်သူတို့ကို လက်တုံ့ပြန်မပြီးမချင်း အစာစားသောသူသည် ကျိန်ခြင်းခံရမည်”ဟု ကျိန်ဆိုစေသဖြင့် မည်သူမျှ အစာမစားဝံ့။ ထို့ကြောင့် ထိုနေ့တွင် အစ္စရေးအမျိုးသားတို့သည် အလွန်ဒုက္ခရောက်ကြ၏။