သူတို့သည် အစ္စရေးလူမျိုးတို့အား ထာဝရဘုရားပေးအပ်တော်မူသောပညတ်တရားကျမ်းတွင် ရေးသားထားသည့်အတိုင်း မီးရှို့ရာယဇ်ကို မီးရှို့ရာယဇ်ပလ္လင်ပေါ်တွင် ထာဝရဘုရားအား နံနက်တစ်ကြိမ်၊ နေဝင်ချိန်တစ်ကြိမ် ပုံမှန်ယဇ်ပူဇော်ရ၏။
တောလည် 28:3 - မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် သူတို့အား ‘ထာဝရဘုရားထံ မီးဖြင့်ပူဇော်သောယဇ်ကား အပြစ်အနာအဆာကင်းသော တစ်နှစ်သားအရွယ်သိုးသငယ်နှစ်ကောင်ကို မီးရှို့ရာယဇ်အဖြစ် နေ့စဉ်မပြတ်ပူဇော်ရမည်။ Common Language Bible ထာဝရဘုရားအား ပူဇော်ဆက်သရမည့် သကာများကိုဖော်ပြပေအံ့။ နေ့စဉ်မီးရှို့ ရာယဇ်အတွက်အပြစ်အနာကင်းသော တစ်နှစ်သားအရွယ်သိုးထီးနှစ်ကောင်ကို ပူဇော်ရမည်။- Garrad Bible မီး ပူ ဇော် ရာ အ ဖြစ် ထာ ဝ ရ ဘု ရား ထံ ဆက် ကပ် ကြ ရ မည် မှာ ဆက် မြဲ မီး ရှို့ ရာ သ က္ကာ အ ဖြစ်၊ ကြန် အင် စုံ လျက် အ ခါ လည် သော သိုး သား ငယ် တစ် နေ့ နှစ် ကောင် ကျ၊ Judson Bible တစ်ဖန် ဆင့်ဆိုရမည်မှာ၊ နေ့တိုင်းအစဉ်အမြဲ မီးရှို့ရာယဇ်ဖို့၊ အခါလည် အပြစ်မပါသော သိုးသငယ်နှစ်ကောင်ကို ထာဝရဘုရားအား မီးဖြင့်ပူဇော်ရမည်။ |
သူတို့သည် အစ္စရေးလူမျိုးတို့အား ထာဝရဘုရားပေးအပ်တော်မူသောပညတ်တရားကျမ်းတွင် ရေးသားထားသည့်အတိုင်း မီးရှို့ရာယဇ်ကို မီးရှို့ရာယဇ်ပလ္လင်ပေါ်တွင် ထာဝရဘုရားအား နံနက်တစ်ကြိမ်၊ နေဝင်ချိန်တစ်ကြိမ် ပုံမှန်ယဇ်ပူဇော်ရ၏။
မောရှေ၏ပညတ်တော်တွင်ပါရှိသည့်အတိုင်း နေ့စဉ်ဆက်သနေသောအလှူများ၊ ဥပုသ်နေ့၊ လဆန်းနေ့တို့တွင် ဆက်သသောအလှူများ၊ တစ်နှစ်လျှင်သုံးကြိမ်ကျင်းပရသောပွဲတော်များဖြစ်သည့် တဆေးမဲ့မုန့်ပွဲတော်၊ ခုနစ်သီတင်းပွဲတော်၊ ယာယီတဲစုပွဲတော်တို့တွင် ဆက်သသောအလှူများကို ပူဇော်၏။
ပုံမှန်မီးရှို့ရာယဇ်ကိုလည်း ပူဇော်ကြ၏။ ထို့ပြင် လဆန်းနေ့များ၊ ထာဝရဘုရားသတ်မှတ်ထားသောပွဲတော်နေ့များဆိုင်ရာ ပူဇော်သက္ကာများနှင့် ထာဝရဘုရားအား စေတနာအလျောက် အသီးသီးပေးလှူသောပူဇော်သက္ကာများကိုလည်း ပူဇော်ကြ၏။
