ထာဝရဘုရား၏လူထုသည် သိုးထိန်းမရှိသောသိုးများကဲ့သို့မဖြစ်မည့်အကြောင်း ထိုသူသည် လူထုရှေ့၌ ထွက်ဝင်နိုင်သောသူ၊ ထိုသူတို့ကို လမ်းပြပို့ဆောင်ပေးနိုင်သောသူ ဖြစ်ပါစေသော”ဟု တောင်းလျှောက်လေ၏။
တိုက်ပွဲများ၌ဦးစီးနိုင်သူတစ်ဦးကိုခန့် ထားတော်မူပါ'' ဟုလျှောက်ထားလေ၏။
ယခင် အကျွန်ုပ်တို့ကို ရှောလုမင်းကြီးအုပ်စိုးစဉ်ကာလကပင် အရှင်သည် အစ္စရေးလူမျိုးကို ဦးဆောင်ဦးရွက်ပြုပေးခဲ့သူ ဖြစ်ပါ၏။ ထာဝရဘုရားကလည်း အရှင့်အား ‘သင်သည် ငါ့လူမျိုးတော်အစ္စရေးတို့ကို ကြည့်ရှုစောင်မရမည်၊ အစ္စရေးလူမျိုးတို့ကို အုပ်ချုပ်ရမည်’ဟူ၍ မိန့်ဆိုတော်မူခဲ့ပါပြီ”ဟု လျှောက်တင်ကြ၏။
ထိုအခါ မိက္ခာယက ရှင်ဘုရင်အား “အစ္စရေးလူမျိုးအပေါင်းတို့သည် သိုးထိန်းမရှိသောသိုးများကဲ့သို့ တောင်များပေါ်တွင် ကွဲလွင့်နေကြသည်ကို အကျွန်ုပ်တွေ့ပါ၏။ ထာဝရဘုရားကလည်း ‘ဤသူတို့၌ သခင်မရှိ။ သူတို့သည် ကိုယ့်အိမ်သို့အေးချမ်းစွာပြန်ကြပါစေ’ဟူ၍ မိန့်တော်မူပြီ”ဟု လျှောက်ပြန်၏။
အကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်သည် ကိုယ်တော့်အစေအပါးအား ခမည်းတော်ဒါဝိဒ်မင်းကြီး၏အရိုက်အရာကို ဆက်ခံစေပြီ။ အကျွန်ုပ်သည် ငယ်ရွယ်သေးသောကြောင့် မည်သို့သွားလာပြုမူရမည်ကို မသိသေးပါ။
သင်တို့တစ်ဦးချင်းစီသည် လက်နက်ကိုကိုင်ဆောင်ထားပြီး ရှင်ဘုရင်ကို ဝိုင်းရံထားရမည်။ စောင့်ကြပ်သောနေရာသို့ ရောက်လာသူတိုင်းကို သုတ်သင်ပစ်ရမည်။ ရှင်ဘုရင်သွားလာလေရာရာသို့ သင်တို့လိုက်ပါစောင့်ရှောက်ရမည်”ဟု မှာကြားလေ၏။
ဤများပြားလှသောကိုယ်တော်၏လူမျိုးတော်ကို မည်သူအုပ်ချုပ်နိုင်ပါမည်နည်း။ ထို့ကြောင့် ဤလူမျိုးတို့ကို ဦးဆောင်သွားလာလေရာရာတွင် လိုအပ်သောဉာဏ်ပညာ၊ အသိတရားများကို အကျွန်ုပ်အား ပေးတော်မူပါ”ဟု တောင်းလျှောက်၏။
သိုးထိန်းမရှိသောကြောင့် သိုးတို့ကွဲလွင့်ကုန်၏။ ကွဲလွင့်သွားသောသိုးတို့သည် သားရဲတိရစ္ဆာန်တို့၏အစာဖြစ်ရကုန်၏။
