တောလည် 5:17 - Common Language Bible17 သူသည်မြေအိုးတွင်ရေသန့်ကိုထည့်၍ ထာဝရ ဘုရားစံတော်မူရာတဲတော်တလင်းမှမြေ မှုန့်အနည်းငယ်ကိုယူပြီးလျှင် ထိုရေအိုး ထဲသို့ထည့်ရမည်။- အခန်းကိုကြည့်ပါ။Garrad Bible17 မြေ အိုး တွင် ထည့် သော သီး သန့် ရာ ရေ၌ စံ ရာ တော် တ လင်း ရှိ မြေ မုန့် ကို ယူ ထည့်၍၊ အခန်းကိုကြည့်ပါ။Judson Bible17 ယဇ်ပုရောဟိတ်သည် သန့်ရှင်းသောရေကို မြေအိုး၌လောင်းပြီးလျှင်၊ တဲတော်၌ရှိသော မြေမှုန့်ကိုယူ၍ ရေထဲမှာထည့်ရမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း17 ထို့နောက် ယဇ်ပုရောဟိတ်သည် သန့်ရှင်းသောရေကို မြေအိုးထဲသို့ထည့်ပြီး ကိန်းဝပ်တော်မူရာတဲတော်၏မြေတလင်းမှမြေမှုန့်ကိုယူ၍ ထိုရေထဲသို့ထည့်ရမည်။ အခန်းကိုကြည့်ပါ။ |
အို ထာဝရဘုရား၊ကိုယ်တော်သည်ဣသရေလ အမျိုးသားတို့၏မျှော်ကိုးရာဖြစ်တော်မူ၏။ ကိုယ်တော်ကိုစွန့်ပစ်သူမှန်သမျှသည် အရှက်ကွဲကြလိမ့်မည်။ သူတို့သည်အသက်စမ်းရေချိုတည်းဟူ သော ထာဝရဘုရားကိုစွန့်ပစ်ကြပြီဖြစ်၍ မြေမှုန့်ပေါ်တွင်ရေးသားထားသည့်၊အမည် နာမများ ကဲ့သို့ပျောက်ကွယ်သွားကြလိမ့်မည်။