မောဘပြည်သားတို့သည် မြင့်ရာအရပ်ရှိ အိမ်တော်သို့၊ ဒိဘုန်မြို့သို့ တက်သွား၍ ငိုကြွေးကြပြီ။ နေဗောမြို့၊ မေဒဘမြို့အတွက် ညည်းတွားငိုကြွေးကြပြီ။ သူတို့အားလုံး ခေါင်းတုံးတုံးကြ၏။ မုတ်ဆိတ်ရိတ်ကြ၏။
တောလည် 33:46 - မြန်မာ့စံမီသမ္မာကျမ်း ဒိဘုန်ဂဒ်အရပ်မှ ခရီးပြု၍ အာလမုန်ဒိဗလသိမ်အရပ်၌ စခန်းချကြ၏။ Garrad Bible ဒိ ဘုန် ဂဒ် မြို့ မှ ချီ ပြန်၍ အာ လ မုန် ဒိ ဗ လ သိမ် မြို့၌ စွဲ ရပ် ကြ၏။ Judson Bible ဒိဗုန်ဂဒ်အရပ်မှပြောင်း၍ အာလမုန်ဒိဗလသိမ်အရပ်၌ စခန်းချကြ၏။ |
မောဘပြည်သားတို့သည် မြင့်ရာအရပ်ရှိ အိမ်တော်သို့၊ ဒိဘုန်မြို့သို့ တက်သွား၍ ငိုကြွေးကြပြီ။ နေဗောမြို့၊ မေဒဘမြို့အတွက် ညည်းတွားငိုကြွေးကြပြီ။ သူတို့အားလုံး ခေါင်းတုံးတုံးကြ၏။ မုတ်ဆိတ်ရိတ်ကြ၏။
အို ဒိဘုန်မြို့၌နေထိုင်သောသမီးပျို၊ ဘုန်းအသရေရှိသောပလ္လင်မှဆင်း၍ ခြောက်ကပ်သောမြေပြင်ပေါ်၌ ထိုင်လော့။ အကြောင်းမူကား မောဘပြည်ကိုဖျက်ဆီးသောသူသည် စစ်ချီလာပြီ။ သင်၏ခံတပ်တို့ကို ဖျက်ဆီးတော့မည်။
ငါ့လက်ကိုဆန့်၍ သူတို့ကို ဆန့်ကျင်မည်။ ဒိဗလတ်ကန္တာရမှစ၍ သူတို့နေလေရာအရပ်ရပ်တို့ကို လူသူကင်းမဲ့ရာ၊ ဆိတ်ညံရာ ဖြစ်စေသောအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သူတို့သိကြလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
တစ်ဖန် သူတို့သည် ထိုနေရာမှ ဗေရရေတွင်းရှိရာအရပ်သို့ ခရီးပြုကြ၏။ ထိုရေတွင်းကား ထာဝရဘုရားက မောရှေအား “လူတို့ကိုစုဝေးစေလော့။ သူတို့အား ငါရေပေးမည်”ဟု မိန့်တော်မူသောရေတွင်းဖြစ်၏။