သူ၏တပ်သားတို့သည် လာ၍ ခိုလှုံရာဖြစ်သည့်သန့်ရှင်းရာဌာနတော်ကို ရှုတ်ချလိမ့်မည်။ နေ့စဉ်ပူဇော်သက္ကာကို ဖယ်ရှားပစ်၍ ဖျက်ဆီးတတ်သောရွံရှာဖွယ်ရာကို တည်ထားကြလိမ့်မည်။
နေ့စဉ်ပူဇော်သက္ကာကိုဖယ်ရှား၍ ဖျက်ဆီးတတ်သောရွံရှာဖွယ်ရာကိုတည်ထားချိန်မှစ၍ ရက်ပေါင်းတစ်ထောင့်နှစ်ရာ့ကိုးဆယ် ကြာလိမ့်မည်။
ထိုမျှမက ကောင်းကင်ဗိုလ်ခြေမင်းကို ဆန့်ကျင်၍ မိမိကိုယ်ကိုချီးမြှောက်၏။ နေ့စဉ်ပူဇော်သက္ကာကို ဖယ်ရှား၍ သန့်ရှင်းရာဌာနကိုလည်း ဖြိုပစ်၏။
ထိုအခါ သန့်ရှင်းသူတစ်ပါး၏စကားသံကို ငါကြားရ၏။ စကားပြောနေသော ထိုသန့်ရှင်းသူတစ်ပါးကို အခြားသန့်ရှင်းသူတစ်ပါးက “ဗျာဒိတ်နိမိတ်ထဲတွင် နေ့စဉ်ပူဇော်သက္ကာ၊ လူဆိတ်ညံရာဖြစ်စေသောအပြစ်၊ သန့်ရှင်းရာဌာနနှင့် ဗိုလ်ခြေတို့ကို နင်းချေအပ်နှံခြင်းတို့နှင့်ဆိုင်သောအဖြစ်အပျက်သည် မည်မျှကြာကြာဖြစ်မည်နည်း”ဟု မေးမြန်းပြောဆိုသည်ကို ငါကြားရ၏။
၎င်းကို အာရုန်၏သားတို့သည် ယဇ်ပလ္လင်ပေါ်မှ မီးပေါ်တွင်ရှိသည့် ထင်းများပေါ်၌တင်ထားသော မီးရှို့ရာယဇ်ပေါ်၌ ရှို့ရမည်။ ထာဝရဘုရားအဖို့ မီးဖြင့်ပူဇော်သောမွှေးကြိုင်သည့်ရနံ့ဖြစ်၏။
“အာရုန်နှင့်သူ၏သားတို့အား ဆင့်ဆိုလော့။ မီးရှို့ရာယဇ်နှင့်ဆိုင်သောတရားကား ဤသို့ဖြစ်၏။ မီးရှို့ရာယဇ်ကောင်ကို ယဇ်ပလ္လင်ပေါ်ရှိ မီးတောက်ပေါ်တွင် နံနက်တိုင်အောင် တစ်ညလုံးရှိစေ၍ ယဇ်ပလ္လင်၏မီးသည် တောက်လောင်လျက်နေရမည်။
“ဗေသလမြို့သို့သွားပြီး အပြစ်ပြုကြ။ ဂိလဂါလမြို့သို့သွားပြီး အပြစ်များစွာပြုကြ။ သင်တို့၏ပူဇော်သက္ကာကို နံနက်တိုင်းယူလာကြ။ ဆယ်ဖို့တစ်ဖို့ကို သုံးရက်တစ်ကြိမ် ယူလာကြ။
ဤသည်ကား ပုံမှန်မီးရှို့ရာယဇ်နှင့် ထိုယဇ်အတွက် သွန်းလောင်းရာပူဇော်သက္ကာအပြင် ဥပုသ်နေ့တိုင်းပူဇော်သော မီးရှို့ရာယဇ်ဖြစ်၏။
ပုံမှန်မီးရှို့ရာယဇ်နှင့် ထိုယဇ်အတွက် သွန်းလောင်းရာပူဇော်သက္ကာအပြင် ဆိတ်ထီးကလေးတစ်ကောင်ကိုလည်း အပြစ်ဖြေရာယဇ်အဖြစ် ထာဝရဘုရားထံ ပူဇော်ရမည်။
ပုံမှန်မီးရှို့ရာယဇ်ဖြစ်သည့် နံနက်အချိန်မီးရှို့ရာယဇ်အပြင် ထိုယဇ်တို့ကို ပူဇော်ရမည်။
