ဒါဝိဒ်မင်းကြီးက “လေဝိအမျိုးမှလွဲ၍ မည်သူမျှ ဘုရားသခင်၏သေတ္တာတော်ကို မထမ်းရ။ အကြောင်းမူကား ထာဝရဘုရား၏သေတ္တာတော်ကိုထမ်းရန်နှင့် အမှုတော်ကိုအစဉ်ဆောင်ရွက်ရန် သူတို့ကို ထာဝရဘုရား ရွေးချယ်တော်မူပြီ”ဟု မိန့်ဆို၏။
တောလည် 3:6 - မြန်မာ့စံမီသမ္မာကျမ်း “လေဝိအမျိုးအနွယ်တို့ကို ခေါ်လာ၍ ယဇ်ပုရောဟိတ်အာရုန်နှင့်ဆိုင်သောအလုပ်ကို လုပ်ဆောင်စေလော့။ Common Language Bible ``လေဝိအနွယ်ဝင်တို့ကိုဆင့်ခေါ်၍ယဇ်ပုရော ဟိတ်အာရုန်၏လက်အောက်တွင်အမှုတော်ဆောင် ရွက်စေလော့။- Garrad Bible ပ ရော ဟိတ် အာ ရုန့် ရှေ့ ဆောင် ရွက် ကြ စေ ခြင်း ငှါ လေ ဝိ အ နွယ် သား တို့ ကို ချဉ်း ကပ် ရပ် တန့် စေ လော့။ Judson Bible သင်သည် လေဝိအမျိုးသားတို့ကိုခေါ်ခဲ့၍ ယဇ်ပုရောဟိတ်အာရုန်အမှုကို ဆောင်စေခြင်းငှာ၊ အာရုန်ထံ၌နေရာချလော့။ |
ဒါဝိဒ်မင်းကြီးက “လေဝိအမျိုးမှလွဲ၍ မည်သူမျှ ဘုရားသခင်၏သေတ္တာတော်ကို မထမ်းရ။ အကြောင်းမူကား ထာဝရဘုရား၏သေတ္တာတော်ကိုထမ်းရန်နှင့် အမှုတော်ကိုအစဉ်ဆောင်ရွက်ရန် သူတို့ကို ထာဝရဘုရား ရွေးချယ်တော်မူပြီ”ဟု မိန့်ဆို၏။
သူတို့၏တာဝန်မှာ အာရုန်၏သားမြေးများ ထာဝရဘုရား၏အိမ်တော်တွင် အမှုတော်ထမ်းဆောင်သောအခါ ဝိုင်းကူပေးရန်ဖြစ်၏။ အိမ်တော်ဝင်း၊ အိမ်တော်အခန်းများ၊ သန့်ရှင်းရာဌာနရှိအရာအားလုံး သန့်ရှင်းသပ်ရပ်အောင်ဆောင်ရွက်ရန်နှင့် ဘုရားသခင်၏အိမ်တော်အမှုကို ထမ်းဆောင်ရန်အတွက်ဖြစ်၏။
ထိုသို့ သူတို့သည် တွေ့ဆုံစည်းဝေးရာတဲတော်၌ဆောင်ရွက်ရမည့်အမှုများ၊ သန့်ရှင်းရာဌာန၌ဆောင်ရွက်ရမည့်အမှုများ၊ အာရုန်၏သားမြေးနှင့် သူတို့၏ဆွေမျိုးသားချင်းတို့အတွက်ဆောင်ရွက်ရမည့်အမှုများ စသည်ဖြင့် ထာဝရဘုရား၏အိမ်တော်အမှုကို လိုက်နာဆောင်ရွက်ကြရ၏။
ဤသို့ အမှုတော်ကို ထမ်းဆောင်သောသူများနှင့် သူတို့၏သားမြေးများမှာ ဤသူတို့ဖြစ်၏။ ကောဟတ်၏သားမြေးများတွင် ဟေမန်သည် သီချင်းသည်ဖြစ်၏။ ဟေမန်သည် ယောလ၏သား၊ ယောလသည် ရှမွေလ၏သား ဖြစ်၏။
ငါ့သားတို့၊ ယခု မပေါ့ဆကြနှင့်။ ထာဝရဘုရားရှေ့တော်တွင် ရပ်၍အမှုတော်ထမ်းဆောင်ရန်နှင့် ရှေ့တော်တွင် အမှုတော်ဆောင်အဖြစ် နံ့သာပေါင်းမီးရှို့ပူဇော်ရန်အတွက် သင်တို့ကို ထာဝရဘုရား ရွေးချယ်တော်မူပြီ”ဟု မိန့်ဆို၏။
ထို့နောက် မောရှေ၏ပညတ်တရားကျမ်း၌ရေးထားသည့်အတိုင်း ဂျေရုဆလင်မြို့တွင် ဘုရားသခင်၏အမှုတော်ကိုထမ်းဆောင်ရန် ယဇ်ပုရောဟိတ်အုပ်စု၊ လေဝိအုပ်စုတို့ကို ခန့်ထားလေ၏။
ထိုအခါ လေဝိအမျိုးနှင့်ဖွဲ့ခဲ့သောပဋိညာဉ် တည်စေရန် ဤပညတ်ချက်တို့ကို သင်တို့အား ငါပေးခဲ့ကြောင်းကို သင်တို့ သိရကြလိမ့်မည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
တွေ့ဆုံစည်းဝေးရာတဲတော်၏အမှုကို ထမ်းဆောင်ရသောလေဝိသားမြေးတို့အား သူတို့ထမ်းဆောင်သောအမှုအတွက် အစ္စရေးအမျိုးသားတို့၏ဆယ်ဖို့တစ်ဖို့အားလုံးကို အမွေအဖြစ် ငါပေး၏။
ထို့နောက်မှ လေဝိတပ်ဖွဲ့သည် တွေ့ဆုံစည်းဝေးရာတဲတော်ကိုသယ်ဆောင်လျက် တပ်ဖွဲ့များ၏အလယ်မှနေ၍ ခရီးပြုရမည်။ သူတို့သည် စခန်းချသည့်အတိုင်း မိမိတို့၏အလံနှင့်အတူ အသီးသီးကိုယ့်နေရာနှင့်ကိုယ် ခရီးပြုရမည်။
မောရှေအား ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း လေဝိအမျိုးတို့ကို အစ္စရေးအမျိုးသားတို့နှင့်အတူ မရေတွက်ပေ။
ထိုအချိန်၌ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကို သယ်ဆောင်ရန်၊ ထာဝရဘုရားရှေ့တော်၌ရပ်လျက် အမှုတော်ဆောင်ရွက်ရန်၊ ကိုယ်တော်၏နာမတော်အားဖြင့် ကောင်းချီးပေးရန် ထာဝရဘုရားသည် လေဝိအမျိုးတို့ကို သီးခြားခွဲထားသည်မှာ ယနေ့ထိတိုင် ဖြစ်၏။