ထို့နောက် ကိန်းဝပ်တော်မူရာတဲတော်ကို ဖြုတ်သိမ်းကြပြီး ဂေရရှုန်၏သားမြေး၊ မေရာရိ၏သားမြေးတို့သည် ကိန်းဝပ်တော်မူရာတဲတော်ကို သယ်ဆောင်ကာ ခရီးပြုကြ၏။
တောလည် 4:24 - မြန်မာ့စံမီသမ္မာကျမ်း ဂေရရှုန်မျိုးနွယ်စုများလုပ်ရမည့်အလုပ်၊ သယ်ဆောင်ရမည့်ဝန်တို့မှာ ဤသို့ဖြစ်၏။ Common Language Bible သူတို့တာဝန်မှာ၊- တဲတော်၊ တဲတော်အောက်ခံ အမိုး၊ အပြင်အမိုး၊ နူးညံ့သောအပေါ်ဆုံး ထပ်သားရေမိုး၊- Garrad Bible ဂေ ရ ရှုံ့ အ ဆက် အ နွယ် တို့ သည် အ စေ ခံ လျက်၊ ထမ်း လျက်၊ ဆောင် ရွက် ရ သော တာ ဝန် ကား၊ Judson Bible ဂေရရှုန်အဆွေအမျိုးတို့သည် စောင့်ရသောအမှု၊ ထမ်းရသောဝန်ဟူမူကား၊ |
ထို့နောက် ကိန်းဝပ်တော်မူရာတဲတော်ကို ဖြုတ်သိမ်းကြပြီး ဂေရရှုန်၏သားမြေး၊ မေရာရိ၏သားမြေးတို့သည် ကိန်းဝပ်တော်မူရာတဲတော်ကို သယ်ဆောင်ကာ ခရီးပြုကြ၏။
ဂေရရှုန်၏သားမြေးတို့သည် တွေ့ဆုံစည်းဝေးရာတဲတော်ဖြစ်သောကိန်းဝပ်တော်မူရာတဲတော်၊ တဲတော်နှင့်တကွ တဲတော်၏အမိုး၊ တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝလိုက်ကာ၊
ဝင်းအကာ၊ ကိန်းဝပ်တော်မူရာတဲတော်နှင့်ယဇ်ပလ္လင်ကို ပတ်ပတ်လည်ကာထားသောဝင်း၏အဝင်ဝလိုက်ကာနှင့်တကွ ကြိုးများ စသည်တို့နှင့်ဆိုင်သောအလုပ်ဟူသမျှတို့ကို တာဝန်ယူထိန်းသိမ်းရ၏။
တပ်စခန်းရွှေ့ပြောင်းချိန်ရောက်၍ အာရုန်နှင့် သူ၏သားတို့သည် သန့်ရှင်းရာဌာနနှင့် သန့်ရှင်းရာဌာန၏တန်ဆာပလာရှိသမျှတို့ကို ဖုံးအုပ်ပြီးနောက်တွင် ကောဟတ်သားမြေးတို့သည် ၎င်းတို့ကို လာ၍သယ်ဆောင်ရမည်။ သူတို့သည် သန့်ရှင်းသောအရာကို မထိရ။ ထိမိလျှင် သေကြရလိမ့်မည်။ ဤသည်ကား တွေ့ဆုံစည်းဝေးရာတဲတော်၌ ကောဟတ်သားမြေးတို့ ဆောင်ရွက်ရသောအမှုဖြစ်၏။
သူတို့သည် အထူးသန့်ရှင်းသောအရာတို့အနီးသို့ချဉ်းကပ်သောအခါ မသေဘဲ အသက်ရှင်ကြရမည့်အကြောင်း အာရုန်နှင့်သူ၏သားတို့သည် ထိုသူတို့အသီးသီး လုပ်ရမည့်အလုပ်၊ သယ်ဆောင်ရမည့်ဝန်တို့ကို လာ၍ချမှတ်ပေးရမည်။
အသက်သုံးဆယ်အရွယ်မှ အသက်ငါးဆယ်အရွယ်အထိ တွေ့ဆုံစည်းဝေးရာတဲတော်၌ အမှုတော်ထမ်းဆောင်ရန်လာသောသူအပေါင်းတို့ကို ဘိုးဘေးတို့၏အိမ်ထောင်စုအလိုက်၊ သူတို့၏မျိုးနွယ်စုအလိုက် လူဦးရေစာရင်းကောက်ယူလော့။
သူတို့သည် ကိန်းဝပ်တော်မူရာတဲတော်၏ရွက်ထည်များ၊ တွေ့ဆုံစည်းဝေးရာတဲတော်အမိုး၊ ထိုအမိုးပေါ်ရှိ တဟာရှသားရေအမိုး၊ တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝလိုက်ကာ၊
ဂေရရှုန်၏သားမြေးတို့ သယ်ဆောင်ရမည့်ဝန်၊ လုပ်ရမည့်အလုပ်စသည့် သူတို့နှင့်ဆိုင်သည့်အလုပ်ရှိသမျှတို့ကို လုပ်ဆောင်ရာတွင် အာရုန်နှင့်သူ့သားတို့၏အမိန့်အတိုင်း လုပ်ဆောင်ရမည်ဖြစ်၏။ သင်သည် သူတို့သယ်ဆောင်ရမည့်ဝန်ရှိသမျှတို့ကို ချမှတ်ပေးရမည်။
အသက်သုံးဆယ်အရွယ်မှ အသက်ငါးဆယ်အရွယ်အထိ တွေ့ဆုံစည်းဝေးရာတဲတော်၌ အမှုတော်ထမ်းဆောင်ရန်၊ ဝန်များကိုသယ်ဆောင်ရန်လာကြသောသူအပေါင်းတို့ကို သူတို့၏မျိုးနွယ်စုများအလိုက်၊ ဘိုးဘေးတို့၏အိမ်ထောင်စုအလိုက် ရေတွက်လေ၏။
မောရှေသည် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း လူအသီးသီးမိမိတို့လုပ်ရမည့်အလုပ်၊ သယ်ဆောင်ရမည့်ဝန်အလိုက် သူတို့ကို ခန့်အပ်ထား၏။ ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း သူတို့ကို ရေတွက်လေ၏။
ယဇ်ပုရောဟိတ်အာရုန်၏သား ဣသမာဦးဆောင်မှုအောက်၌တာဝန်ထမ်းဆောင်သော ဂေရရှုန်သားမြေးတို့အား သူတို့ထမ်းဆောင်ရသည့်တာဝန်အလိုက် လှည်းအိမ်နှစ်ခုနှင့်နွားလေးကောင်၊