တစ်စုံတစ်ဦး၏သန့်ရှင်းသောပူဇော်သက္ကာသည် ယဇ်ပုရောဟိတ်အတွက်ဖြစ်ရမည်။ တစ်စုံတစ်ဦးက ယဇ်ပုရောဟိတ်အား ပေးလှူသောအရာသည် ယဇ်ပုရောဟိတ်အတွက်သာဖြစ်ရမည်”ဟု မိန့်တော်မူ၏။
ယဇ်ပုရောဟိတ်သည်မိမိအားလှူသမျှတို့ ကိုပိုင်၏။
ဒါ ယ ကာ အ သီး အ သီး တို့ သီး သန့် ထား လျက် ပ ရော ဟိတ် ထံ လှူ ဒါန်း ကြ သော ဝ တ္ထု တိုင်း ထို ပ ရော ဟိတ် ပိုင် ဖြစ် ကြောင်း ဆင့် ဆို လော့ ဟု မိန့် တော် မူ ၏။
လူတိုင်းသန့်ရှင်းစေ၍ ယဇ်ပုရောဟိတ်အား လှူသမျှတို့သည်လည်း ယဇ်ပုရောဟိတ်၏ဥစ္စာဖြစ်ရမည်ဟု မိန့် တော်မူ၏။
ထိုအရာတို့သည် အစ္စရေးအမျိုးသားတို့ထံမှ အာရုန်နှင့်သူ၏သားတို့ အစဉ်အမြဲရရှိရမည့်ဝေစုဖြစ်၏။ အကြောင်းမူကား ထိုအရာတို့သည် အလှူပစ္စည်းဖြစ်၏။ ထိုအလှူပစ္စည်းသည် အစ္စရေးအမျိုးသားတို့၏မိတ်သဟာယယဇ်များမှ ထာဝရဘုရားအား ပေးလှူသောအလှူပစ္စည်းဖြစ်၏။
ဤကား ထာဝရဘုရားအဖို့ မီးဖြင့်ပူဇော်သောပူဇော်သက္ကာထဲမှ သင်ရရှိရမည့်ဝေစု၊ သင့်သားတို့ရရှိရမည့်ဝေစုဖြစ်၍ ဤပူဇော်သက္ကာကို သန့်ရှင်းသောနေရာ၌ စားရမည်။ ငါ့အား ဤသို့ မိန့်မှာတော်မူပြီ။
မောရှေသည် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း ထာဝရဘုရားအဖို့ အလှူပစ္စည်းဖြစ်သော ချီမြှောက်ရာပူဇော်သက္ကာတို့ကို ယဇ်ပုရောဟိတ်ဧလာဇာအား ပေးလေ၏။
တစ်ဖန် ထာဝရဘုရားက မောရှေအား