သူတို့သည် လက်နက်ကိုင်စွဲလျက် သင်တို့နှင့်အတူ ကူးမသွားလျှင် သင်တို့နှင့်အတူခါနာန်ပြည်၌သာ အမွေမြေကို ခံယူရမည်”ဟု ဆိုလေ၏။
သို့ရာတွင်သူတို့သည်သင်တို့နှင့်အတူ ယော်ဒန်မြစ်ကိုဖြတ်ကူး၍စစ်ချီတိုက်ခိုက် ခြင်းမပြုကြလျှင် သင်တို့နည်းတူခါနာန် ပြည်ထဲ၌သာသူတို့ဝေစုကိုရစေရမည်'' ဟုအမိန့်ပေးလေ၏။
သင် တို့ နှင့် အ တူ လက် နက် စွဲ ကိုင် လျက် မ ကူး မ ချီ လျှင် မူ ကား သင် တို့ အ လယ် ခါ နာန် ပြည် တွင် သာ အ ပိုင် ရ ကြ စေ ဟု ဆို သည့် ကာ လ။
သို့မဟုတ် သူတို့သည် လက်နက်ကိုင်လျက် သင်တို့နှင့်အတူမကူးမသွားလျှင်၊ ခါနာန်ပြည်၌ သင်တို့တွင် ကိုယ်ပိုင်ရာမြေကိုခံယူရကြမည်ဟု မှာထားလေ၏။
“ဂဒ်သားမြေး၊ ရုဗင်သားမြေးတို့တွင် ထာဝရဘုရားရှေ့တော်၌ စစ်တိုက်ရန်လက်နက်ကိုင်စွဲသူအပေါင်းတို့သည် သင်တို့နှင့်အတူ ဂျော်ဒန်မြစ်ကိုကူး၍ သင်တို့ရှေ့၌ရှိသောထိုပြည်ကို နှိမ်နင်းလျှင် သင်တို့သည် ဂိလဒ်ပြည်ကို ပိုင်ဆိုင်ရာမြေအဖြစ် သူတို့အားပေးရမည်။
ဂဒ်သားမြေး၊ ရုဗင်သားမြေးတို့က “ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း သခင်၏အစေအပါးတို့ ပြုပါမည်။
သင်တို့အပိုင်ရသောပြည်သည် မစင်ကြယ်လျှင် ထာဝရဘုရားကိန်းဝပ်တော်မူရာတဲတော်တည်ရာ ထာဝရဘုရားပိုင်တော်မူရာပြည်သို့ ကူးလာ၍ ငါတို့နှင့်အတူ အမွေခံလော့။ ငါတို့၏ဘုရားသခင်ထာဝရဘုရားအဖို့ တည်ထားသောယဇ်ပလ္လင်မှတစ်ပါး ကိုယ့်အဖို့ယဇ်ပလ္လင်ကိုတည်ခြင်းဖြင့် ထာဝရဘုရားကို မပုန်ကန်ကြနှင့်။ ငါတို့ကိုလည်း မပုန်ကန်ကြနှင့်။