ဣဇက်၏ဖခင်အာဗြဟံလက်ထက်၌ တူးခဲ့၍ အာဗြဟံကွယ်လွန်ပြီးနောက် ဖိလိတ္တိအမျိုးသားတို့ ပိတ်ဆို့ခဲ့သောရေတွင်းကို ဣဇက်သည် ပြန်ဖော်လေ၏။ သူသည် ထိုရေတွင်းများ၏အမည်ကို မိမိဖခင်ခေါ်ခဲ့သည့်အမည်အတိုင်း ခေါ်လေ၏။
တောလည် 32:38 - မြန်မာ့စံမီသမ္မာကျမ်း နေဗော၊ ဗာလမုန်၊ (အမည်ပြောင်းထားသောမြို့များ) စိဗမာစသော မြို့တို့ကို တည်ဆောက်ကြ၏။ သူတို့တည်ဆောက်သောမြို့တို့၏အမည်များကို အမည်အသစ်ဖြင့်မှည့်ခေါ်ကြ၏။ Common Language Bible နေဗောမြို့၊ ဗာလမောနမြို့(ဤမြို့၏နာမည် ကိုပြောင်းလိုက်၏) နှင့်ရှိဗမမြို့များကို ပြန်လည်တည်ဆောက်ကြသည်။ သူတို့ပြန် လည်တည်ဆောက်သောမြို့များကိုနာမည် သစ်ဖြင့်မှည့်ခေါ်ကြသည်။ Garrad Bible နေ ဗော၊ ဗာ လ မောင်၊ ရှိ ဗ မ မြို့ များ ကို ပြု ပြင် လျက် အ မည် သစ် သ မုတ် ကြ ၏။ Judson Bible နေဗော၊ ဗာလမောန၊ ရှိဗမမြို့များကို အသစ်သောအမည်ဖြင့်သမုတ်၍ တည်ကြ၏။ |
ဣဇက်၏ဖခင်အာဗြဟံလက်ထက်၌ တူးခဲ့၍ အာဗြဟံကွယ်လွန်ပြီးနောက် ဖိလိတ္တိအမျိုးသားတို့ ပိတ်ဆို့ခဲ့သောရေတွင်းကို ဣဇက်သည် ပြန်ဖော်လေ၏။ သူသည် ထိုရေတွင်းများ၏အမည်ကို မိမိဖခင်ခေါ်ခဲ့သည့်အမည်အတိုင်း ခေါ်လေ၏။
နေဗောသားမြေးတွင် ယေယေလ၊ မတ္တိသိ၊ ဇာဗဒ်၊ ဇေဗိန၊ ယာဒေါ၊ ယောလ၊ ဗေနာယတို့ ပါကြ၏။
အခြားဘုရားများကို ဆည်းကပ်သောသူတို့သည် မိမိတို့၏ဝမ်းနည်းပူဆွေးမှုကိုတိုးပွားစေကြလိမ့်မည်။ ငါသည် သူတို့၏သွန်းလောင်းရာပူဇော်သက္ကာနှင့်ဆိုင်သောသွေးကို သွန်းလောင်းမည်မဟုတ်။ ထိုဘုရားတို့၏နာမကိုလည်း ငါ့နှုတ်ဖြင့်ရွတ်ဆိုမည်မဟုတ်။
သင်တို့အား ငါမိန့်ဆိုထားသောအရာရှိသမျှတို့ကို အလေးထားရမည်။ အခြားဘုရားများ၏နာမကို မမြွက်ဆိုရ။ သင့်နှုတ်မှမြွက်ဆိုသည်ကို မကြားရစေနှင့်။
စိဗမာ၏အကောင်းဆုံးစပျစ်ပင်များသည် ယာဇာမြို့တိုင်အောင်ရောက်၍ တောကန္တာရအထိပြန့်ပွားသွားပြီး အခက်အလက်တို့သည် ဆန့်ထွက်လျက် ပင်လယ်ကိုကျော်လွန်သွား၏။ ထိုစပျစ်ပင်များကို တိုင်းနိုင်ငံတို့၏အရှင်သခင်တို့သည် ချိုးကြ၏။ ဟေရှဘုန်လယ်ပြင်များ၊ စိဗမာစပျစ်ပင်များသည် ညှိုးနွမ်းခြောက်သွေ့ကြလေပြီ။
ဗေလဘုရားသည် ညွတ်တွားရလေပြီ။ နေဗောဘုရားသည် ခါးကိုင်းရလေပြီ။ ထိုဘုရားရုပ်တုတို့ကို တောရိုင်းတိရစ္ဆာန်များ၊ သိုးနွားတိရစ္ဆာန်များအပေါ် တင်ကြ၏။ သင်တို့ယူဆောင်သောထိုအရာတို့သည် တိရစ္ဆာန်တို့အတွက် လေးလံစွာထမ်းရသောဝန်ထုပ်ဝန်ပိုးများဖြစ်ကြ၏။
မောဘပြည်နှင့်ပတ်သက်၍ အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “နေဗောမြို့သည် အမင်္ဂလာရှိ၏၊ ဖျက်ဆီးခံရပြီ။ ကိရယသိမ်မြို့သည် အရှက်ကွဲပြီ၊ သိမ်းပိုက်ခံရပြီ။ ခံတပ်မြို့သည် အရှက်ကွဲပြီ၊ ပြိုကွဲပြီ။
တရားစီရင်ခြင်းသည် မြေပြန့်ဒေသဖြစ်သော ဟောလုန်မြို့၊ ယာဇမြို့၊ မေဖတ်မြို့၊
မောဘပြည်တောင်စောင်းတစ်လျှောက် အရေးပါသောနယ်စပ်မြို့များဖြစ်သည့် ဗက်ယေရှိမုတ်မြို့၊ ဗာလမုန်မြို့၊ ကိရယသိမ်မြို့တို့ကို ငါကျိုးပေါက်စေမည်။
နောက်တစ်နေ့နံနက်တွင် ဗာလက်မင်းကြီးသည် ဗာလမ်ကိုခေါ်၍ ဗာမုတ်ဗာလကုန်းမြင့်ပေါ်သို့တက်သွားကြ၏။ ထိုနေရာမှ အစ္စရေးလူမျိုးတို့၏တပ်စခန်းအစွန်အဖျားကို တွေ့မြင်ရ၏။
သင့်အစ်ကိုအာရုန်သည် ဟောရတောင်ပေါ်၌သေဆုံး၍ မိမိလူမျိုးစုစည်းရာသို့သွားရသည့်နည်းတူ သင်သည်လည်း ဤတောင်ပေါ်၌ သေဆုံးရမည်။ သင့်လူမျိုးစုစည်းရာသို့သွားရမည်။
သင်တို့တွင် ကျန်နေသေးသောလူမျိုးတို့နှင့်ပေါင်းဖော်ခြင်းမပြုနှင့်၊ သူတို့ဘုရားများ၏နာမကိုမတနှင့်၊ မတိုင်တည်နှင့်။ ထိုဘုရားတို့ကိုဝတ်မပြုနှင့်၊ ရှိခိုးကိုးကွယ်ခြင်းမပြုနှင့်။