ထိုနည်းတူ ပုံမှန်မီးရှို့ရာယဇ်နှင့် ထိုယဇ်အတွက် သွန်းလောင်းရာပူဇော်သက္ကာအပြင် ထာဝရဘုရားအဖို့ မွှေးကြိုင်သောရနံ့ဖြစ်သည့် မီးဖြင့်ပူဇော်သောစားဖွယ်ရာကို ခုနစ်ရက်ပတ်လုံး နေ့စဉ်ပူဇော်ရမည်။
ပုံမှန်မီးရှို့ရာယဇ်နှင့် ထိုယဇ်အတွက် ဘောဇဉ်ပူဇော်သက္ကာအပြင် အပြစ်အနာအဆာကင်းသောယဇ်ကောင်များနှင့် ထိုယဇ်ကောင်များအတွက် သွန်းလောင်းရာပူဇော်သက္ကာတို့ကို ပူဇော်ရမည်။
သိုးသငယ်တစ်ကောင်ကို နံနက်အချိန်တွင် ပူဇော်၍ နောက်သိုးသငယ်တစ်ကောင်ကို နေဝင်ချိန်တွင် ပူဇော်ရမည်။
အပြစ်ဖြေလွှတ်ခြင်းနှင့်ဆိုင်သောအပြစ်ဖြေရာယဇ်၊ ပုံမှန်မီးရှို့ရာယဇ်နှင့် ထိုယဇ်နှင့်ဆိုင်သောဘောဇဉ်ပူဇော်သက္ကာ၊ အပြစ်ဖြေရာယဇ်၊ ပုံမှန်မီးရှို့ရာယဇ်တို့နှင့်ဆိုင်သောသွန်းလောင်းရာပူဇော်သက္ကာတို့အပြင် ဆိတ်ထီးကလေးတစ်ကောင်ကိုလည်း အပြစ်ဖြေရာယဇ်အဖြစ် ပူဇော်ရမည်။
ပုံမှန်မီးရှို့ရာယဇ်၊ ထိုယဇ်အတွက် ဘောဇဉ်ပူဇော်သက္ကာနှင့် သွန်းလောင်းရာပူဇော်သက္ကာတို့အပြင် ဆိတ်ထီးကလေးတစ်ကောင်ကိုလည်း အပြစ်ဖြေရာယဇ်အဖြစ် ပူဇော်ရမည်။
လဆန်းတစ်ရက်နေ့၌ပူဇော်သော မီးရှို့ရာယဇ်နှင့် ထိုယဇ်အတွက် ဘောဇဉ်ပူဇော်သက္ကာ၊ ပုံမှန်မီးရှို့ရာယဇ်နှင့် ထိုယဇ်အတွက် ဘောဇဉ်ပူဇော်သက္ကာ၊ ထိုယဇ်တို့အတွက် သွန်းလောင်းရာပူဇော်သက္ကာများအပြင် ထာဝရဘုရားအဖို့ မွှေးကြိုင်သောရနံ့ဖြစ်သည့် မီးဖြင့်ပူဇော်သောယဇ်ကို စီရင်ထုံးဖွဲ့ချက်အတိုင်း ပူဇော်ရမည်။
နောက်တစ်နေ့၌ ယောဟန်သည် မိမိထံသို့ ယေရှုကြွလာတော်မူသည်ကိုမြင်လျှင် “ကြည့်လော့။ ဤလောက၏အပြစ်ကိုယူဆောင်သွားသော ဘုရားသခင်၏သိုးသငယ်တော်ပေတည်း။
၎င်းတို့ကို ထိုသို့ပြင်ဆင်ပြီးသောအခါ ယဇ်ပုရောဟိတ်တို့သည် တဲတော်ပထမအခန်းထဲသို့ အစဉ်ဝင်၍ ဝတ်ပြုခြင်းအမှုများကိုဆောင်ရွက်ကြ၏။
အသေသတ်ခြင်းခံရသည့် သိုးသငယ်တော်၏အသက်စာစောင်၌ ကမ္ဘာဦးမှစ၍ အမည်မရေးထားသော ကမ္ဘာမြေကြီးပေါ်တွင်နေထိုင်သူအားလုံးတို့သည် ထိုသားရဲကို ကိုးကွယ်ကြလိမ့်မည်။