တောလည် 5:18 - မြန်မာ့စံမီသမ္မာကျမ်း18 ထိုမိန်းမကို ထာဝရဘုရားရှေ့တော်၌ ရပ်စေ၍ ထိုမိန်းမ၏ဆံပင်ကိုဖားလျားချစေရမည်။ ဒုစရိုက်ကိုအောက်မေ့စေသည့်ဘောဇဉ်ပူဇော်သက္ကာ၊ သံသယစိတ်ဝင်ခြင်းနှင့်ဆိုင်သည့်ဘောဇဉ်ပူဇော်သက္ကာကို သူ့လက်ထဲသို့ထည့်ရမည်။ ယဇ်ပုရောဟိတ်သည် ကျိန်ဆဲခြင်းကိုဖြစ်စေသည့်ခါးသောရေကို ကိုင်ထားရမည်။ အခန်းကိုကြည့်ပါ။Common Language Bible18 ထိုနောက်သူသည်အမျိုးသမီးဆံပင်ကို ဖြေ၍ ပူဇော်သကာမုန့်ညက်ကိုသူ့လက်ထဲ သို့ထည့်ရမည်။ ယဇ်ပုရောဟိတ်သည်ကျိန်စာ သင့်စေသော ရေခါးပါရှိသည့်အိုးကိုလက် ထဲတွင်ကိုင်ထားရမည်။- အခန်းကိုကြည့်ပါ။Garrad Bible18 ထာ ဝ ရ ဘု ရား ရှေ့ ထား သော မိန်း မ၏ ဦး ဆံ ကို ဖြည် လျက် သင်္ကာ ရှင်း ရာ ဘော ဇဉ် သ က္ကာ၊ သ တိ ပြု တော် မူ ဖွယ် ဘော ဇဉ် သ က္ကာ ကို ထို မိန်း မ လက် သို့ အပ် ပြီး နောက် အ မင်္ဂ လာ ဖြစ် စေ သော နစ် နာ ခြင်း ရေ ကို ကိုင် ယူ သော ပ ရော ဟိတ် သည် မိန်း မ အား သ စ္စာ မူ စေ၍ ဆို ရ မည် မှာ၊ အခန်းကိုကြည့်ပါ။Judson Bible18 ထိုမိန်းမကို ထာဝရဘုရားရှေ့တော်မှာထားပြီးလျှင်၊ ခေါင်း၌အချည်းစည်းရှိစေ၍၊ မယားကိုမယုံခြင်း ပူဇော်သကာတည်းဟူသော သတိပေးရာပူဇော်သကာကို မိန်းမလက်၌ထည့်ရမည်။ ကျိန်ခြင်းဘေးကိုဖြစ်စေသောရေခါးကို၊ ယဇ်ပုရောဟိတ်ကိုယ်တိုင် ကိုင်ရမည်။ အခန်းကိုကြည့်ပါ။ |
သင်၏မကောင်းမှုသည် သင့်ကိုအပြစ်ဒဏ်ပေးလိမ့်မည်။ သင်၏လမ်းလွဲဖောက်ပြန်မှုသည် သင့်ကိုဆုံးမလိမ့်မည်။ သင်၏ဘုရားသခင်ထာဝရဘုရားကိုစွန့်ပယ်ခြင်း၊ ငါ့ကို မကြောက်ရွံ့ခြင်းသည် ဆိုးသောအမှု၊ ခါးသီးသောအမှုဖြစ်သည်ကို သိမှတ်လော့”ဟု ကောင်းကင်ဗိုလ်ခြေအရှင်သခင်ထာဝရဘုရား မိန့်တော်မူ၏။
ယောက်ျားသည် မိမိမယားကို ယဇ်ပုရောဟိတ်ထံသို့ခေါ်ဆောင်လာရမည်။ မိမိမယားအတွက် မုယောမုန့်ညက်တစ်ဧဖာ၏ဆယ်ပုံတစ်ပုံကို ပူဇော်သက္ကာအဖြစ် ယူလာရမည်။ ထိုမုန့်ညက်သည် သံသယစိတ်ဝင်ခြင်းနှင့်ဆိုင်သည့်ဘောဇဉ်ပူဇော်သက္ကာ၊ ဒုစရိုက်ကိုအောက်မေ့သတိရစေသည့်ဘောဇဉ်ပူဇော်သက္ကာဖြစ်သည်နှင့်အညီ ထိုမုန့်ညက်အပေါ် ဆီမလောင်းရ။ လော်ဗန်မတင်ရ။