သူသည် နောက်တစ်ဖန်ကိုယ်ဝန်ဆောင်၍ သားကိုမွေးဖွားသော် “ဤတစ်ကြိမ်တွင် ငါသည် ထာဝရဘုရားကို ချီးမွမ်းမည်”ဟု ဆိုလျက် ထိုသား၏အမည်ကို ယုဒ ဟုမှည့်ခေါ်လေ၏။ ထို့နောက် သူသည် သားဖွားခြင်းရပ်တန့်သွားလေ၏။
တောလည် 34:19 - မြန်မာ့စံမီသမ္မာကျမ်း ထိုသူတို့၏အမည်မှာ ယုဒအမျိုးအနွယ်မှ ယေဖုန္နာ၏သား ကာလက်၊ Common Language Bible ထာဝရဘုရားရွေးချယ်တော်မူသောပ္ဂိုလ် များမှာအောက်ပါအတိုင်းဖြစ်သည်။ အနွယ် ခေါင်းဆောင် ယုဒ ယေဖုန္နာ၏သားကာလက် ရှိမောင် အမိဟုဒ်၏သားရှေမွေလ ဗင်္ယာမိန် ခိသလုန်၏သားဧလိဒဒ် ဒန် ယောဂလိ၏သားဗုက္ကိ မနာရှေ ဧဖုဒ်၏သားဟံယေလ ဧဖရိမ် ရှိဖတန်၏သားကေမွေလ ဇာဗုလုန် ပါနက်၏သားဧလိဇဖန် ဣသခါ အဇ္ဇန်၏သား ပါလတေလ အာရှာ ရှေလောမိ၏သားအဘိဟုဒ် နဿလိ အမိဟုဒ်၏သားပေဒဟေလ Garrad Bible ယု ဒ အ နွယ်၊ ယေ ဖု န္နာ့ သား ကာ လက်၊ Judson Bible ရွေးရသောမင်းတို့၏အမည်ကား၊ ယုဒအမျိုးသားထဲက ယေဖုန္နာသား ကာလက်။ |
သူသည် နောက်တစ်ဖန်ကိုယ်ဝန်ဆောင်၍ သားကိုမွေးဖွားသော် “ဤတစ်ကြိမ်တွင် ငါသည် ထာဝရဘုရားကို ချီးမွမ်းမည်”ဟု ဆိုလျက် ထိုသား၏အမည်ကို ယုဒ ဟုမှည့်ခေါ်လေ၏။ ထို့နောက် သူသည် သားဖွားခြင်းရပ်တန့်သွားလေ၏။
အစ္စရေးသည် ထိုပြည်၌နေထိုင်စဉ် ရုဗင်သည်သွား၍ မိမိဖခင်၏မယားငယ်ဗိလဟာနှင့်အိပ်လေ၏။ အစ္စရေးသည် ထိုအကြောင်းကို ကြား၏။ ယာကုပ်၌ သားတစ်ဆယ့်နှစ်ယောက်ရှိ၏။
လေအာ၏သားများမှာ ရုဗင်(ယာကုပ်၏သားဦး)၊ ရှိမောင်၊ လေဝိ၊ ယုဒ၊ ဣသခါ၊ ဇာဗုလုန် တို့ဖြစ်ကြ၏။
ဂိလဒ်ပြည်ကို ငါပိုင်၏။ မနာရှေပြည်ကိုလည်း ငါပိုင်၏။ ဧဖရိမ်ပြည်သည် ငါ၏သံခမောက်ဖြစ်ပြီး ယုဒပြည်သည် ငါ၏ကျိုင်းတော်ဖြစ်၏။
ထိုအခါ ကာလက်သည် မောရှေရှေ့၌ရှိသော လူတို့ကိုတိတ်ဆိတ်စေပြီး “ငါတို့သည် ထိုပြည်ကို အနိုင်ရမည်မှာသေချာ၏။ ယခုပင် တက်သွား၍ ထိုပြည်ကိုသိမ်းပိုက်ကြစို့”ဟု ဆိုလေ၏။
ငါ့အစေအပါးကာလက်မူကား ခြားနားသောစိတ်ဝိညာဉ်ရှိပြီး ငါ့နောက်သို့လုံးလုံးလိုက်သောကြောင့် ငါသည် သူသွားခဲ့သောပြည်သို့ သူ့ကိုပို့ဆောင်၍ သူ့သားမြေးတို့သည် ထိုပြည်ကိုအမွေဆက်ခံရလိမ့်မည်။
ထိုပြည်ကို သင်တို့နေထိုင်ရာဖြစ်စေမည်ဟု ငါကျိန်ဆိုခဲ့သော်လည်း ထိုပြည်ထဲသို့ ယေဖုန္နာ၏သား ကာလက်နှင့် နုန်၏သား ယောရှုတို့မှလွဲ၍ မည်သူမျှဝင်ရလိမ့်မည်မဟုတ်။
ထိုပြည်ကိုစူးစမ်းရန် သွားခဲ့သောသူတို့ထဲမှ နုန်၏သား ယောရှုနှင့် ယေဖုန္နာ၏သား ကာလက်တို့မူကား အသက်ချမ်းသာရာရကြ၏။
ထိုပြည်ကိုစူးစမ်းခဲ့သောသူတို့ထဲမှ နုန်၏သား ယောရှုနှင့် ယေဖုန္နာ၏သား ကာလက်သည် မိမိတို့အဝတ်ကို ဆုတ်ဖြဲလျက်
“ထိုသူတို့သည် တောကန္တာရ၌ မုချသေရမည်”ဟု ထာဝရဘုရား မိန့်တော်မူခဲ့သောကြောင့် ထိုသူတို့တွင် ယေဖုန္နာသား ကာလက်နှင့် နုန်၏သား ယောရှုတို့မှလွဲ၍ မည်သူမျှ မကျန်ရစ်ပေ။
အမွေမြေကို ခွဲဝေပေးဖို့ အမျိုးအနွယ်အသီးသီးမှ ခေါင်းဆောင်တစ်ဦးစီကိုလည်း သင်တို့ ခေါ်ရမည်။
သို့သော် ယေဖုန္နာ၏သား ကာလက်သည် ထာဝရဘုရားနောက်သို့လုံးလုံးလိုက်သောကြောင့် ထိုပြည်ကို သူမြင်ရမည်။ သူခြေချသောမြေကို သူနှင့်သူ၏သားမြေးတို့အား ငါပေးမည်’ဟု ကျိန်ဆိုတော်မူ၏။
ယုဒအမျိုးကိုကား၊ အို ထာဝရဘုရား၊ ယုဒတောင်းလျှောက်သံကို နားညောင်းတော်မူ၍ သူ့လူမျိုးတို့ထံသို့ သူ့ကို ပို့ဆောင်တော်မူပါ။ သူသည် သူ့ကိုယ်သူ ခုခံကာကွယ်ရပါ၏။ သူ့ကိုရန်ပြုသောသူတို့လက်မှ ကိုယ်တော်သည် ကူညီမစသောအရှင်ဖြစ်တော်မူပါစေသော။