တောလည် 27:17 - Common Language Bible17 တိုက်ပွဲများ၌ဦးစီးနိုင်သူတစ်ဦးကိုခန့် ထားတော်မူပါ'' ဟုလျှောက်ထားလေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း17 ထာဝရဘုရား၏လူထုသည် သိုးထိန်းမရှိသောသိုးများကဲ့သို့မဖြစ်မည့်အကြောင်း ထိုသူသည် လူထုရှေ့၌ ထွက်ဝင်နိုင်သောသူ၊ ထိုသူတို့ကို လမ်းပြပို့ဆောင်ပေးနိုင်သောသူ ဖြစ်ပါစေသော”ဟု တောင်းလျှောက်လေ၏။ အခန်းကိုကြည့်ပါ။ |
ထိုအခါမိက္ခာက``ဣသရေလပြည်သူတို့ သည်သိုးထိန်းမဲ့သည့်သိုးများကဲ့သို့ တောင် ကုန်းများပေါ်တွင်ကွဲလွင့်လျက်နေသည်ကို ငါမြင်၏။ ထာဝရဘုရားက`ဤသူတို့မှာ ခေါင်းဆောင်မရှိ။ သူတို့အားမိမိတို့ရပ်ရွာ သို့ဧချမ်းစွာပြန်ခွင့်ပြုကြလော့' ဟုမိန့် တော်မူသည်'' ဟုဆင့်ဆိုလေ၏။
လူတို့သည်နတ်ရုပ်များ၊ ရုပ်တုများ၊ ဗေဒင် ဆရာများကိုမေးမြန်းစုံစမ်းကြ၏။ သို့ ရာတွင်သူတို့ရရှိသည့်အဖြေများမှာ အနက်အဋ္ဌိပ္ပါယ်ကင်းမဲ့သည့်မုသားစကား များဖြစ်၏။ အချို့သောသူတို့သည်အိပ်မက် များကိုအနက်ဖွင့်ကြ၏။ သို့ရာတွင်သူတို့ သည်သင်တို့အားလမ်းမှားသို့သာလျှင် ပို့ဆောင်ပေးတတ်၏။ သူတို့အထဲမှရရှိ သည့်နှစ်သိမ့်မှုမှာလည်းအချည်းနှီးသာ လျှင်ဖြစ်ပေသည်။ ထို့ကြောင့်လူတို့သည် လမ်းလွဲသည့်သိုးများကဲ့သို့လှည့်လည် သွားလာလျက်နေရကြ၏။ ဦးစီးခေါင်း ဆောင်မရှိသဖြင့် ဒုက္ခရောက်လျက်ရှိ ကြ၏။
ထိုအခါမိက္ခာက``ဣသရေလပြည်သူတို့သည် သိုးထိန်းမဲ့သည့်သိုးများကဲ့သို့တောင်ကုန်း များပေါ်တွင်ကွဲလွင့်လျက်နေသည်ကိုငါ မြင်၏။ ထာဝရဘုရားကလည်း`ဤသူတို့မှာ ခေါင်းဆောင်မရှိ။ သူတို့အားမိမိတို့ရပ်ရွာ သို့အေးချမ်းစွာပြန်ခွင့်ပြုလော့' ဟုမိန့် တော်မူပါသည်''ဟုဆို၏။
အတိတ်ကာလ၌ရှောလုဘုရင်ဖြစ်စဉ်အခါ ကအရှင်သည် ဣသရေလအမျိုးသားအပေါင်း တို့အားဦးစီးခေါင်းဆောင်ပြု၍စစ်ပွဲဝင်ခဲ့ ပါ၏။ ထာဝရဘုရားကလည်း`သင်သည်ငါ ၏လူမျိုးတော်ကိုခေါင်းဆောင်ရမည်။ သူတို့၏ ဘုရင်ဖြစ်ရမည်' ဟုအရှင့်အားမိန့်တော်မူ ခဲ့ပါ၏'' ဟုလျှောက်ကြ၏။-