အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




တော​လည် 4:49 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

မောရှေ​သည် ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း လူ​အသီးသီး​မိမိ​တို့​လုပ်​ရ​မည့်​အလုပ်​၊ သယ်ဆောင်​ရ​မည့်​ဝန်​အလိုက် သူ​တို့​ကို ခန့်အပ်​ထား​၏​။ ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း သူ​တို့​ကို ရေတွက်​လေ​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား​မိန့်​တော်​မူ သည့်​အ​တိုင်း လေ​ဝိ​အ​မျိုး​သား​တစ်​ယောက်​စီ တို့​ကို​စာ​ရင်း​ကောက်​ယူ​၍ သူ​တို့​အ​သီး​သီး ဆောင်​ရွက်​ရ​မည့်​ဝတ္တ​ရား​နှင့်​သယ်​ဆောင်​ရ မည့်​တာ​ဝန်​ကို​ခွဲ​ခန့်​ပေး​လေ​သည်။

အခန်းကိုကြည့်ပါ။

Garrad Bible

မော ရှေ အား ထာ ဝ ရ ဘု ရား မိန့် မှာ တော် မူ သော ပ ညတ် တော် နှင့် အ ညီ အ သီး အ သီး တို့ တာ ဝန် အ ငန်း အ တာ အ လိုက် မော ရှေ ရေ တွက် သ တည်း။

အခန်းကိုကြည့်ပါ။

Judson Bible

မော​ရှေ၌​ထာ​ဝ​ရ​ဘု​ရား​ထား​တော်​မူ​သော ပ​ညတ်​တော်​အ​တိုင်း လူ​အ​သီး​အ​သီး​စောင့်​ရ​သော​အ​မှု၊ အ​သီး​အ​သီး​ထမ်း​ရ​သော​ဝန်​တို့​ကို ထောက်၍ မော​ရှေ​ရေ​တွက်​သ​တည်း။

အခန်းကိုကြည့်ပါ။



တော​လည် 4:49
18 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​၏​ဘိုးဘေး​အမျိုးအနွယ်​ထဲမှ လေဝိ​အမျိုး​တို့​ကို​ကား သူ​တို့​နှင့်အတူ မ​ရေတွက်​ပေ​။


အစ္စရေး​အမျိုးသား​တို့​သည် မောရှေ​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​သမျှ​အတိုင်း တစ်သဝေမတိမ်း​ပြု​ကြ​၏​။


မောရှေ​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း လေဝိ​အမျိုး​တို့​ကို အစ္စရေး​အမျိုးသား​တို့​နှင့်အတူ မ​ရေတွက်​ပေ​။


မောရှေ​သည် ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့် ထာဝရဘုရား​၏​အမိန့်​တော်​အတိုင်း ရွေးနုတ်​သော​အခ​ငွေ​ကို အာရုန်​နှင့်​သူ့​သား​တို့​အား ပေး​လေ​၏​။


တပ်စခန်း​ရွှေ့ပြောင်း​ချိန်​ရောက်​၍ အာရုန်​နှင့် သူ​၏​သား​တို့​သည် သန့်ရှင်းရာဌာန​နှင့် သန့်ရှင်းရာဌာန​၏​တန်ဆာပလာ​ရှိသမျှ​တို့​ကို ဖုံးအုပ်​ပြီး​နောက်တွင် ကောဟတ်​သားမြေး​တို့​သည် ၎င်း​တို့​ကို လာ​၍​သယ်ဆောင်​ရ​မည်​။ သူ​တို့​သည် သန့်ရှင်းသောအရာ​ကို မ​ထိ​ရ​။ ထိမိ​လျှင် သေ​ကြ​ရ​လိမ့်မည်​။ ဤသည်ကား တွေ့ဆုံစည်းဝေးရာ​တဲ​တော်​၌ ကောဟတ်​သားမြေး​တို့ ဆောင်ရွက်​ရ​သော​အမှု​ဖြစ်​၏​။


တစ်ဖန် ထာဝရဘုရား​က မောရှေ​အား


ဂေရရှုန်​မျိုးနွယ်စု​များ​လုပ်​ရ​မည့်​အလုပ်​၊ သယ်ဆောင်​ရ​မည့်​ဝန်​တို့​မှာ ဤသို့​ဖြစ်​၏​။


တွေ့ဆုံစည်းဝေးရာ​တဲ​တော်​၌ သူ​တို့​တာဝန်ယူ​လုပ်ဆောင်​ရ​မည့်​အလုပ်​အားလုံး​ကား ဤသို့​ဖြစ်​၏​။ သူ​တို့​သည် ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​၏​ဘောင်​များ​၊ ကန့်လန့်ကျင်​များ​၊ တိုင်​များ​၊ အောက်ခံအစွပ်​များ​၊


ဝင်း​ပတ်ပတ်လည်​တိုင်​များ​၊ တိုင်​များ​၏​အောက်ခံအစွပ်​များ​၊ ငုတ်တိုင်​များ​၊ ကြိုး​များ​စသည့်​တန်ဆာပလာ​ရှိသမျှ​တို့​ကို သယ်ဆောင်​ရ​မည်​။ ထို​အရာ​တို့​နှင့်ဆိုင်သော​အလုပ်​ဟူသမျှ​တို့​ကို လုပ်ဆောင်​ရ​မည်​။ သူ​တို့​သယ်ဆောင်​ရ​မည့်​ပစ္စည်း​တို့​ကို အမည်​နှင့်တကွ ချမှတ်​ပေး​ရ​မည်​။


ဤသည်ကား မောရှေ​အား ထာဝရဘုရား​မိန့်​တော်မူ​သည့်​အတိုင်း မောရှေ​နှင့်​အာရုန်​တို့​ရေတွက်​ထား​သည့် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​၌​အမှု​တော်​ထမ်းဆောင်​သော​ကောဟတ်​မျိုးနွယ်စု​များ​၏​အရေအတွက် ဖြစ်​၏​။


ဤသည်ကား ထာဝရဘုရား​မိန့်​တော်မူ​သည့်​အတိုင်း မောရှေ​နှင့်​အာရုန်​တို့ ရေတွက်​ထား​သည့် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​၌ အမှု​တော်​ထမ်းဆောင်​သော ဂေရရှုန်​မျိုးနွယ်စု​၏​အရေအတွက် ဖြစ်​၏​။


ဤသည်ကား မောရှေ​အား ထာဝရဘုရား​မိန့်​တော်မူ​သည့်​အတိုင်း မောရှေ​နှင့်​အာရုန်​တို့​ရေတွက်​ထား​သည့် မေရာရိ​သားမြေး​တို့​၏​မျိုးနွယ်စု​အရေအတွက် ဖြစ်​၏​။


တစ်ဖန် ထာဝရဘုရား​က မောရှေ​အား