ထိုပြည်ကို သူတို့၏ဘိုးဘေးတို့အားပေးမည်ဟု ငါကျိန်ဆိုခဲ့သော်လည်း ထိုပြည်ကို သူတို့တွေ့မြင်ရကြမည်မဟုတ်။ ငါ့ကိုမထီလေးစားပြုသောသူတစ်စုံတစ်ဦးမျှ ထိုပြည်ကိုတွေ့မြင်ရမည်မဟုတ်။
တောလည် 32:11 - မြန်မာ့စံမီသမ္မာကျမ်း ‘အီဂျစ်ပြည်မှထွက်လာသောသူတို့သည် ငါ့နောက်သို့လုံးလုံးမလိုက်သောကြောင့် ထိုပြည်ကို အာဗြဟံ၊ ဣဇက်၊ ယာကုပ် တို့အား ပေးမည်ဟု ငါကျိန်ဆိုခဲ့သော်လည်း အသက်နှစ်ဆယ်အရွယ်နှင့် အထက်ရှိသောသူတို့သည် ထိုပြည်ကို မြင်ရလိမ့်မည်မဟုတ်။ Common Language Bible `သူတို့သည်ငါ့ကိုသစ္စာဖောက်ကြသဖြင့် အီဂျစ်ပြည်မှထွက်လာသောသူတို့တွင် အသက်နှစ်ဆယ်အရွယ်နှင့်အထက်ရှိ သောမည်သည့်ယောကျာ်းမျှအာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အားငါပေးမည်ဟုကတိထား သောပြည်သို့မဝင်ရ' ဟုကျိန်ဆို၍မိန့် တော်မူခဲ့၏။- |
ထိုပြည်ကို သူတို့၏ဘိုးဘေးတို့အားပေးမည်ဟု ငါကျိန်ဆိုခဲ့သော်လည်း ထိုပြည်ကို သူတို့တွေ့မြင်ရကြမည်မဟုတ်။ ငါ့ကိုမထီလေးစားပြုသောသူတစ်စုံတစ်ဦးမျှ ထိုပြည်ကိုတွေ့မြင်ရမည်မဟုတ်။
ငါ့အစေအပါးကာလက်မူကား ခြားနားသောစိတ်ဝိညာဉ်ရှိပြီး ငါ့နောက်သို့လုံးလုံးလိုက်သောကြောင့် ငါသည် သူသွားခဲ့သောပြည်သို့ သူ့ကိုပို့ဆောင်၍ သူ့သားမြေးတို့သည် ထိုပြည်ကိုအမွေဆက်ခံရလိမ့်မည်။
“အစ္စရေးအမျိုးသားလူထုအပေါင်းတို့ထဲမှ အသက်နှစ်ဆယ်အရွယ်နှင့်အထက်စစ်မှုထမ်းနိုင်သောသူရှိသမျှတို့ကို သူတို့ဘိုးဘေးများ၏အိမ်ထောင်စုအလိုက် စာရင်းကောက်ယူလော့”ဟု မိန့်တော်မူ၏။
‘ထိုပြည်ကို သင်တို့ဘိုးဘေးတို့အားပေးမည်ဟု ငါကျိန်ဆိုခဲ့သော်လည်း ထိုသာယာဝပြောသောပြည်ကို ဆိုးညစ်သောမျိုးဆက်ဖြစ်သည့် ဤလူတို့တစ်ယောက်မျှမြင်ရလိမ့်မည်မဟုတ်။
ထိုပြည်ကို သင်တို့အား ငါပေးပြီ။ ထိုပြည်ကို သင်တို့၏ဘိုးဘေးများဖြစ်သော အာဗြဟံ၊ ဣဇက်၊ ယာကုပ်မှစ၍ နောင်လာမည့်သားစဉ်မြေးဆက်တို့အား ပေးမည်ဟု ထာဝရဘုရားကျိန်ဆိုတော်မူသည်နှင့်အညီ ဝင်၍သိမ်းပိုက်ကြလော့’ဟု မိန့်တော်မူ၏။