သင်တို့သည် နောက်တော်သို့ မလိုက်ကြလျှင် ဤလူမျိုးကို တောကန္တာရထဲ၌ နောက်တစ်ဖန်ထပ်၍စွန့်ပစ်တော်မူလိမ့်မည်။ သို့ဖြစ်လျှင် သင်တို့သည် ဤလူအပေါင်းတို့ကို ဖျက်ဆီးရာရောက်မည်”ဟု ဆိုလေ၏။
ရုဗင်နှင့်ဂဒ်အနွယ်ဝင်များဖြစ်ကြသော သင်တို့သည် ထာဝရဘုရား၏နောက်တော် သို့ယခုမလိုက်ကြလျှင် ကိုယ်တော်သည် ဣသရေလတစ်မျိုးလုံးကိုတောကန္တာရ တွင်တစ်ဖန်စွန့်ပစ်တော်မူလိမ့်မည်။ သို့ဖြစ် ၍သင်တို့ကြောင့်ထိုသူအပေါင်းတို့သည် ပျက်စီးဆုံးပါးရကြလိမ့်မည်'' ဟုပြန် လည်ဖြေကြား၏။
သင် တို့ သည် နောက် တော် မှ တွန့် ဆုတ် လျှင် ကိုယ် တော် သည် ဤ သဲ တော တွင် ထား ခဲ့ ဦး မည်။ သင် တို့ လည်း ဤ တစ် မျိုး လုံး ကို ဖျက် ဆီး လေ ပြီ ဟု ပြန် ဆို ရာ၊
သင်တို့သည် နောက်တော်သို့မလိုက်ဘဲ လွှဲသွားကြလျှင်၊ တစ်ဖန် ဣသရေလအမျိုးသားတို့ကို တော၌စွန့်ပစ်တော်မူသဖြင့်၊ သင်တို့သည် ဤလူမျိုးအပေါင်းကို ဖျက်ဆီးကြလိမ့်မည်ဟု ဂဒ်အမျိုးသား၊ ရုဗင်အမျိုးသားတို့အား ပြန်ပြော၏။
သူသည် အာသမင်းကြီးထံသွားကာ “အို အာသမင်းကြီးနှင့် ယုဒအမျိုး၊ ဗင်္ယာမိန်အမျိုးအပေါင်းတို့၊ ငါ့စကားကို နားထောင်ကြပါလော့။ သင်တို့သည် ထာဝရဘုရားနှင့်အတူရှိလျှင် ထာဝရဘုရားသည်လည်း သင်တို့နှင့်အတူ ရှိလိမ့်မည်။ ကိုယ်တော်ကိုရှာလျှင် အတွေ့ခံတော်မူမည်။ ကိုယ်တော်ကို စွန့်ပစ်လျှင် ကိုယ်တော်သည်လည်း သင်တို့ကို စွန့်ပစ်တော်မူမည်။
သင့်မိဖုရားနှင့် သားတော်၊ သမီးတော် အားလုံးကို ခါလဒဲစစ်သည်တို့ ခေါ်ဆောင်သွားလိမ့်မည်။ သင်သည်လည်း သူတို့လက်မှ လွတ်မည်မဟုတ်။ ဘေဘီလုံဘုရင်၏လက်အောက်သို့ ရောက်ရလိမ့်မည်။ ဤမြို့သည်လည်း မီးရှို့ခြင်းခံရလိမ့်မည်’ဟူ၍ ဖော်ပြတော်မူပြီ”ဟု လျှောက်ဆို၏။
ထိုအခါ ဂဒ်သားမြေး၊ ရုဗင်သားမြေးတို့သည် မောရှေထံသို့ ချဉ်းကပ်လာ၍ “အကျွန်ုပ်တို့သည် ဤအရပ်၌ အကျွန်ုပ်တို့၏တိရစ္ဆာန်များအတွက် ခြံခတ်၍ အကျွန်ုပ်တို့၏ကလေးများအတွက် မြို့တို့ကို တည်မည်။
ဤလောကသည် မှားယွင်းစေသောအရာများကြောင့် အမင်္ဂလာရှိ၏။ မှားယွင်းစေသောအရာများသက်ရောက်မည်ကို လွှဲရှောင်၍မရနိုင်။ သို့သော် မှားယွင်းစေသောအရာကို သက်ရောက်စေသောသူသည် အမင်္ဂလာရှိ၏။
အစားအစာကြောင့် သင်၏ညီအစ်ကိုကို ဝမ်းနည်းစေလျှင် သင်သည် မေတ္တာဖြင့် အသက်ရှင်လျှောက်လှမ်းသည်မဟုတ်တော့ပေ။ ခရစ်တော်က ကိုယ်စားအသေခံပေးတော်မူသော သင့်ညီအစ်ကိုကို သင်၏အစားအစာကြောင့် မပျက်စီးစေနှင့်။
သူတို့သည် ရုဗင်သားမြေး၊ ဂဒ်သားမြေးနှင့် မနာရှေသားမြေးတစ်ဝက်တို့ရှိရာ ဂိလဒ်ပြည်သို့ရောက်လာ၍ သူတို့အား