ယောရှု 22:15 - မြန်မာ့စံမီသမ္မာကျမ်း15 သူတို့သည် ရုဗင်သားမြေး၊ ဂဒ်သားမြေးနှင့် မနာရှေသားမြေးတစ်ဝက်တို့ရှိရာ ဂိလဒ်ပြည်သို့ရောက်လာ၍ သူတို့အား အခန်းကိုကြည့်ပါ။Common Language Bible15 သူတို့သည်ရုဗင်အနွယ်ဝင်၊ ဂဒ်အနွယ်ဝင် နှင့်အရှေ့မနာရှေအနွယ်ဝင်တို့ရှိရာ ဂိလဒ်ပြည်သို့ရောက်ရှိလာကြ၍၊- အခန်းကိုကြည့်ပါ။Garrad Bible15-16 မ နာ ရှေ့ အ နွယ် တစ် ဝက် တို့ ထံ စေ လွှတ်၍ ရောက် ကြ သော်၊ ထာ ဝ ရ ဘု ရား၏ ပ ရိ သတ် အား လုံး ဆင့် ဆို ကြ သည် ကား၊ သင် တို့ သည် ထာ ဝ ရ ဘု ရား ကို ယ နေ့ ပုန် ကန်၍ နောက် တော် မှ လွှဲ သွား လျက် ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင့် သ စ္စာ တော် ကို ဖောက် ကျော် လျက် ပ လ္လင် ကို တည် ကြ သည် ကား အ သို့ နည်း။ အခန်းကိုကြည့်ပါ။Judson Bible15 ထိုမင်းတို့သည် ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတစ်ဝက်ရှိရာ ဂိလဒ်ပြည်သို့ရောက်၍၊ အခန်းကိုကြည့်ပါ။ |
အို အစ္စရေးလူမျိုးတို့၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည် ဖြောင့်မတ်သောအရှင် ဖြစ်တော်မူပါ၏။ အကျွန်ုပ်တို့သည် ယနေ့ လွတ်မြောက်၍ ကြွင်းကျန်သောသူများ ဖြစ်ပါ၏။ အကျွန်ုပ်တို့သည် အပြစ်ရှိလျက်ပင် ကိုယ်တော့်ရှေ့တွင် ရပ်နေခွင့်ရပါပြီ။ သို့သော် ကိုယ့်အပြစ်ကြောင့် ရှေ့တော်တွင် ရပ်နေနိုင်သူ တစ်ဦးမျှမရှိပါ”ဟု တောင်းလျှောက်လေ၏။
ဩဇိမင်းကြီးနှင့်မျက်နှာချင်းဆိုင်လျက် “အရှင်ဩဇိမင်းကြီး၊ ထာဝရဘုရားထံ နံ့သာပေါင်းမီးရှို့ပူဇော်ခြင်းအမှုသည် အရှင်မင်းကြီးနှင့်မဆိုင်ပါ။ နံ့သာပေါင်းမီးရှို့ပူဇော်ရန် ခန့်အပ်ခြင်းခံရသောအာရုန်နှင့်သူ၏သားစဉ်မြေးဆက်တို့နှင့်သာဆိုင်ပါ၏။ သန့်ရှင်းရာဌာနထဲမှထွက်သွားပါ။ မင်းကြီးသည် သစ္စာမဲ့စွာပြုမိပြီဖြစ်၍ မင်းကြီး၌ ဘုရားသခင်ထာဝရဘုရားထံမှ ဘုန်းအသရေမရှိတော့ပေ”ဟု ဆိုလျှင်
ယွာဘကလည်း “ထာဝရဘုရားသည် လူတို့ကို သူတို့ရှိသည်ထက် အဆတစ်ရာ တိုးပွားစေတော်မူပါစေသော။ အကျွန်ုပ်၏သခင် အရှင်မင်းကြီး၊ သူတို့အားလုံးသည် အကျွန်ုပ်သခင်၏အစေအပါးများပင် ဖြစ်ကြသည်မဟုတ်လော။ အဘယ်ကြောင့် အရှင်မင်းကြီး ဤအမှုကို ပြုလိုပါသနည်း။ အဘယ်ကြောင့် အစ္စရေးလူမျိုးတို့အပေါ် အပြစ်သက်ရောက်စေမည်နည်း”ဟု လျှောက်တင်၏။
သူတို့အား ငါမိန့်မှာထားသောလမ်းမှ အလျင်အမြန်လွဲသွားကြပြီ။ သူတို့သည် မိမိတို့အဖို့ နွားသငယ်ရုပ်တုကို သွန်းလုပ်၍ ရှိခိုးကိုးကွယ်ကြပြီ။ ထိုရုပ်တုအား ယဇ်ပူဇော်၍ ‘အို အစ္စရေးလူမျိုး၊ ဤသည်ကား သင်တို့ကို အီဂျစ်ပြည်မှထုတ်ဆောင်တော်မူသော သင်တို့၏ဘုရားဖြစ်သည်’ဟူ၍ ပြောဆိုကြလေပြီ”ဟု မိန့်တော်မူ၏။