အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




တော​လည် 4:13 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ယဇ်ပလ္လင်​မှ ပြာ​ကို​ဖယ်ရှား​ပြီးလျှင် ယဇ်ပလ္လင်​ပေါ်၌ ခရမ်းရောင်​အဝတ်​ကို​ဖြန့်ခင်း​ရ​မည်​။

အခန်းကိုကြည့်ပါ။

Common Language Bible

ယဇ်​ပလ္လင်​မှ​အ​ဆီ​နှင့်​ပြာ​ကို​ရှင်း​လင်း​ပြီး လျှင် ပလ္လင်​ကို​ခ​ရမ်း​ရောင်​အ​ထည်​ဖြင့်​ဖုံး အုပ်​ထား​ရ​မည်။-

အခန်းကိုကြည့်ပါ။

Garrad Bible

ပူ ဇော် ရာ ပ လ္လင် တော် မှ ပြာ ကို ကော် ယူ၍ အ မောင်း ထည် ခင်း ထုတ် ပြီး လျှင်၊

အခန်းကိုကြည့်ပါ။

Judson Bible

ယဇ်​ပ​လ္လင်​မှ​ပြာ​ကို​ပယ်​ရှင်း၍ ပ​လ္လင်​ပေါ်​မှာ မောင်း​သော​အ​ထည်​ကို ခင်း​ပြီး​လျှင်၊

အခန်းကိုကြည့်ပါ။



တော​လည် 4:13
7 ပူးပေါင်းရင်းမြစ်များ  

မောရှေ​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း သန့်ရှင်းရာတဲ​တော်​၌ အမှု​တော်​ဆောင်ရွက်​ရာ​တွင်​ဝတ်ဆင်​ဖို့ ရက်ထည်​ဝတ်ရုံ​ကို အပြာရောင်​ချည်​၊ ခရမ်းရောင်​ချည်​၊ အနီရောင်​ချည်​တို့​ဖြင့် ရက်လုပ်​၏​။ အာရုန်​အတွက် သန့်ရှင်း​သော​အဝတ်တန်ဆာ​ကို​လည်း ရက်လုပ်​၏​။


သန့်ရှင်းရာဌာန​တော်​၌ အမှု​တော်​ဆောင်ရွက်​ရာ​တွင်​ဝတ်ဆင်​သော​ရက်ထည်​အဝတ်တန်ဆာ​များ​၊ ယဇ်ပုရောဟိတ်​အာရုန်​အတွက်​သန့်ရှင်း​သော​အဝတ်တန်ဆာ​များ​၊ ယဇ်ပုရောဟိတ်​အဖြစ်​အမှု​တော်​ဆောင်ရွက်​မည့် သူ့​သား​တို့​အတွက် အဝတ်တန်ဆာ​များ​ကို​လည်းကောင်း မောရှေ​ထံသို့ ယူဆောင်​လာ​ကြ​၏​။


ထို​အဝတ်​ပေါ်တွင် ယဇ်ပလ္လင်​နှင့်ဆိုင်သော​အမှု​ကို​ဆောင်ရွက်​ရာ​တွင် အသုံးပြု​သည့် မီးကျီးခံဗန်း​၊ ခက်ရင်းခွ​၊ ဂေါ်ပြား​၊ ဇလုံ​စသည့်​ယဇ်ပလ္လင်​၏​တန်ဆာပလာ​ရှိသမျှ​တို့​ကို တင်​ရ​မည်​။ ထို​အရာ​တို့​ပေါ်၌ တဟာရှ​သားရေ​ဖုံး​ကို ဖြန့်ခင်း​ပြီးလျှင် ယဇ်ပလ္လင်​၏​ထမ်းပိုး​များ​ကို လျှိုသွင်း​ရ​မည်​။