အချို့တို့သည် တောကန္တာရထဲ၌ ကန္တာရလမ်းတွင် လှည့်လည်သွားလာကြပြီး မိမိတို့နေထိုင်ရန်မြို့ကို ရှာမတွေ့ကြချေ။
တောလည် 32:13 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့ကို အမျက်ထွက်၍ မိမိရှေ့တော်၌ ဆိုးသောအမှုကိုပြုသောမျိုးဆက်အားလုံးသေကုန်သည်အထိ သူတို့ကို တောကန္တာရထဲ၌ အနှစ်လေးဆယ်ပတ်လုံး လှည့်လည်စေတော်မူ၏။ Common Language Bible ထာဝရဘုရားသည်ဣသရေလအမျိုး သားတို့ကိုအမျက်ထွက်သဖြင့် မိမိအလို ကိုဆန့်ကျင်သောအမျိုးဆက်တို့သေဆုံး ကုန်ကြသည်အထိသူတို့ကိုတောကန္တာရ ၌အနှစ်လေးဆယ်ပတ်လုံးလှည့်လည်နေ စေတော်မူ၏။- Garrad Bible ထာ ဝ ရ ဘု ရား ရှေ့ ဆိုး သွမ်း မှု ကို ပြု မိ သော ထို တစ် ဆက် လုံး မ ကုန် မ ချင်း၊ နှစ် ပေါင်း လေး ဆယ် ကာ လ ပတ် လုံး အ မျက် တော် ခံ ရ သော ဣ သ ရေ လ လူ မျိုး ကို သဲ တော တွင် လှည့် လည် စေ တော် မူ ခဲ့ ပြီ။ Judson Bible ထိုသို့ ထာဝရဘုရားရှေ့တော်၌ ဆိုးသောအမှုကိုပြုသော လူအပေါင်းတို့သည် မပျက်စီးမီတိုင်အောင်၊ ထာဝရဘုရားသည် ဣသရေလအမျိုးသားတို့ကို အမျက်ထွက်၍ အနှစ်လေးဆယ်ပတ်လုံး တော၌လှည့်လည်စေတော်မူ၏။ |
အချို့တို့သည် တောကန္တာရထဲ၌ ကန္တာရလမ်းတွင် လှည့်လည်သွားလာကြပြီး မိမိတို့နေထိုင်ရန်မြို့ကို ရှာမတွေ့ကြချေ။
ထို့ကြောင့် ကိုယ်တော်သည် သူတို့၏နေ့ရက်များကို အချည်းနှီးသောအဖြစ်၌လည်းကောင်း၊ သူတို့၏နှစ်ကာလများကို ထိတ်လန့်ခြင်း၌လည်းကောင်း ကုန်လွန်စေတော်မူ၏။
ငါသည် အနှစ်လေးဆယ်အတွင်း ထိုမျိုးဆက်ကိုစက်ဆုပ်၍ “သူတို့သည် စိတ်သဘောမှားယွင်းသောလူမျိုးဖြစ်ကြ၏။ ငါ၏လမ်းတို့ကိုလည်း မသိကြ”ဟု ဆို၏။
အစ္စရေးအမျိုးသားတို့သည် သူတို့အခြေချနေထိုင်မည့်ပြည်သို့မရောက်မချင်း အနှစ်လေးဆယ်ပတ်လုံး မန္နမုန့်ကိုစားကြ၏။ သူတို့သည် ခါနာန်ပြည်နယ်နိမိတ်သို့မရောက်မချင်း မန္နမုန့်ကိုစားကြ၏။
သင်တို့ကိုအီဂျစ်ပြည်မှထုတ်ဆောင်၍ အာမောရိပြည်ကို ပိုင်ဆိုင်ရန်အတွက် သင်တို့အား တောကန္တာရတွင် အနှစ်လေးဆယ်ပို့ဆောင်ပေးခဲ့၏။
သို့သော် သစ်ကတိုးပင်မြင့်သကဲ့သို့မြင့်၍ ဝက်သစ်ချပင်ကဲ့သို့သန်မာသော အာမောရိလူမျိုးတို့ကို အပင်ပေါ်ရှိအသီးများသာမက မြေအောက်ရှိအမြစ်များပါမကျန် ဖျက်ဆီးသကဲ့သို့ သူတို့ရှေ့တွင်ပင် ငါကိုယ်တော်တိုင် သုတ်သင်ပယ်ရှင်းပစ်ခဲ့၏။
သို့သော် ဘုရားသခင်သည် သူတို့ထဲမှ အများစုကို နှစ်သက်တော်မမူခဲ့ပေ။ ထို့ကြောင့် သူတို့သည် တောကန္တာရ၌ သေကျေပျက်စီးခဲ့ကြရ၏။
အကယ်စင်စစ် သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့ပြုလေရာရာ၌ ကောင်းချီးပေးတော်မူပြီ။ ဤကြီးမားသောတောကန္တာရကို သင်တို့ဖြတ်သွားရကြောင်း ကိုယ်တော်သိတော်မူ၏။ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ဤအနှစ်လေးဆယ်ပတ်လုံး သင်တို့နှင့်အတူရှိတော်မူသည်ဖြစ်၍ သင်တို့၌ ချို့တဲ့ခြင်းမရှိ”ဟူ၍ ဆင့်ဆိုလော့’ဟု မိန့်တော်မူ၏။
ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့ကို အမျက်ထွက်၍ တိုက်ခိုက်လုယက်သောသူတို့လက်ထဲသို့အပ်လိုက်တော်မူသဖြင့် ထိုသူတို့သည် သူတို့ကိုတိုက်ခိုက်လုယက်ကြ၏။ သူတို့ဝန်းကျင်ရှိ ရန်သူတို့ထံ သူတို့ကို ရောင်းလိုက်တော်မူသဖြင့် သူတို့သည် ရန်သူတို့ကို မခုခံနိုင်ကြတော့ပေ။
ထို့ကြောင့် ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့ကို အမျက်ထွက်သဖြင့် “ဤလူမျိုးသည် ငါ့စကားကို နားမထောင်၊ ဘိုးဘေးတို့နှင့် ငါဖွဲ့ခဲ့သောပဋိညာဉ်ကို ချိုးဖောက်ကြသောကြောင့်