ဝတ်ပြု 10:13 - မြန်မာ့စံမီသမ္မာကျမ်း13 ဤကား ထာဝရဘုရားအဖို့ မီးဖြင့်ပူဇော်သောပူဇော်သက္ကာထဲမှ သင်ရရှိရမည့်ဝေစု၊ သင့်သားတို့ရရှိရမည့်ဝေစုဖြစ်၍ ဤပူဇော်သက္ကာကို သန့်ရှင်းသောနေရာ၌ စားရမည်။ ငါ့အား ဤသို့ မိန့်မှာတော်မူပြီ။ အခန်းကိုကြည့်ပါ။Common Language Bible13 ထိုမုန့်ကိုသန့်ရှင်းရာဌာနတွင်စားရမည်။ ထိုမုန့်သည်ထာဝရဘုရားအားပူဇော် သောပူဇော်သကာထဲမှ သင်နှင့်သင်၏သား တို့ရသောဝေစုဖြစ်သည်။ ဤပညတ်သည် ထာဝရဘုရားကငါ့အားဆင့်ဆိုသော ပညတ်ဖြစ်သည်။- အခန်းကိုကြည့်ပါ။Garrad Bible13 ထာ ဝ ရ ဘု ရား ထံ မီး ပူ ဇော် ရာ များ အ နက် သင် နှင့် သား တို့ ထုံး ဖွဲ့ ချက် ဆွမ်း ဖြစ် သည့် အ လျောက် သီး သန့် ရာ အ ရပ် တွင် စား ကြ ရ မည်။ အခန်းကိုကြည့်ပါ။Judson Bible13 ထိုအကြွင်းသည် ထာဝရဘုရားအား မီးဖြင့်ပြုသောပူဇော်သကာထဲက သင်နှင့်သင်၏သားတို့ ခံထိုက်သောအဖို့ဖြစ်၍ သန့်ရှင်းရာဌာနတော်၌ စားရကြမည်။ ထိုပညတ်တော်ကို ငါခံရပြီ။ အခန်းကိုကြည့်ပါ။ |
သူက ငါ့အား “နေရာလွတ်နှင့်မျက်နှာချင်းဆိုင် မြောက်ဘက်ရှိအခန်းများနှင့် တောင်ဘက်ရှိအခန်းများသည် သန့်ရှင်းသောအခန်းများဖြစ်၏။ ထာဝရဘုရားထံချဉ်းကပ်ရသော ယဇ်ပုရောဟိတ်တို့သည် ထိုအခန်းတို့တွင် အထူးသန့်ရှင်းသောအစာကိုစားရ၏။ ထိုအခန်းတို့သည် သန့်ရှင်းသောကြောင့် ထိုနေရာတွင် အထူးသန့်ရှင်းသောပူဇော်သက္ကာများဖြစ်သည့် ဘောဇဉ်ပူဇော်သက္ကာ၊ အပြစ်ဖြေရာယဇ်၊ အပြစ်ဒဏ်ဖြေရာယဇ်တို့ကို ထားရှိ၏။