Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တော​လည် 4:23 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

23 အသက်​သုံးဆယ်​အရွယ်​မှ အသက်​ငါးဆယ်​အရွယ်​အထိ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​၌ အမှု​တော်​ထမ်းဆောင်​ရန်​လာ​သော​သူ​အပေါင်း​တို့​ကို ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အလိုက်​၊ သူ​တို့​၏​မျိုးနွယ်စု​အလိုက် လူဦးရေ​စာရင်း​ကောက်ယူ​လော့​။

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည် 4:23
18 ပူးပေါင်းရင်းမြစ်များ  

ဤ​သူ​တို့​ကား ထာဝရဘုရား​၏​အိမ်​တော်​တွင် အမှု​တော်​ထမ်းဆောင်​ရန် လေဝိ​သားမြေး​တို့​ကို သူ​တို့​ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အလိုက် အသက်​နှစ်ဆယ်​နှင့်​အထက်​ရှိ​သူ​များ​အား စာရင်းကောက်ယူ​ရာ​တွင် နာမည်​နှင့်တကွ​စာရင်းဝင်​သော​အကြီးအမှူး​များ ဖြစ်​ကြ​၏​။


ထိုသို့ဖြင့် ဒါဝိဒ်​မင်းကြီး​၏​နောက်ဆုံး​အမိန့်​တော်​အတိုင်း အသက်​နှစ်ဆယ်​နှင့်​အထက် လေဝိ​သားမြေး​တို့​ကို စာရင်းကောက်​ကြ​၏​။


အသက်​သုံးဆယ်​အရွယ်​နှင့်​အထက် လေဝိ​အမျိုး​များ​ကို ရေတွက်​ကြည့်​ရာ ယောက်ျား​စုစုပေါင်း သုံးသောင်း​ရှစ်ထောင် ရှိ​၏​။


“​ဂေရရှုန်​သားမြေး​တို့​တွင်​လည်း


ဂေရရှုန်​မျိုးနွယ်စု​များ​လုပ်​ရ​မည့်​အလုပ်​၊ သယ်ဆောင်​ရ​မည့်​ဝန်​တို့​မှာ ဤသို့​ဖြစ်​၏​။


အသက်​သုံးဆယ်​အရွယ်​မှ အသက်​ငါးဆယ်​အရွယ်​အထိ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​၌ အမှု​တော်​ထမ်းဆောင်​ရန်​လာ​သော​သူ​အပေါင်း​တို့​ကို သူ​တို့​၏​မျိုးနွယ်စု​အလိုက်​၊ ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အလိုက် လူဦးရေ​စာရင်း​ကောက်ယူ​လော့​။


အသက်​ငါးဆယ်​အရွယ်​ရောက်​လျှင် အမှု​တော်​ထမ်းဆောင်​ခြင်း​မှ အနားယူ​ရ​မည်​။ အမှု​တော်​ထမ်းဆောင်​ရန်​မ​လို​တော့​ပေ​။


မည်သူ​သည် မိမိ​စရိတ်​ဖြင့် စစ်မှုထမ်း​ဖူး​သနည်း။ မည်သူ​သည် စပျစ်ခြံ​ကို​စိုက်ပျိုး​ပြီး ၎င်း​၏​အသီး​ကို မ​စား​ဘဲ​နေ​သနည်း။ သို့မဟုတ် မည်သူ​သည် သိုး​အုပ်​ကို​ထိန်းကျောင်း​ပြီး သိုး​တို့​၏​နို့​ကို မ​သောက်​ဘဲ​နေ​သနည်း။


သမ္မာတရား​ကို​ဟောပြော​ခြင်း​၌​ဖြစ်စေ၊ ဘုရားသခင်​၏​တန်ခိုး​တော်​၌​ဖြစ်စေ၊ လက်ဝဲ​လက်ယာ​၌​ကိုင်​ထား​သော ဖြောင့်မတ်​ခြင်း​၏​လက်နက်​များ​အားဖြင့်​ဖြစ်စေ၊


အဘယ်ကြောင့်​ဆိုသော် သွေးသား​ဇာတိ​သည် ဝိညာဉ်​တော်​နှင့်​ဆန့်ကျင်​သော​အရာ​ကို တောင့်တ​၍ ဝိညာဉ်​တော်​သည် သွေးသား​ဇာတိ​နှင့်​ဆန့်ကျင်​သော​အရာ​ကို တောင့်တ​၏။ ဤသို့ဖြင့် ၎င်း​တို့​သည် တစ်ပါး​နှင့်​တစ်ပါး​ဆန့်ကျင်​ကြ​သည်​ဖြစ်၍ သင်​တို့​သည် ပြု​လို​သော​အရာ​များ​ကို မ​ပြု​နိုင်​ကြ​ပေ။


ခရစ်တော်​ယေရှု​နှင့်ဆိုင်သော​သူ​တို့​သည် သွေးသား​ဇာတိ​ကို ၎င်း​၏​စိတ်​ပြင်းပြ​မှု​များ၊ တပ်မက်​မှု​များ​နှင့်အတူ လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ထား​ကြ​ပြီ။


ငါ့​သား​တိမောသေ၊ သင်​နှင့်​ပတ်သက်၍ ယခင်​ပရောဖက်ပြု​ဟောပြော​ထား​သည့်​အရာ​များ​နှင့်အညီ ဤ​ညွှန်ကြားချက်​ကို သင့်​အား ငါ​ပေး​၏။ ဤသည်ကား သင်​သည် ယုံကြည်​ခြင်း​နှင့်​ကြည်လင်​သော​အသိစိတ်​တို့​ကို​စွဲကိုင်​လျက် ထို​ပရောဖက်ပြု​ဟောပြော​ထား​သည့်​အရာ​များ​အားဖြင့် ကောင်း​သော​တိုက်ပွဲ​ကို တိုက်ခိုက်​နိုင်​မည့်​အကြောင်း​တည်း။


ငါ​သည် ကောင်း​သော​တိုက်ပွဲ​ကို တိုက်​ခဲ့​ပြီ။ ပြေး​ရ​မည့်​တာ​ကို အဆုံး​တိုင်အောင်​ပြေး​ခဲ့​ပြီ။ ယုံကြည်​ခြင်း​ကို စောင့်ထိန်း​ခဲ့​ပြီ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