သူတို့သည် အဝေးမှလှမ်းကြည့်၍ ယောဘကိုမမှတ်မိသောအခါ အော်ဟစ်ငိုကြွေးကြလေ၏။ မိမိတို့ဝတ်လုံကိုဆုတ်၍ မြေမှုန့်ကိုလည်း မိုးပေါ်ပစ်တင်ကာ ခေါင်းပေါ်သို့ကျစေကြ၏။
တောလည် 5:17 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ယဇ်ပုရောဟိတ်သည် သန့်ရှင်းသောရေကို မြေအိုးထဲသို့ထည့်ပြီး ကိန်းဝပ်တော်မူရာတဲတော်၏မြေတလင်းမှမြေမှုန့်ကိုယူ၍ ထိုရေထဲသို့ထည့်ရမည်။ Common Language Bible သူသည်မြေအိုးတွင်ရေသန့်ကိုထည့်၍ ထာဝရ ဘုရားစံတော်မူရာတဲတော်တလင်းမှမြေ မှုန့်အနည်းငယ်ကိုယူပြီးလျှင် ထိုရေအိုး ထဲသို့ထည့်ရမည်။- Garrad Bible မြေ အိုး တွင် ထည့် သော သီး သန့် ရာ ရေ၌ စံ ရာ တော် တ လင်း ရှိ မြေ မုန့် ကို ယူ ထည့်၍၊ Judson Bible ယဇ်ပုရောဟိတ်သည် သန့်ရှင်းသောရေကို မြေအိုး၌လောင်းပြီးလျှင်၊ တဲတော်၌ရှိသော မြေမှုန့်ကိုယူ၍ ရေထဲမှာထည့်ရမည်။ |
သူတို့သည် အဝေးမှလှမ်းကြည့်၍ ယောဘကိုမမှတ်မိသောအခါ အော်ဟစ်ငိုကြွေးကြလေ၏။ မိမိတို့ဝတ်လုံကိုဆုတ်၍ မြေမှုန့်ကိုလည်း မိုးပေါ်ပစ်တင်ကာ ခေါင်းပေါ်သို့ကျစေကြ၏။
“ခြေလက်ဆေးကြောရန် ကြေးနီခြေတိုင်ပါသော ကြေးနီအင်တုံကိုလုပ်ရမည်။ ထိုအင်တုံကို တွေ့ဆုံစည်းဝေးရာတဲတော်နှင့်ယဇ်ပလ္လင်ကြား၌ထား၍ ရေထည့်ထားရမည်။
အစ္စရေးလူမျိုး၏မျှော်လင့်ရာဖြစ်တော်မူသောထာဝရဘုရား၊ ကိုယ်တော်ကိုစွန့်ပယ်သောသူရှိသမျှတို့သည် အရှက်ကွဲကြရလိမ့်မည်။ ကိုယ်တော့်ထံမှထွက်သွားသောသူတို့သည် အသက်စမ်းရေဖြစ်သည့်ထာဝရဘုရားကို စွန့်ပယ်ကြသောကြောင့် မြေပေါ်၌သာ စာရင်းဝင်ကြလိမ့်မည်။
မျှော်လင့်ချက်ရှိကောင်းရှိနိုင်သည်ဖြစ်၍ သူသည် မျက်နှာကို မြေမှုန့်၌အပ်ပါစေ။
ထိုမိန်းမကို ထာဝရဘုရားရှေ့တော်၌ ရပ်စေ၍ ထိုမိန်းမ၏ဆံပင်ကိုဖားလျားချစေရမည်။ ဒုစရိုက်ကိုအောက်မေ့စေသည့်ဘောဇဉ်ပူဇော်သက္ကာ၊ သံသယစိတ်ဝင်ခြင်းနှင့်ဆိုင်သည့်ဘောဇဉ်ပူဇော်သက္ကာကို သူ့လက်ထဲသို့ထည့်ရမည်။ ယဇ်ပုရောဟိတ်သည် ကျိန်ဆဲခြင်းကိုဖြစ်စေသည့်ခါးသောရေကို ကိုင်ထားရမည်။
သူတို့သည် ကိုယ်တော်ကို စွပ်စွဲခွင့်ရရှိရန် ကိုယ်တော်ကိုစမ်းသပ်လိုသဖြင့် ဤသို့လျှောက်ထားကြခြင်းဖြစ်၏။ သို့ရာတွင် ယေရှုသည်ငုံ့၍ လက်ညှိုးတော်ဖြင့် မြေပေါ်၌ရေးလျက်နေတော်မူ၏။