Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တော​လည် 3:7 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

7 သူ​တို့​သည် ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​၏​အမှု​ဖြစ်​သော အာရုန်​နှင့်ဆိုင်သော​အလုပ်​၊ လူထု​အပေါင်း​တို့​နှင့်ဆိုင်သော​အလုပ်​တို့​ကို တွေ့ဆုံစည်းဝေးရာ​တဲ​တော်​ရှေ့​၌ လုပ်ဆောင်​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

7 သူ​တို့​သည်​ငါ​စံ​တော်​မူ​ရာ​တဲ​တော်​နှင့်​ဆိုင် သော​အ​မှု​ကို​ဆောင်​ရွက်​ရ​မည်။ ယဇ်​ပု​ရော ဟိတ်​များ​၏​ဝတ္တ​ရား​များ​နှင့်​ဣသ​ရေ​လ တစ်​မျိုး​သား​လုံး​နှင့်​ဆိုင်​သော​ဝတ္တ​ရား​များ ကို​ဆောင်​ရွက်​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

7 ထို သူ တို့ သည် စံ ရာ တော် ဆိုင် ရာ ဝတ် ကို ပြု လျက် တွေ့ ဆုံ ရာ တဲ တော့် ရှေ့၊ အာ ရုန် နှင့် ပ ရိ သတ် ဥဿုံ့ အ တွက် အ မှု ကို ဆောင် ရွက် ရာ ၌၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

7 သူ​တို့​သည် ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​ရှေ့​မှာ၊ အာ​ရုန်​နှင့် ပ​ရိ​သတ်​အ​ပေါင်း​တို့​ဆောင်​ရ​သော အ​မှု​တည်း​ဟူ​သော တဲ​တော်​အ​မှု​ကို ဆောင်​ရွက်​ရ​ကြ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည် 3:7
13 ပူးပေါင်းရင်းမြစ်များ  

လေဝိ​အမျိုး​တွင် အဟိယ​သည် ဘုရားသခင်​၏​ဘဏ္ဍာတိုက်​နှင့် ဆက်ကပ်လှူဒါန်း​သော​ပစ္စည်း​များ​ထား​ရာ​ဘဏ္ဍာတိုက်​တို့​ကို စောင့်ကြပ်​ရ​၏​။


ယေဟေလိ​၏​သား​များ​မှာ ဇေသံ​နှင့် သူ့​ညီ​ယောလ ဖြစ်​၏​။ သူ​တို့​သည် ထာဝရဘုရား​၏​အိမ်​တော်​ဘဏ္ဍာတိုက်​ကို စောင့်ကြပ်​ကြ​ရ​၏​။


ရှေလောမုတ်​နှင့် သူ့​ညီအစ်ကို​တို့​သည် ဒါဝိဒ်​မင်းကြီး​နှင့် ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အကြီးအမှူး​များ​ဖြစ်​သော ထောင်တပ်မှူး​၊ ရာ​တပ်မှူး​များ​၊ စစ်ဗိုလ်ချုပ်​များ ဆက်ကပ်လှူဒါန်း​သော​ပစ္စည်း​များ​ထား​ရာ​ဘဏ္ဍာတိုက်​အလုံးစုံ​ကို စောင့်ကြပ်​ရ​၏​။


သင်​တို့ မ​သေ​ရ​မည့်​အကြောင်း ခုနစ်​ရက်​ပတ်လုံး နေ့ညမပြတ် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​၌​နေ​၍ ထာဝရဘုရား​ညွှန်ကြား​သည့်​အတိုင်း​ဆောင်ရွက်​ရ​မည်​ဟု ငါ့​အား ထိုသို့​မိန့်မှာ​တော်မူ​ခဲ့​၏​”​ဟု ဆို​လေ​၏​။


လေဝိ​အမျိုး​တို့​ကို သက်သေခံချက်​ထား​ရာ​ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​၊ ထို​တဲ​တော်​၏​တန်ဆာပလာ​ရှိသမျှ​၊ ထို​တဲ​တော်​နှင့်​ဆိုင်​သမျှ​တို့​ကို ထိန်းသိမ်း​ဖို့ ခန့်အပ်​လော့​။ သူ​တို့​သည် ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​နှင့် ထို​တဲ​တော်​၏ တန်ဆာပလာ​ရှိသမျှ​တို့​ကို သယ်ဆောင်​ရ​မည်​။ ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​၏​အမှု​ကို​ဆောင်ရွက်​၍ ထို​တဲ​တော်​၏​ပတ်ပတ်လည်​၌ စခန်းချ​ရ​မည်​။


လေဝိ​အမျိုး​တို့​မူကား အစ္စရေး​အမျိုးသား​လူထု​ပေါ်သို့ အမျက်​တော်​မ​သက်ရောက်​စေရန် သက်သေခံချက်​ထား​ရာ​ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​၏​ပတ်ပတ်လည်​၌ စခန်းချ​ရ​မည်​။ လေဝိ​အမျိုး​သည် သက်သေခံချက်​ထား​ရာ​ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​ကို စောင့်ရှောက်​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။


ယဇ်ပုရောဟိတ်​အာရုန်​၏​သား ဧလာဇာ​သည် လေဝိ​အမျိုး​၏​ခေါင်းဆောင်​များ​ကို​ကြီးမှူးသူ​ဖြစ်ပြီး သန့်ရှင်းရာဌာန​၏​အမှုကိစ္စ​ကို​ဆောင်ရွက်​သော​သူ​တို့​အား ကြီးကြပ်​ရ​၏​။


တွေ့ဆုံစည်းဝေးရာ​တဲ​တော်​၏​တန်ဆာပလာ​ရှိသမျှ​ကို ထိန်းသိမ်း​ရ​မည်​၊ အစ္စရေး​အမျိုးသား​တို့​နှင့်ဆိုင်သော​အလုပ်​ဖြစ်​သည့် ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​၏​အမှု​ကို​လည်း လုပ်ဆောင်​ရ​မည်​။


အစ္စရေး​အမျိုးသား​တို့​ရရှိ​သော​တစ်ဝက်​ထဲမှ လူ​နှင့် နွား​၊ မြည်း​၊ သိုး စသည့်​တိရစ္ဆာန်​အားလုံး​တို့​ကို အယောက်​ငါးဆယ်​လျှင် တစ်​ယောက်​ကျ​၊ အကောင်​ငါးဆယ်​လျှင် တစ်​ကောင်​ကျ ယူ​၍ ထာဝရဘုရား​ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​၏​အမှု​ကို ဆောင်ရွက်​သော​လေဝိ​အမျိုး​တို့​အား ပေး​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။


အစ္စရေး​အမျိုးသား​တို့​ထဲ​ရှိ လေဝိ​အမျိုး​တို့​သည် ထာဝရဘုရား​၏​အမှု​တော်​ထမ်းဆောင်​ရန် အာရုန်​သည် သူ​တို့​ကို ထာဝရဘုရား​ရှေ့​တော်​၌ ချီလွှဲရာပူဇော်သက္ကာ​အဖြစ် ဆက်ကပ်​ရ​မည်​။


ထို့နောက်မှ လေဝိ​အမျိုး​တို့​သည် အမှု​တော်​ထမ်းဆောင်​ရန် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​သို့​ဝင်​ရ​မည်​။ သင်​သည် သူ​တို့​ကို စင်ကြယ်​စေ​၍ ချီလွှဲရာပူဇော်သက္ကာ​အဖြစ် ဆက်ကပ်​ရ​မည်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