အကယ်စင်စစ် တေရပ်ရုပ်တုတို့သည် လှည့်စားသောစကားကိုဆို၏။ ဂမ္ဘီရပညာရှင်တို့လည်း မဟုတ်မမှန်သောနိမိတ်ကို မြင်ကြ၏။ အလိမ်အညာအိပ်မက်များကို မြင်မက်ပြီး အချည်းနှီးနှစ်သိမ့်ပေးတတ်၏။ ထို့ကြောင့် လူတို့သည် သိုးစုကဲ့သို့ လှည့်လည်သွားလာရကြ၏။ သိုးထိန်းမရှိသဖြင့် အနှိပ်စက်ခံရကြ၏။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “အို ဓား၊ ထလော့။ ငါ၏သိုးထိန်းကို တိုက်ခိုက်လော့။ ငါ၏အိမ်နီးချင်းကို တိုက်ခိုက်လော့။ သိုးထိန်းကိုရိုက်နှက်လော့။ ထိုအခါ သိုးတို့ ကွဲလွင့်သွားကြလိမ့်မည်။ ငါသည်လည်း သိုးငယ်များကို လက်ဖြင့်ရွယ်၍ တိုက်ခိုက်မည်”ဟု မိန့်တော်မူ၏။
အစ္စရေးအမျိုး၏ပျောက်ဆုံးသော သိုးများထံသို့သာ သွားကြလော့။
ကိုယ်တော်ကလည်း“ငါသည် အစ္စရေးအမျိုး၏ပျောက်ဆုံးသောသိုးများထံသို့သာ စေလွှတ်ခြင်းခံရ၏”ဟု ပြန်၍မိန့်တော်မူ၏။
ကိုယ်တော်သည် လူထုပရိသတ်တို့ကိုမြင်လျှင် သူတို့သည် သိုးထိန်းမရှိသောသိုးများကဲ့သို့ ပစ်ထားခြင်းခံရ၍ စိတ်ပင်ပန်းနွမ်းနယ်နေကြသောကြောင့် သူတို့အပေါ်ကြင်နာစိတ်ရှိတော်မူ၏။
ကိုယ်တော်သည်လှေပေါ်မှဆင်းသောအခါ များစွာသောလူထုပရိသတ်ကိုမြင်လျှင် သူတို့သည် သိုးထိန်းမရှိသောသိုးများကဲ့သို့ဖြစ်ကြသောကြောင့် သူတို့အပေါ်ကြင်နာစိတ်ရှိတော်မူ၍ များစွာသောအရာတို့ကိုသွန်သင်တော်မူ၏။
ငါသည် တံခါးပေါက်ဖြစ်၏။ မည်သူမဆို ငါ့အားဖြင့်ဝင်လျှင် ကယ်တင်ခြင်းခံရမည်။ ထိုသူသည် ဝင်ထွက်ကာ ကျက်စားရာကိုတွေ့ရလိမ့်မည်။
“ယနေ့ ငါသည် အသက်တစ်ရာ့နှစ်ဆယ်ရှိပြီ။ မသွားမလာနိုင်တော့ပါ။ ထာဝရဘုရားကလည်း ‘သင်သည် ဤဂျော်ဒန်မြစ်ကိုမကူးရ’ဟု ငါ့အားမိန့်တော်မူပြီ။
သင်တို့သည် လမ်းလွဲသောသိုးများကဲ့သို့ဖြစ်ကြ၏။ ယခုမူကား သိုးထိန်းဖြစ်တော်မူ၍ သင်တို့၏စိတ်ဝိညာဉ်ကိုကြီးကြပ်သူဖြစ်တော်မူသောအရှင်ထံသို့ ပြန်ရောက်ကြပြီ။
ထို့ကြောင့် ရှောလုမင်းကြီးသည် ဒါဝိဒ်ကို လူတစ်ထောင်အုပ်အဖြစ်ခန့်အပ်ပြီး အထံတော်မှရွှေ့ပြောင်းပစ်၏။ ဒါဝိဒ်သည်လည်း စစ်သည်တို့ကို ဦးဆောင်ရ၏။
သို့မှ အကျွန်ုပ်တို့သည်လည်း လူမျိုးခြားအပေါင်းတို့နှင့် တူလိမ့်မည်။ အကျွန်ုပ်တို့၏ရှင်ဘုရင်သည် အကျွန်ုပ်တို့ကို စီရင်အုပ်ချုပ်လိမ့်မည်။ အကျွန်ုပ်တို့ရှေ့မှချီတက်၍ စစ်တိုက်လိမ့်မည်”ဟု ဆိုကြ၏။